ထိုင်ဝမ် ခရီးစဉ် (6Day / 5Night)

ခရီးစဉ်တွင် လည်ပတ်ရမည့်နေရာများ


- ချန်ကေရိုက်၏ အောက်မေ့ဖွယ်ရာဂူဗိမ္မာန်ဖြစ်သည့် Chiang-Kai-Shek Memorial Mall သို့ သွားရောက်လည်ပတ်ခြင်း

- တိုင်ပေမြို့ရှိ နာမည်ကျော် မိုးမျှော်အဆောက်အအုံတစ်ခုဖြစ်သည့် Taipei 101 Tower

- အလွန်သာယာလှပသော ကျောက်ဆောင်များရှိရာ Yahliu Geo Park ရှိ ဘုရင်မ ဦးခေါင်းပုံကျောက်ဆောင်သို့ လည်ပတ်ခြင်း

- ထိုင်ဝမ်၏ နာမည်ကျော် Pineapple Cake ဆိုင်

- ထိုင်ဝမ်ရိုးရာ အစားအသောက်နှင့် အဝတ်အထည်များ ပေါများလှသည့် Ximending Shopping District တွင် ဈေးဝယ်ထွက်ခြင်း

- နန်ထိုမြို့ရှိ  နာမည်ကျော်နေလကန်ဟု တင်စားကြသည့် Sun Moon Lake

- Sun Moon Lake အတွင်း Cruise စီးပြီး XianGuan ဘုရားကျောင်းတို့ကို လေ့လာကြည့်ရှုပါမည်

- Cable Car ဖြင့်သွားရောက်ပြီး Formosa Aboriginal Cultural Village ခေါ် ထိုင်ဝမ်လူမျိုးရင်းတို့၏ နေထိုင်မူ ဓလေ့စရိုက်၊ ကျေးရွာပုံစံများနှင့် သာယာလှသော ကစားကွင်းပန်းခြံထဲတွင် အပန်းဖြေကြပါမည်

- ကျားရီမြို့ရှိ နာမည်ကြီးသော Tea Shop

- ပေပေါင်း (6000) ကျော်အမြင့်ရှိသော Alishan National Scenic Area တောင်ပေါ်ရှိ အမျိုးသားဥယျာဉ်

- ဂျပန်ကိုလိုနီခေတ်ကတည်းက ဖောက်လုပ်ခဲ့သောရထားလမ်းတွင် ရထားစီးပြီး လမ်းတလျှောက် သဘာဝ အလှအပများကို ကြည့်ရူခံစားခြင်း

- နှစ်ပေါင်း (2000) ကျော် သက်တမ်းရှိ သစ်ပင်ကြီး (Scared Tree) နှင့် နာမည်ကြီး ညီအမ ရေကန် (Sister Pond) တွင် အမှတ်တရဓါတ်ပုံများရိုက်ကူးခြင်း

- မဟာယန ဗုဒ္ဓယဉ်ကျေးမှုအမွေအနှစ်များ၊ ဗုဒ္ဓသမိုင်းကြောင်းများ၊ ဗုဒ္ဓစာပေများနှင့် ယဉ်ကျေးမှုများကို လေ့လာနိုင်မည့် ထိုင်ဝမ်နိုင်ငံ၏ အကြီးဆုံး ယဉ်ကျေးမှုစင်တာဖြစ်သည့် Fo Guang Shan Buddha Museum နှင့် Fo Guang Shan ဗုဒ္ဓရုပ်ပွားတော်ကြီးသို့ သွားရောက်ဖူးမျှော်လေ့လာကြပါမည်

- ကောင်းရှုံမြို့ရှိနာမည်ကျော် ကြာကန်အတွင်းတွင် နဂါးရုပ်ထုနှင့် ကျားရုပ်ထု အစောင့်နှင့် ဘုံခုနှစ်ဆင့်ရှိ နာမည်ကျော် ကျောင်းဆောင်ဖြစ်သော Dragons and Tiger Pagodas သို့ သွားရောက်လည်ပတ်ခြင်း

- နာမည်ကြီးသော Pier 2 Art Center သိုသွားရောက်လည်ပတ်ခြင်း

- Shopping အတွက် Hanshin Department Store တွင် ဈေးဝယ်ထွက်ခြင်း စသောနေရာများကိုစုံစုံလင်လင် လည်ပတ်ရမည့် ခရီးစဉ်ဖြစ်ပါသည်

ခရီးစဉ်အတွင်းပါဝင်သောဝန်ဆောင်မှုများ

  • Yangon – Taipei - Yangon အသွားအပြန် လေယာဉ်လက်မှတ်
  • ထိုင်ဝမ် ဗီဇာ
  • ကြယ်လေးပွင့်၊ကြယ်သုံးပွင့် အဆင့်ရှိသောဟိုတယ်တွင် ၅ ညတာတည်းခိုခြင်း
  • ဘူဖေး၊အရှေ့တိုင်း နှင့် အနောက်တိုင်း အစားအစာများပါဝင်သော နံနက်စာ၊နေ့လည်စာ၊ညစာများ
  • ထိုင်ဝမ်ဒေါ်လာသိန်း၂၀ တန်ထိုင်ဝမ်နိုင်ငံခရီးသွားအာမခံနှင့် ထိုင်ဝမ်ဒေါ်လာ ၂ သိန်းတန် ကျန်းမာရေးအာမခံ
  • မိသားစုဝင်ကဲ့သို့ နွေးထွေးပျူငှာစွာဆက်ဆံသော Tour Leader တစ်ဦး
  • ဒေသခံ Tour Guide
  • ခရီးစဉ်တွင် ဖော်ပြထားသောနေရာများ၏ ဝင်ကြေး
  • နေ့စဉ် ရေသန့်တစ်ဗူးနှင့် Snow Tower
  •  

ခရီးစဉ်အတွင်းမပါဝင်သောဝန်ဆောင်မှုများ

  • လေယာဉ်အတွက် ဝန်ပိုသယ်ဆောင်ခ
  • ဟိုတယ်နှင့်စားသောက်ဆိုင်များတွင်သုံးစွဲသော အအေးနှင့် ရေသန့်ဖိုးများ
  • ဖော်ပြပါခရီးစဉ်တွင်မပါဝင်သောဝန်ဆောင်မူများ
  • မိမိနှင့်သာသက်ဆိုင်သည့် ကုန်ကျစရိတ်များ
  • ကုတင်မယူသော အသက်12နှစ်အောက်နှင့် 120 cm အောက် ကလေးအတွက် ဆပ်ပြာ ၊ ခေါင်းလျှော်ရည်၊ သွားတိုက်တံ၊ သွားတိုက်ဆေး နှင့် မနက်စာ
  • ဟိုတယ်တွင် ကိုယ်ပိုင်အသုံးစရိတ်ဖြစ်သော Laundry Charges , Room Services, Phone bill စသည့် ဝန်ဆောင်မှုများ
  • ခရီးသွား အာမခံကြေး 

ခရီးစဥ်

DAY 1 YANGON - TAIPEI
Asian Tour ခရီးသွားခေါင်းဆောင်မှ ဧည့်သည်တော်ကြီးများအား ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် စောင့်ကြိုနေမည်ဖြစ်ပါသည်။ ရန်ကုန် မှ ထိုင်ဝမ်နိုင်ငံသို့ ထွက်ခွာပြီး Taoyuan Airport သို့ ပျံသန်း ရောက်ရှိပါမည်။ Taipei မြို့ရှိ ဟိုတယ်သို့ပို့ဆောင်ပြီး Check In ဝင်၍ အေးချမ်းစွာ အနားယူအိပ်စက်မည်ဖြစ်ပါသည်။

DAY 2 TAIPEI
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် ချန်ကေရှိတ်၏ အောက်မေ့ဖွယ်ရာ ဂူဗိမ္မာန်ဖြစ်သော Chiang Kai-Shek Memorial Hall သို့သွားရောက် လည်ပတ်ကြပါမည်။ တိုင်ပေမြို့ရှိ နာမည်ကျော်မိုးမျှော် အဆောက်အအုံ တစ်ခုဖြစ်သော Taipei 101 Tower သို့သွားရောက်ပြီး တိုင်ပေမြို့၏ အလှအပများအား အပေါ်စီးမှကြည့်ရှုခံစားပါမည်။ နေ့လည်စာကို Local Restaurant တွင်သုံးဆောင်ကြပါမည်။ ထို့နောက် အလွန်သာယာလှပသော ကျောက်ဆောင် များရှိရာ Yahliu Geo Park ရှိ ဘုရင်မ ဦးခေါင်းပုံကျောက်ဆောင်သို့ သွားရောက်ပါမည်။ ထိုင်ဝမ်၏ နာမည်ကျော် Pineapple Cake ဆိုင်သို့သွားပါမည်။ ထို့နောက် ထိုင်ဝမ်ရိုးရာ အစားအသောက်နှင့် အဝတ်အထည်များ ပေါများလှသည့် Ximending Shopping District သို့သွားရောက်ဈေးဝယ်ပါမည်။ ညနေစာကို Local Restaurant တွင်သုံးဆောင်ကြပါမည်။
ထို့နောက် တိုင်ပေမြို့ရှိဟိုတယ်တွင် အိပ်စက်အနားယူပါမည်။

 

DAY 3 TAIPEI - NANTOU
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် နန်ထိုသို့ ဆက်လက်ထွက်ခွာပါမည်။ နန်ထိုမြို့ရှိ နာမည်ကျော် နေလကန်ဟု တင်စားကြသည့် Sun Moon Lake သို့ သွားရောက်လည်ပတ်ပါမည်။ ပြီးနောက် Sun Moon Lake အတွင်း Cruise စီးပြီး XianGuan ဘုရားကျောင်းတို့ကို လေ့လာကြည့်ရှုပါမည်။ နေ့လည်စာကို Local Restaurant တွင် သုံးဆောင်ကြပါမည်။ ထို့နောက် Cable Car ဖြင့် Formosa Aboriginal Cultural Village ခေါ်ထိုင်ဝမ်လူမျိးရင်းတို့၏ နေထိုင်မူ ဓလေ့စရိုက်၊ ကျေးရွာပုံစံများနှင့် သာယာလှသော ကစားကွင်းပန်းခြံထဲတွင် အပန်းဖြေကြပါမည်။ ပြီးလျှင် Cosmetic ဆိုင်သို့ သွားရောက်ပါမည်။ ညနေစာကို Local Restaurant တွင်သုံးဆောင်ကြပါမည်။ နန်ထိုမြို့ရှိ ဟိုတယ်သို့ ပြန်ကာ အိပ်စက်အနား ယူပါမည်။

DAY 4 NANTOU - CHIAYI
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် နန်ထို မှ ကျားရီ သို့ထွက်ခွာပါမည်။ ကျားရီမြို့ရှိ Tea Shop ဆိုင်သို့ သွားရောက်ပါမည်။ ပေပေါင်း (6000) ကျော်အမြင့်ရှိသော Alishan National Scenic Area တောင်ပေါ် အမျိုးသားဥယျာဉ်သို့သွားရောက်လည်ပတ်ကြပါမည်။ လမ်းတွင် ဂျပန်ကိုလိုနီခေတ်ကတည်းက ဖောက်လုပ်ခဲ့သော ရထားလမ်းတွင် ရထားစီးပြီး လမ်းတလျှောက် သဘာဝ အလှအပများကို ကြည့်ရူခံစားကြပါမည်။ နေ့လည်စာကို Local Restaurant တွင်သုံးဆောင်ကြပါမည်။ နှစ်ပေါင်း (2000) ကျော် သက်တမ်းရှိ သစ်ပင်ကြီး (Scared Tree) နှင့် နာမည်ကြီး ညီအမ ရေကန် (Sister Pond) ကို သွားရောက်ပြီး အမှတ်တရ ဓာတ်ပုံများ ရိုက်ကူးပါမည်။ ညနေစာကို Local Restaurant တွင်သုံးဆေင်ကြပါမည်။ ထို့နောက် ဟိုတယ်တွင် အိပ်စက်အနားယူပါမည်။

DAY 5 CHIAYI - KAOHSIUNG
ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးနောက် ကောင်းရူံမြို့သို့ ဆက်လက်ထွက်ခွာပါမည်။ မဟာယန ဗုဒ္ဓယဉ်ကျေးမှုအမွေအနှစ်များ၊ ဗုဒ္ဓသမိုင်းကြောင်းများ၊ ဗုဒ္ဓစာပေများနှင့် ယဉ်ကျေးမှုများ ကို လေ့လာနိုင်မည့် ထိုင်ဝမ်နိုင်ငံ၏ အကြီးဆုံး ယဉ်ကျေးမှု စင်တာဖြစ်သည့် Fo Guang Shan Buddha Museum နှင့် Fo Guang Shan ဗုဒ္ဓရုပ်ပွားတော်ကြီးသို့ သွားရောက်ဖူးမျှော်လေ့လာကြပါမည်။ ပြီးလျှင် ကောင်းရှုံမြို့ရှိနာမည်ကျော် ကြာကန်အတွင်းတွင်
နဂါးရုပ်ထုနှင့် ကျားရုပ်ထု အစောင့်နှင့် ဘုံခုနှစ်ဆင့်ရှိ နာမည်ကျော် ကျောင်းဆောင်ဖြစ်သော Dragons and Tiger Pagodas သို့ သွားရောက်ပါမည်။ နေ့လည်စာကို Local Restaurant တွင်သုံးဆောင်ကြပါမည်။ ကောင်းရူံမြို့ရှိ နာမည်ကျော် Pier 2 Art Center သိုသွားရောက်ပါမည်။ အရင်တုန်းကအဓိကရထားဘူတာကြီးတစ်ခုဖြစ်ခဲ့ပြီး ပင်လယ်ကူး သင်္ဘောတွေနဲ့ကုန်စည်သယ်ပို့ရာမှာ အသုံးပြုခဲ့ပါတယ်။ ယခုတော့ ဂိုဒေါင်အဟောင်းတွေ၊ ရထားလမ်း အဟောင်းတွေ ဖြစ်သွားပြီး အနပညာပြခန်းပုံစံအဖြင့် ပြောင်းလဲကာ ခရီးသွားတွေကို ဆွဲဆောင်နိုင်တဲ့ နေရာတခုလည်းဖြစ်ပါတယ်။ ပြီးနောက် Hanshin Department Store တွင် ဈေးဝယ်ထွက်ပါမည်။ ညနေစာကို Local Restaurant တွင်သုံးဆောင်ပြီး ကောင်းရူံမြို့ရှိ ဟိုတယ်တွင် အိပ်စက်အနားယူပါမည်။

DAY 6 KAOHSIUNG - YANGON
ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးနောက် Check-out လုပ်ကာ လေဆိပ်သို့ ပို့ဆောင်ပြီး ရန်ကုန်သို့ ပြန်လည် ထွက်ခွာပြီး အေးချမ်းပျော်ရွှင်စွာ ရန်ကုန်သို့ ရောက်ရှိမည်ဖြစ်ပါသည်။

END OF SERVICE

*Note: All admissions are subject to opening hours and non-refundable.