Bangkok & Pattaya ခရီးစဉ် (4Days / 3Nights)

ခရီးစဉ်တွင် လည်ပတ်ရမည့်နေရာများ


- ထိုင်းလူမျိုးတို့ အထွတ်အမြတ်ထားရာ အသည်းနှလုံးဖြစ်သည့် Grand Palace

- ထိုင်း ၊ မြန်မာတို့သာမက နိုင်ငံခြားသားများပါ ယုံယုံကြည်ကြည်ကိုးကွယ်ကြသော မြန်မာပြည်ဘက်ကို မျက်နှာတော်မူထားသည့် တန်ခိုးကြီးဆုတောင်းပြည့်မြဘုရား

- ဂန္တဝင်ဆန်ဆန်လှပကာဓါတ်ပုံရိုက်ရန် အကောင်းဆုံးနေရာလေးတစ်ခုဖြစ်သော Silver Lake တွင် Selfie ပုံလှလှလေးတွေရိုက်ကူးခြင်း

- ထိုင်းဘုရင်ဘူမိဘောအား အမှူးထားပြီး ကျောက်နံရံပေါ်တွင် တည်ထားကိုးကွယ်ထားသည့် Laser Buddha

- ပတ္တရားမြို့ရှိထင်ရှားကျော်ကြားလှသော Nong Nooch Garden

- မိန်းကလေးတွေထက်လှပလွန်းသည့် Lady Boy show တစ်ခု ဖြစ်သော Alcazar Show ကို ကြည့်ရှုခြင်း

- ရေပြာပြာငွေသောင်ယံတွင် ဆော့ကစားရင်း ရေကူးကြနိုင်မည့် Coral Islands

- စိတ်လှုပ်ရှားစရာကစားနည်းများ စုဝေးရာ Dream World မှာ သွားရောက် ဆော့ကစားကြမည်

- ပတ္တရားရှိ ထိပ်တန်းစားရင်းဝင် A One Restaurant တွင် International Buffet ဖြင့် နေ့လည်စာ သုံးဆောင်ခြင်း

- Baiyoke Sky တွင် Bangkok မြို့ ရှု့ခင်းကိုခံစားရင်း International Buffet ဖြင့် ညစာသုံးဆောင်မည် ဒါ့အပြင် ကျောက်ဖရားမြစ်တွင်လည်း Cruise စီးရင်း ညစာစားခြင်း

- Shopping အတွက်ကလည်း ပစ္စည်းအမျိုးအစားစုံစုံလင်လင်ရနိုင်သည့် MBK Shopping Mall , Paratunam Night Market , ခုလက်ရှိ Hit ဖြစ်လွန်းသည့် Asiatique Mall တို့ကို ပို့ဆောင်ပေးမှာဖြစ်သောကြောင့် စိတ်ကြိုက်Shopping ထွက်နိုင်မည့် ခရီးစဉ်လေးဖြစ်ပါသည်

ခရီးစဉ်အတွင်းပါဝင်သောဝန်ဆောင်မှုများ

  • Yangon – Bangkok - Yangon အသွားအပြန် လေယာဉ်လက်မှတ်
  • 3 Star Hotel
  • ဘူဖေး၊အရှေ့တိုင်း နှင့် အနောက်တိုင်း အစားအစာများပါဝင်သော နံနက်စာ၊နေ့လည်စာ၊ညနေစာများ
  • လည်ပတ်ရမယ့် Fully Air Con Car
  • မိသားစုဝင်ကဲ့သို့ နွေးထွေးပျူငှာစွာဆက်ဆံသော Tour Leader တစ်ဦး
  • ဒေသခံ Local Tour Guide
  • ခရီးစဉ်တွင် ဖော်ပြထားသောနေရာများ၏ ဝင်ကြေးများ
  • နေ့စဉ် ရေသန့်တစ်ဗူးနှင့် Snow Tower ပေးခြင်း

ခရီးစဉ်အတွင်းမပါဝင်သောဝန်ဆောင်မှုများ

  • လေယာဉ်အတွက် ဝန်ပိုသယ်ဆောင်ခ
  • အထက်ပါ ခရီးစဉ်တွင် မဖော်ပြထားသော လည်ပတ်မှုနေရာများ
  • ဟိုတယ်တွင် ကိုယ်ပိုင်အသုံးစရိတ်ဖြစ်သော Laundry Charges, Room Services, Phone bill စသည့် ဝန်ဆောင်မှုများ
  • ရေပေါ်ကစားနည်းများ ကစားခြင်းအတွက် Charges
  • Guide နှင့် Driver အတွက် Tips money

ခရီးစဥ်

DAY 1 YANGON – BANGKOK – PATTAYA
Asian Tour ခရီးသွားခေါင်းဆောင်မှဧည့်သည်တော်ကြီးများအား ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင်စောင့် ကြိုနေမည်ဖြစ်ပါသည်။ ထို့နောက် ရန်ကုန် မှ ဘန်ကောက်လေဆိပ်သို့ နံနက် ၁၀း၂၀ တွင်ရောက်ရှိကာ Local Guide နှင့်တွေ့ ဆုံပြီးပတ္တရား သို့ ဆက်လက်ထွက်ခွာပါမည်။ နေ့လည်စာကို Local Restaurant တွင်သုံးဆောင်ကြမည်ဖြစ်ပါသည်။ ထိုနောက် ဂန္တဝင်ဆန်ဆန်လှပကာဓါတ်ပုံရိုက်လို့ အကောင်းဆုံး နေရာလေးတစ်ခုလည်းဖြစ်ပြီးလှပသောပန်းစိုက်ခင်းများ၊ စပျစ်စိုက်ခင်း များရှိသည့်အပြင် စပျစ်ဝိုင် ထုတ်လုပ်သည့် နေရာလေးတစ်ခုဖြစ်သာ Silver Lake ၊ ထိုင်းဘုရင် ဘူမိဘောအား အမှူးထား၍ ကျောက်နံရံပေါ်တွင် တည်ထားကိုးကွယ်ထားသော Laser Buddha ၊ ပတ္တရားမြို့ရှိထင်ရှားကျော်ကြားလှသော Noong Nooch Garden တို့ကိုသွားရောက်လည်ပတ်မည်။ ညစာကို Local Restaurant တွင်သုံးဆောင်ပြှီး လူကြိုက်အများဆုံး Lady Boy show တစ်ခု ဖြစ်သည့် Alcazar Show သို့ သွားရောက်ကြည့်ရှု့မည်။ ထို့နောက် Hotel တွင် Check In ဝင်၍ အေးချမ်းစွာ အိပ်စက် အနားယူတည်းခိုမည်ဖြစ်ပါသည်။


DAY 2 PATTAYA – CORAL ISLAND - BANGKOK
နံနက်စာ ကို Hotel တွင် သုံးဆောင်ပြီး Coral ကျွန်းသို့ သွားရောက်လည်ပတ်မည်။ ကမ်းခြေရှိရေကစား နည်းများကိုလည်း မိမိ အစီအစဉ် ဖြင့် စိတ်ကြိုက် ဆော့ကစားနိုင်မည်ဖြစ်သည်။ နေ့လည်စာကို A-One Cruise Hotel မှာ International Buffet ဖြင့် သုံးဆောင်ပြီး ဘန်ကောက်မြို့သို့ ပြန်လည်ထွက်ခွာမည်။ ထို့နောက် စိတ်ကြိုက်ဈေးဝယ် ထွက်ရန် MBK SHOPPING MALL သို့ဈေးဝယ်ထွက်မည်။ ညစာကို Baiyoke Tower အပေါ်ထပ်မှ ဘန်ကောက် မြို့ရှုခင်းအားကြည့်ရှုရင်း International Buffet သုံးဆောင်ကြပါမည်။ ထို့နောက် Hotel တွင် Check In ဝင်၍ အေးချမ်းစွာအိပ်စက်အနားယူတည်းခိုမည်ဖြစ်ပါသည်။



DAY 3 BANGKOK – SAFARI WORLD
နံနက်စာ ကို Hotel တွင် သုံးဆောင်ပြီးနောက် Safari World သို့သွားရောက်လည်ပတ်ပါမည်။ Safari World ရှိ ချစ်စရာကောင်းသော တိရစ္ဆာန်လေးများကိုကြည့်ရှု့ရင်း လူကြိုက်အများဆုံး Dolphin Show ၊ Elephant Show တို့ကို ကြည့်ရှုခံစားမည်။ နေ့လည်စာကို Safari Wolrd အတွင်း International Buffet ဖြင့် သုံးဆောင်မည်။ ထို့နောက် စိတ်ကြိုက်လည်ပတ်ပြီး ၂၀၁၉ ခုနှစ်တွင် ရေပန်းစား Hit ဖြစ်နေသော Asiatique Mall သို့ ဈေးဝယ်ထွက်မည်။ ညစာကိုကျောက်ဖရားမြစ်အလှကို ခံစားရင်း သုံးဆောင်မည်။ထို့နောက် Hotel သို့ပြန်ကာ တစ်နေ့တာ ပင်ပန်းသမျှ အေးချမ်းစွာအိပ်စက်အနားယူ မည်ဖြစ်ပါသည်။



DAY 4 BANGKOK – GRAND PALACE - YANGON
ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီး ထိုင်းလူမျိုးတို့ အထွတ်အမြတ်ထားရာအသည်းနှလုံးဖြစ်သော Grand Palace နှင့် တန်ခိုးကြီးကျော်ကြားသောမြဘုရားသို့သွားရောက်ဖူးမြှော်ကြပါမည်။ နေ့လည်စာကို Local Restaurant တွင်သံုံးဆောင် ပြီးနောက်စိတ်ကြိူက်ဈေးဝယ်ထွက်ကာ ဘန်ကောက်လေဆိပ်သို့ထွက်ခွာမည်ဖြစ်ပြီး ဘန်ကောက်လေဆိပ်မှထွက်ခွာပြီး ရန်ကုန်အပြည်အပြည်ဆိုင်ရာလေဆိပ်သို့ စိတ်အေးချမ်းသာစွာဖြင့် ပြန်လည် ရောက်ရှိမည် ဖြစ်ပါ သည်။

ခရီးစဉ် ပြီး ဆုံးပါပြီခင်ဗျာ။