Bhutan ခရီးစဉ် (7Day /6Night)

ခရီးစဥ်

DAY 1    YANGON -  KOLKATA   (D)

Asian Tour ခရီးသွားခေါင်းဆောင်မှ ဧည့်သည်တော်ကြီးများအား ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် စောင့်ကြိုနေမည်ဖြစ်ပါသည်။ Yangon မင်္ဂလာဒုံလေဆိပ်မှ Kolkata မြို့သို့ Indigo Airline ဖြင့် ထွက်ခွာပြီး Netaji Subhas Chandra Bose အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိပါမည်။ ညစာ ကို Kolkata မြို့ရှိ Local Restaurant တွင် သုံးဆောင်ပြီး Hotel သို့ Check- In ဝင်ကာ အိပ်စက်အနားယူ မည်ဖြစ်သည်။

DAY 2 KOLKATA – PARO - THIMPHU (B/L/D)

နံနက်စာကို Hotel တွင် သုံးဆောင်ပြီး Kolkata လေဆိပ်မှထွက်ခွာပြီး Paro မြို့သို့ Drukair Airline ဖြင့် ထွက်ခွာပြီး Paro အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိပါမည်။ နေ့လည်စာကို ဘူတန်မြို့ရှိ Local Restaurant တွင် သုံးဆောင်ပြီး သင်းဖူမြို့တော်သို့ ဆက်လက်ထွက်ခွာပါမည်။ သင်းဖူမြို့၏ ခံတပ်အဖြစ် အထင်ရှားဆုံး ဘုရား ကျောင်းတစ်ခုဖြစ်သည့် Tashichho Dzong ဘုန်းကြီးကျောင်းသို့ ဝင်ရောက်လည်ပတ်ပါမည်။ ထို့နောက် ဘူတန်နိုင်ငံ၏ တတိယမြောက် မင်းဘုရင်တည်ထားခဲ့သော သင်းဖူမြို့ ၏ အထင်ရှားဆုံးတန်ခိုးစေတီဖြစ်သော Memorial Chorthen Stupa သို့ သွားရောက်လည်ပတ်ဖူးမျှော်ကာ ညစာကို Local Restaurant တွင်သုံးဆောင်ပါမည်။ ထို့နောက် Hotel သို့ Check-In ဝင်ကာ အေးချမ်းစွာ အိပ်စက်အနားယူပါမည်။

DAY 3 THIMPHU - PARO (B/L/D)

နံနက်စာကို Hotel တွင်သုံးဆောင်ပြီး သင်းဖူမြို့၏ နာမည်ကြီးထင်ရှားသော Sangaygang View Point သို့သွားရောက်လည်ပတ်ပါမည်။ ထို့နောက် National Animal Reasearch Center ဖြစ်သော Motithang Mini Zoo သို့သွားရောက်လည်ပတ်ကာ ဘူတန်နိုင်ငံ၏ National Animal ဖြစ်သော သားမင်း များကို သွားရောက်ကြည့်ရှု လေ့လာပါမည်။ နေ့လည်စာကို Local Restaurant တွင်သုံးဆောင်ကာ သင်းဖူမြို့၏အလှကို ကြည့်ရှုနိုင်သည့် Buddha Point ဟုခေါ်သော် Kuensel Phodrang ဘုရားဆင်းတုတော်ကြီးရှိရာ View Point သို့သွားရောက်လည်ပတ်ဖူးမျှော်ပါမည်။ ထို့နောက် Dochula Pass သို့သွားရောက်လည်ပတ်ကြည့်ရှုပါမည်။ ထို့နောက် ပါရိုမြို့ သို့ဆက်လက်ထွက်ခွာကာ ညစာကို Local Restaurant တွင် သုံးဆောင်ပြီး Hotel တွင် အေးချမ်းစွာ အိပ်စက်အနားယူပါမည်။

DAY 4 PARO - PHUENTSHOLING (B/L/D)

Hotel တွင် နံနက်စာသုံးဆောင်ပြီး သင်းဖူမြို့နာမည်ကျော်ဆုတောင်းပြည့်ဟုထင်ရှားပြီး လှပသောတောင် စောင်းပေါ်တွင်ရှိသော Taktsang Monastery View Point (သို့) Tiger Nest သို့သွားရောက်လည်ပတ်ကြမည်။ နေ့လည်စာသုံးဆောင်ပြီး တောင်ပေါ်တွင် တိဘက်ဘုရင် Songtsen Gembo မှတည်ထားခဲ့သော Kyichu Ihakhang ဘုန်းကြီးကျောင်းသို့ သွားရောက်လည်ပတ်ပါမည်။ ထို့နောက် Hustling သို့ဆက်လက်ထွက်ခွာကာ ညစာကို Local Restaurant တွင် သုံးဆောင်ပြီး Hotel သို့ Check-In ဝင်ကာ အေးချမ်းစွာ အိပ်စက်အနားယူပါမည်။

 

DAY 5 PHUENTSHOLING - DARJEELING (B/L/D)

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီး Hotel မှ Check-Out ထွက်ပါမည်။ နေ့လည်စာကို Local Restaurant တွင်သုံးဆောင်ပြီး Padmaja Naidu Himalayan Zoological Park သို့သွားရောက်လည်ပတ်ပါမည်။ ထို့နောက် Local Market သို့ သွားရောက်လည်ပတ်ပြီး စိတ်ကြိုက်ဈေးဝယ်ထွက်ပါမည်။ ညစာကို Local Restaurant တွင် သုံးဆောင်ပြီး Hotel တွင်CheckIn ဝင်ကာ အေးချမ်းစွာ အိပ်စက်အနားယူပါမည်။

 

DAY 6 DARJEELING - SILIGURI (B/L/D)

နံနက်စောစောထရောက်ကာ ဟိမဝန္တာတောင်တန်းတွေ၏ အလှဆုံး ရှုခင်းဖြစ်သော Kanchenjunga Peak တောင်၏ လှပသော နေထွက်ချိန်အလှကို ကြည့်ရှုနိုင်မည့် ဒါဂျီလင်မြို့၏ Tiger Hill သို့သွားရောက်လည်ပတ်ပါမည်။ အိန္ဒိယလူမျိုးတို့၏ အထွတ်အမြတ်တန်ဖိုးထားရာ ရှေးဟောင်းလက်ရာအမွေအနှစ်များနှင့် Ghoom Monastery သို့သွားရောက်လည်ပတ်ကာ နံနက်စာကို Hotel သို့ပြန်ကာသုံးဆောင်ပါမည်။ ထို့နောက် နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိသော ဒါဂျီလင် - ဟိမဝန္တာ ရထားဖြင့် အလွန်လှပသော သဘာဝရှုခင်းများကို ကြည့်ရှုခံစားပါမည်။ ပန်းချီကားတစ်ချပ်သဖွယ်လှပသော မြူနှင်းများကြားမှ လက်ဖက်စိုက်ခင်းများကို သွားရောက်လည်ပတ်ကာ ရင်သတ်ရှုမောဖွယ်ရာရှုခင်းများဖြင့် အမှတ်တရ ဓာတ်ပုံများရိုက်ကူးကြပါမည်။ ထို့နောက် ဆီလီဂူရီသို့ ဆက်လက်ထွက်ခွာပါမည်။ ညစာကို Local Restaurant တွင်သုံးဆောင်ကာ Hotel သို့ Check-In ဝင်ကာ အေးချမ်းစွာ အိပ်စက်အနားယူပါမည်။

DAY 7 SILIGURI – KOLKATA - YANGON (B/L/D)

Hotel တွင် နံနက်စာ သုံးဆောင်ကာ Bagdogra လေဆိပ်မှ Kolkata လေဆိပ်သို့ ထွက်ခွာပြီး Kolkata လေဆိပ်မှ Yangon International Airport သို့ စိတ်အေးချမ်းစွာ ပြန်လည်ရောက်ရှိပါမည်။

ခရီးစဉ် ပြီး ဆုံးပါပြီခင်ဗျာ

ခရီးစဉ်အတွင်းပါဝင်သောဝန်ဆောင်မှုများ

  • အသွားအပြန် လေယာဉ်လက်မှတ်
  • 3 star Hotel
  • ဘူဖေး၊ အရှေ့တိုင်း နှင့် အနောက်တိုင်း အစားအစာများ ပါဝင်သော နံနက်စာ၊နေ့လည်စာ၊ညနေစာများ
  • Air con car
  • မိသားစုဝင်ကဲ့သို့ နွေးထွေးပျူငှာစွာဆက်ဆံသော Tour Leader တစ်ဦး
  • English Tour Guide
  • ခရီးစဉ်တွင် ပါဝင်သော လည်ပတ်မည့်နေရာများ၏ ဝင်ကြေး
  • နေ့စဉ် ရေသန့်တစ်ဗူးနှင့် Snow Tower

ခရီးစဉ်အတွင်းမပါဝင်သောဝန်ဆောင်မှုများ

  • လေယာဉ်အတွက် ဝန်ပိုသယ်ဆောင်ခ
  • အထက်ပါ ခရီးစဉ်တွင် မဖော်ပြထားသော လည်ပတ်မှုနေရာများ
  • ဟိုတယ်တွင် ကိုယ်ပိုင်အသုံးစရိတ်ဖြစ်သော Laundry Charges , Room Services, Phone bill စသည့် ဝန်ဆောင်မှုများ