ဥရောပ(၆)နိုင်ငံခရီးစဉ် (12Days)

ခရီးစဉ် အစအဆုံး - 12 Days

ဟိုတယ် - 9 Nights

6 Countries - Italy, Switzerland, Germany, Netherlands, Belgium, France

16 Cities - Rome, Vatican City, Pisa, Bologna, Venice Island, Milan, Engelberg, Lucerne, Schaffhausen, Frankfurt, Colonge, Amsterdam, Deng Haag, Zaanse Schans, Brussels, Paris

ဥရောပ(၆)နိုင်ငံခရီးစဉ် (12Days)

ခရီးစဉ်တွင် သွားရောက်လည်ပတ်ရမည့်နေရာများ

- ရောမမြို့အလယ်၌ တံတိုင်းကာ၍တည်ရှိသော ကမ္ဘာ့အသေးဆုံးနိုင်ငံဖြစ်သည့် Vatican City ရှိ ပုပ်ရဟန်းမင်းကြီး အဆက်ဆက်အသုံးအဆာင်ပစ္စည်းရှိရာ Vatican Museum သို့သွားရောက်ပါမည်

- ရောမမြို့၏ အထင်ကရနေရာများဖြစ်သော Colosseum, Roman Forum နှင့် Palatine Hills အစရှိသောနေရာများသို့သွားရောက်လေ့လာပါမည်

- အီတလီနိုင်ငံ ပီဇာမြို့ရှိ ကမ္ဘာကျော်ပြီး စောင်းနေသော Pisa မျှော်စင် Leaning Tower သို့ သွားရောက်လေ့လာပါမည်

- ပီဆာမြို့၏ ဥရောပအနုပညာဗိသုကာ လက်ရာမြောက်သော အဆောက်အဦးများဖြစ်ကြသော Pisa Cathedral နှင့် Pisa Baptistry သို့သွားရောက်လည်ပတ်ပါမည်

- အီတလီရဲ့အလှဆုံးမြို့ဖြစ်သလို ကမ္ဘာ့အလှဆုံးရေပေါ် မြို့ကလေးဖြစ်သော အချစ်မြို့တော်ဟုတင်စားခေါ်ဝေါ်ကြသော Venice မြို့သို့ သွားရောက်လည်ပတ်ပါမည်

- ဗင်းနစ်မြို့ ဆိပ်ကမ်း Trronchetto မှသီးသန့် Private Water Taxi စီး၍ လှပသောရှုခင်းများအားကြည့်ရင်း San Marco ဆိပ်ကမ်းသို့ သွားရောက်ပါမည်

- ဗင်းနစ်မြို့၏ နာမည်ကြီးပြီး လှပသောအနုပညာလက်ရာများရှိသည့် St. Marco ဘုရားကျောင်း နှင့် Bridge of Sighs တို့ကို Boat စီးရင်း ဗင်းနစ်မြို့အလှကိုခံစားကြပါမည်

- Shopping မြို့တော်ဟု နာမည်ကြီးသော မီလန်မြို့သို့ သွားရောက်လည်ပတ်ပါမည်

- မီလန်မြို့ရှိ ဥရောပရဲ့အများဆုံးရင်သပ်ရှုမောဖွယ်ရာ လှပသောဗိသုကာ လက်ရာဘုရားကျောင်းဖြစ်သာ Duomo Di Milano သို့ သွားရောက်ပါမည်

- ထင်ရှားကျော်ကြားသောနှစ်ပေါင်း ၂၄၀ ကျော်သက်တမ်းရှိ La Scala Opera ပြဇာတ်ရုံသို့သွားရောက်လည်ပတ်ပါမည်

- ဥရောပ Branded များစုံလင်စွာရရှိနိုင်သော Galleria Vittorio Emanuele II တွင် စိတ်ကြိုက် Shopping ထွက်ကြပါမည်

- အေးချမ်းသာယာလှသော တောင်တန်းများကြား၌တည်ရှိသော Engelberg မြို့ရှိ ပေပေါင်း ၁သောင်းကျော်အမြင့်ရှိသော Mt. Titlis ရေခဲတောင်သို့ သွားရောက်ပါမည်

- ရေခဲတောင်ပေါ်တွင် ရေခဲပြင်ကြီးများ၊ ရေခဲမြစ်များ၏ သဘာဝရှုခင်းများနှင့် အလှအပများကို Cable ကားဖြင့် ကြည့်ရှုခံစားကြပါမည်

- ဥရောပ၏အကြီးမားဆုံး ရေတံခွန် Rhine Falls တွင် Boat စီးပြီးလည်ပတ်ကြပါမည်

- ဥရောပရဲ့ဗဟိုဘဏ်ရှိရာအချက်အချာနေရာဖြစ်သလို ဒုတိယကမ္ဘာစစ် အတွင်းပျက်စီးပြီးနောက် ပြန်လည်တည်ဆောက်ထားသော Frankfurt မြို့သို့ သွားရောက်ပါမည်

- Frankfurt မြို့၏အထင်ကရနေရာများဖြစ်သော Romerberg Square, Old town hall နှင့် Medieval houses သို့ သွားရောက်လည်ပတ်ပါမည်

- Frankfurt မြို့မှ ဥရောပရဲ့ရှေးအကျဆုံးနှစ်ပေါင်း ၂၀၀၀ ကျော် သက်တမ်းရှိသော Cologne မြို့သို့ သွားရောက်ပါမည်

- ကမ္ဘာကျော်ဘုရားကျောင်းဖြစ်သော Gothic Cathedral နှင့် Romish Germanisches Museum တို့ကို သွားရောက်လည်ပတ်ပါမည်

- ဂျာမနီ၏ Shopping ထွက်ရန်အကောင်းဆုံးမြို့ဖြစ်တဲ့ Cologne မြို့အတွင်း Shopping ထွက်ကြပါမည်

- နယ်သာလန်နိုင်ငံ၏ မြို့တော် Amsterdam သို့ သွားရောက်ပါမည်

- Deng Haag မြို့ရှိ မြို့ငယ်လေးပုံစံ တည်ဆောက်ထားသော Madurodam သို့သွားရောက်လည်ပတ်ပါမည်

- ၁၉ရာစုခုနှစ်တွင် နယ်သာလန်၏ အဓိကစက်မှုဇုန်ဖြစ်ပြီး လေရဟတ်ကြိတ်စက်များ အသုံးပြုခဲ့သော အေးချမ်းသာယာလှသောရှုခင်းများနှင့် နယ်သာလန်၏ အမှတ်အသားလေရဟတ်များတည်ရှိသော Zaanse Schans ရွာလေးသို့ သွားရောက်လည်ပတ်ကြပါမည်

- Belgium နိုင်ငံ၏ မြို့တော် Brussels သို့ သွားရောက်ပါမည်

- Brussels တွင် ကမ္ဘာ့ကုန်စည်ပြပွဲများကျင်းပခဲ့ရာ နေရာဖြစ်ပြီး ယခုပြတိုက်အဖြစ်ပြသထားသော Atomium သို့သွားရောက်၍ အမှတ်တရဓာတ်ပုံများရိုက်ကူးကြပါမည်

- Brussels မြို့၏ နာမည်ကျော် Royal Palace သို့ သွားရောက်လည်ပတ်ပါမည်

- ကမ္ဘာကျော်သော အီဖယ်တာဝါရှိသော ပြင်သစ်နိုင်ငံ Paris မြို့သို့ သွားရောက်လည်ပတ်ပါမည်

- ပဲရစ်မြို့၏ လှပသောရှုခင်းများကို အပေါ်စီးမှ ကြည့်ရှုခံစားရမည့် ကမ္ဘာကျော် Eiffel Tower သို့ သွားရောက်လည်ပတ်ပါမည်

-ပြင်သစ်၏ နာမည်ကျော် Seine မြစ်အတွင်း ၁ နာရီတိတိ အပျော်စီးသင်္ဘောစီးကာ မြစ်ကမ်းတလျှောက် မြို့၏ အလှအပများကို ကြည့်ရှုခံစားကြပါမည်

-ပြင်သစ်နိုင်ငံ၏ အကြီးဆုံးနှင့် ကမ္ဘာကျော်ဘုရားရှိခိုးကျောင်းဖြစ်သော Notre Dame Cathedral သို့ သွားရောက်လည်ပတ်ကြပါမည်

- ပဲရစ်မြို့၏ အထင်ကရနေရာများဖြစ်သော Louvre Museum နှင့် Arcde Triomphe တို့ိကို လည်ပတ်ပြီး Champs Elysees တွင် Shopping ထွက်ကြပါမည်

ခရီးစဉ်အတွင်း ပါဝင်သော ဝန်ဆောင်မှုများ

• 5 Star အဆင့်ရှိသော အသွားအပြန်လေယာဉ်လက်မှတ်
• ခရီးစဉ်အတွင်းဖော်ပြထားသည့်နေရာများသို့ Fully Aircon Car ဖြင့် အကြိုအပို့ နှင့် လေဆိပ်အကြိုအပို့များ
• Breakfast ကို နေ့တိုင်း Hotel တွင်ဧည့်ခံကျွေးမွေးခြင်း
• နေ့လည်စာနှင့် ညနေစာ ကို Hotel နှင့် Local Restaurant တွင်ဧည့်ခံကျွေးမွေးခြင်း
• ၂ ယောက်တစ်ခန်းနှုန်းဖြင့် ကြယ်လေးပွင့်အဆင့်မြင့်ဟိုတယ်တွင် ၁၁ ညတာတည်းခိုခြင်း
• Buffet၊အရှေ့တိုင်းနှင့်အနောက်တိုင်းအစားအစာပါဝင်သော မနက်စာ၊နေ့လည်စာ၊ညစာများ
• ခရီးစဉ်တွင် ဖော်ပြထားသော ဝင်ကြေးများနှင့် လည်ပတ်မှုအတွက် ကုန်ကျစရိတ်များ (All Entrance Fees)
• ခရီးစဉ်ကို ဇိမ်ရှိရှိဖြင့် အေးဆေးစွာ အနားယူ အပန်းဖြေနိုင်ရန် ဦးတည်၍ စီစဉ်ထားပေးသောကြောင့် ခရီးသည်များ အနေဖြင့် စိတ်ချမ်းသာပြီး၊ အဆင့်အတန်း မြင့်မြင့် ၊ သက်တောင့်သက်သာ လည်ပတ်နိုင်ခြင်း
• Shopping နှစ်သက်သူများအတွက်လည်း ဥရောပ Branded များ ဝယ်ယူနိုင်ရန် Free Time ဈေးဝယ်ချိန်များ ထည့်သွင်း ထားပေးခြင်း
• မိသားစုဝင်ကဲ့သို့ နွေးထွေးပျူငှာစွာဆက်ဆံသော Tour Leader တစ်ဦး

ခရီးစဉ်အတွင်း မပါဝင်သော ဝန်ဆောင်မှုများ

• ဥရောပ ဗီဇာကြေး (သရုံးတွင် မိမိကိုယ်တိုင်ပေးဆောင်ရန်)
• နိုတြီ ဘာသာပြန်များ
• ကျမ်းမာရေးနှင့် အသက်အာမခံ ဝယ်ယူစရိတ်များ
• ဟိုတယ်နှင့် စားသောက်ဆိုင်အတွင်း အပိုသုံးစွဲသော အအေး၊ရေသန့် နှင့် အဖျော်ယမကာများ
• ခရီးစဉ်အတွင်း မဖော်ပြထားသောအရာများ

ခရီးစဉ်

DAY 1 DEPART YANGON 

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် Asian Tour ခရီးသွားခေါင်းဆောင်မှ ဧည့်သည်တော်ကြီးများအား စောင့်ကြိုနေမည်ဖြစ်ပြီး အီတလီနိုင်ငံ ရောမမြို့ Fiumicino လေဆိပ်သို့ ကြယ်ငါးပွင့်အဆင့်ရှိသော Emirates Airline သို့မဟုတ် Qatar Airline နှင့် ဒူဘိုင်း သို့မဟုတ် ကာတာ Transit ဖြင့်ထွက်ခွာမည်ဖြစ်ပါသည်။ 

DAY 2 ARRIVE ROME AND VISIT INCLUDING VATICAN CITY 

ရောမမြို့ Fiumicino လေဆိပ် သို့အရောက်တွင် ဒေသခံ Tour Guide မှ လာရောက်ကြိုဆိုပါမည်။ ထို့နောက် ရှေးဟောင်းအငွေ့အသက်တို့ဖြင့်ထင်ဟနေသော ရောမမြို့ထဲသို့လည် ပတ်မည်ဖြစ်ပါသည်။ ရောမမြို့အလယ်၌ တံတိုင်းကာ၍တည်ရှိသော ကမ္ဘာ့အသေးဆုံးနိုင်ငံဖြစ်သည့် Vatican City ရှိ ပုပ်ရဟန်းမင်းကြီး အဆက်ဆက်အသုံးအဆာင်ပစ္စည်းရှိရာ Vatican Museum သို့သွားရောက်ပါမည်။ နေ့လည်စာကို Local Restaurant တွင် ဥရောပအစားအစာဖြင့် သုံးဆောင်ပါမည်။ ရောမမြို့၏ အထင်ကရနေရာ များဖြစ်သော Colosseum, Roman Forum နှင့် Palatine Hills အစရှိသောနေရာများသို့သွားရောက်လေ့လာပါမည်။ ညနေစာကို Local Restaurant တွင်သုံးဆောင်ပြီးလျှင် ရောမမြို့ရှိဟိုတယ်တွင် အေးချမ်းစွာအိပ်စက်အနားယူပါမည်။

DAY 3 ROME – PISA – BOLOGNA

ရောမမြို့ရှိ ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် အီတလီနိုင်ငံ၏ကမ္ဘာကျော် Pisa မျှော်စင်ရှိရာ ပီဇာမြို့ သို့သွားရောက်ပါမည်။ ထို့နောက် စောင်းနေသော Leaning Tower ပီဆာမျှော်စင်ရှေ့တွင်အမှတ်တရ ဓာတ်ပုံများ ရိုက်ကြပါမည်။ နေ့လည်စာကို Local Restaurant တွင်သုံးဆောင်ကြပါမည်။ ပီဆာမြို့၏ ဥရောပအနုပညာဗိသုကာ လက်ရာမြောက်သော အဆောက်အဦးများဖြစ်ကြသော Pisa Cathedral နှင့် Pisa Baptistry သို့သွားရောက်လည်ပတ် ကြပါမည်။ Bologna မြို့သို့ဆက်လက်သွားရောက်ပြီးလျှင် ညနေစာကို Local Restaurant တွင်သုံးဆောင်ကြပြီး ဟိုတယ် Check In ဝင်၍ တစ်ညတာ အိပ်စက်အနားယူကြပါမည်။

DAY 4 BOLOGNA – VENICE ISLAND – MILAN

Bologna မြို့ရှိ ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် အီတလီရဲ့အလှဆုံးမြို့ဖြစ်သလို ကမ္ဘာ့ အလှဆုံးရေပေါ် မြို့ကလေးဖြစ်သော အချစ်မြို့တော်ဟုတင်စားခေါ်ဝေါ်ကြသော Venice မြို့သို့ သွားရောက်လည်ပတ်ပါမည်။ ဗီးနစ်မြို့ ဆိပ်ကမ်း Trronchetto မှသီးသန့် Private Water Taxi စီး၍ လှပသောရှုခင်းများအားကြည့်ရင်း San Marco ဆိပ်ကမ်းသို့ ရောက်ရှိပါမည်။ ထို့နောက် ဗင်းနစ်မြို့၏နာမည်ကြီးပြီး လှပသောအနုပညာလက်ရာများရှိသည့် St. Marco ဘုရားကျောင်း နှင့် Bridge of Sighs တို့ကို Boat စီးရင်း ဗင်းနစ်မြို့အလှကိုခံစားကြပါမည်။ ဗင်းနစ်မြို့ရှိစားသောက်ဆိုင်တွင် နေ့လည်စာ သုံးဆောင်ကြပါမည်။ ထို့နောက် မီလန်မြို့သို့ဆက်လက်ထွက်ခွာပြီး ညနေစာသုံးဆောင်ပြီးနောက် ဟိုတယ်တွင် Check In ဝင်၍ အေးချမ်းစွာ အိပ်စက်အနားယူပါမည်။

DAY 5 MILAN

မီလန်မြို့ရှိဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် ဥရောပရဲ့အများဆုံးရင်သပ်ရှုမောဖွယ်ရာ လှပသောဗိသုကာ လက်ရာဘုရားကျောင်းဖြစ်သာ Duomo Di Milano သို့သွားရောက်၍ အမှတ်တရဓာတ်ပုံများရိုက်ကြပါမည်။ ထို့နောက် ထင်ရှားကျော်ကြားသောနှစ်ပေါင်း ၂၄၀ ကျော်သက်တမ်းရှိ La Scala Opera ပြဇာတ်ရုံသို့သွားရောက်လည်ပတ်ပါမည်။ နေ့လည်စာကို Local Restaurant တွင်သုံးဆောင်ကြပါမည်။ ထို့နောက် ဥရောပ Branded များစုံလင်စွာရရှိနိုင်သော Galleria Vittorio Emanuele II တွင် စိတ်ကြိုက် Shopping ထွက်ကြပါမည်။ ညနေစာသုံးဆောင်ပြီးနောက် မီလန်မြို့ရှိ ဟိုတယ်တွင် အေးချမ်းစွာအိပ်စက်အနားယူပါမည်။

DAY 6 MILAN – ENGELBERG – LUCERNE

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် အေးချမ်းသာယာလှသောတောင်တန်းများကြား၌တည်ရှိသော Engelberg မြို့လေးသို့ထွက်ခွာပါမည်။ Engelberg မြို့မှတစ်ဆင့် ပေပေါင်း ၁သောင်းကျော်အမြင့်ရှိသော Mt. Titlis ရေခဲတောင်သို့သွားရောက်ပါမည်။ ရေခဲတောင်ပေါ်သို့ရောက်ရှိလျှင် ရေခဲပြင်ကြီးများ၊ရေခဲမြစ်များ၏ သဘာဝရှုခင်းများနှင့် အလှအပများကို Cable ကားဖြင့် ရှုမြော်ခံစားကြပါမည်။ နေ့လည်စာကို Mt. Titlis ရေခဲတောင်ပေါ်ရှိစားသောက်ဆိုင်တွင် မှန်ပြတင်းပေါက်ကြား မှရေခဲတောင်ရှုခင်းများခံစားရင်း သုံးဆောင်ကြပါမည်။ ထို့နောက် Switzerland နိုင်ငံ၏အသည်းနှလုံး မြို့တော်ဟုတင်စားခေါ်ဝေါ်သော Lucerne မြို့သို့သွားရောက်ပါမည်။ Lucerne မြို့၏ Local Restaurant တွင်ညနေစာ သုံးဆောင်ပြီးနောက် ဟိုတယ်တယ်တွင် Check In ဝင်ကာတစ်ညတာအိပ်စက်အနားယူပါမည်။

DAY 7 LUCERNE – SCHAFFHAUSEN – FRANKFURT

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် Lucerne မြို့မှ Schaffhausen မြို့အနီးရှိ ဥရောပ၏အကြီးမားဆုံး ရေတံခွန် Rhine Falls တွင် Boat စီးပြီးလည်ပတ်ကြပါမည်။ Schaffhausen မြို့မှတစ်ဆင့် အလယ်ပိုင်းဂျာမနီမြို့Frankfurt မြို့သို့ ထွက်ခွာကြပါမည်။ Frankfurt မြို့သည် ဥရောပရဲ့ဗဟိုဘဏ်ရှိရာအချက်အချာနေရာဖြစ်သလို ဒုတိယကမ္ဘာစစ် အတွင်းပျက်စီးပြီးနောက် ပြန်လည်တည်ဆောက်ထားသောမြို့ ဖြစ်ပါသည်။ နေ့လည်စာကို Frankfurt မြို့၏ Local Restaurant တွင်သုံးဆောင်ကြပါမည်။ ထို့နောက် Frankfurt မြို့၏အထင်ကရနေရာများဖြစ်သော Romerberg Square, Old town hall နှင့် Medieval houses သို့သွားရောက်လည်ပတ်ပါမည်။ ညနေစာကို Local Restaurant သုံးဆောင်ပြီးနောက် Frankfurt မြို့ရှိဟိုတယ်တယ်တွင် Check In ဝင်ကာ အေးချမ်းစွာအိပ်စက်အနားယူပါမည်။

DAY 8 FRANKFURT – COLOGNE – AMSTERDAM

ဟိုတယ်တွင်မနက်စာသုံးဆောင်ပြီးနောက် Frankfurt မြို့မှ ဥရောပရဲ့ရှေးအကျဆုံးနှစ်ပေါင်း ၂၀၀၀ ကျော် သက်တမ်းရှိသော Cologne မြို့ သို့သွားရောက်ပါမည်။ ထို့နောက် ကမ္ဘာကျော်ဘုရားကျောင်းဖြစ်သော Gothic Cathedral နှင့် Romish Germanisches Museum တို့ကိုသွားရောက်လည်ပတ်ပါမည်။ နေ့လည်စာကို Local Restaurant တွင် သုံးဆောင်ပြီး ဂျာမနီ၏ Shopping ထွက်ရန်အကောင်းဆုံးမြို့ဖြစ်တဲ့ Cologne မြို့အတွင်း Shopping ထွက်ကြပါမည်။ ထို့နောက် Cologne မြို့မှ နယ်သာလန်နိုင်ငံ၏မြို့တော် Amsterdam သို့ထွက်ခွာပါမည်။ ညနေစာကို Amsterdam မြို့တွင် သုံးဆောင်ပြီး ဟိုတယ်တွင် Check In ဝင်ကာ တစ်ညတာအိပ်စက်အနားယူပါမည်။

DAY 9 AMSTERDAM – DENG HAAG – ZAANSE SCHANS – AMSTERDAM

Amsterdam မြို့ရှိဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် Deng Haag မြို့သို့သွားရောက်ပြီး မြို့ငယ်လေးပုံစံ တည်ဆောက်ထားသော Madurodam သို့သွားရောက်လည်ပတ်ပါမည်။ နေ့လည်စာကို Local Restaurant တွင်သုံးဆောင်
ပြီးနောက် ၁၉ရာစုခုနှစ်တွင် နယ်သာလန်၏ အဓိကစက်မှုဇုန်ဖြစ်ပြီး လေရဟတ်ကြိတ်စက်များ အသုံးပြုခဲ့သော အေးချမ်းသာယာလှသောရှုခင်းများနှင့် နယ်သာလန်၏ အမှတ်အသားလေရဟတ်များတည်ရှိတဲ့ Zaanse Schans ရွာလေးသို့သွား ရောက်လည်ပတ်ကြပါမည်။ ညနေစာကို Local Restaurant တွင်သုံးဆောင်ပြီး Amsterdam မြို့ရှိ ဟိုတယ်တွင် အေးချမ်းစွာအိပ်စက်အနားယူပါမည်။

DAY 10 AMSTERDAM – BRUSSELS – PARIS

ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးနောက် Antwerp မြို့ကိုဖြတ်၍ Belgium နိုင်ငံ၏မြို့တော် Brussels သို့သွား ရောက်ပါမည်။ Brussels တွင် ကမ္ဘာ့ကုန်စည်ပြပွဲများကျင်းပခဲ့ရာ နေရာဖြစ်ပြီး ယခုပြတိုက်အဖြစ်ပြသထားသော Atomium သို့သွားရောက်၍ အမှတ်တရဓာတ်ပုံများရိုက်ကူးကြပါမည်။ နေ့လည်စာကို Brussels မြို့ရှိစားသောက်ဆိုင်တွင် သုံးဆောင် ကြပါမည်။ ထို့နောက် Brussels မြို့၏နာမည်ကျော် Royal Palace သို့သွားရောက်လည်ပတ်ပြီး အမှတ်တရဓာတ်ပုံများ ရိုက်ကူးကြပါမည်။ ထို့နောက် ပြင်သစ်နိုင်ငံ Paris မြို့သို့ဆက်လက်ထွက်ခွာပါမည်။ ညနေစာကို ပဲရစ်မြို့ရှိ စားသောက်ဆိုင် တွင်သုံးဆောင်ပြီး ဟိုတယ်တွင် Check In ဝင်ကာငြိမ်းချမ်းစွာ အိပ်စက်အနားယူပါမည်။

DAY 11 PARIS VISIT AND DEPART

ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးနောက် ကမ္ဘာကျော် Eiffel Tower ဒုတိယထပ်သို့တက်ရောက်ပြီး ပဲရစ်မြို့၏ လှပသောရှုခင်းများကို အပေါ်စီးမှကြည့်ရှုခံစားပြီး အမှတ်တရဓာတ်ပုံများရိုက်ကူးကြပါမည်။ ဆက်လက်ပြီး ပြင်သစ်၏ နာမည်ကျော် Seine မြစ်အတွင်း ၁ နာရီတိတိ အပျော်စီးသင်္ဘောစီးကာ မြစ်ကမ်းတလျှောက်မြို့၏အလှများကို ကြည့်ရှုခံစား ကြပါမည်။ နေ့လည်စာကို ပဲရစ်မြို့၏စားသောက်ဆိုင်တွင်သုံးဆောင်ကြပါမည်။ ထို့နောက် ပြင်သစ်နိုင်ငံ၏ အကြီးဆုံးနှင့် ကမ္ဘာကျော်ဘုရားရှိခိုးကျောင်းဖြစ်သော Notre Dame Cathedral သို့သွားရောက်လည်ပတ်ကြပါမည်။ ထို့ နောက် Paris ၏အထင်ကရနေရာများဖြစ်သော Louvre Museum နှင့် Arc de Triomphe တို့ိကိုလည်ပတ်ပြီး Champs-Élysées တွင် Shopping ထွက်ကြပါမည်။ ညနေစာကို Local Restaurant တွင်သုံးဆောင်ပြီး နောက် Paris မြို့ Charles De Gaulle လေဆိပ်မှထွက်ခွာ ကြပါမည်။

DAY 12 ARRIVE YANGON

ခရီးစဉ် ပြီးဆုံးပြီး ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အေးချမ်းပျော်ရွှင်စွာ ပြန်လည်ရောက်ရှိ မည်ဖြစ်ပါ သည်။

                                                                           END OF SERVICE

*Note: All admissions are subject to opening hours and non-refundable.