ဘန်ကောက် ခရီးစဉ် (3Day / 2Night)

ခရီးစဥ်

DAY 1   YANGON – BANGKOK          

Asian Tour ခရီးသွားခေါင်းဆောင်မှ ဧည့်သည်တော်ကြီးများအား ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် စောင့်ကြိုနေမည်ဖြစ်ပါသည်။ ဘန်ကောက်ဒွန်မောင်းလေဆိပ်သို့ အရောက်တွင် ဒေသခံ Tour Guide မှ အသင့်ကြိုဆို နေပါမည်။ နေ့လည်စာကို Local Restaurant တွင်သုံးဆောင်ကြပါမည်။ ထို့နောက် ဈေးနှုန်းချိုချိုနှင့် ပစ္စည်းအမျိုးအစား စုံလင်စွာရရှိနိုင်သော MBK Shopping Mall တွင် Shopping ထွက်ကြပါမည်။ Asia Hotel တွင် International Buffet Dinner သုံးဆောင်ကြပါမည်။ ထို့နောက် Hotel Check In ဝင်၍ အေးချမ်းစွာအိပ်စက်အနားယူတည်းခိုမည်ဖြစ်ပါသည်။

DAY 2 BANGKOK

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် ဘန်ကောက်မြို့၏ တန်ခိုးကြီးကျော်ကြားသော မြဘုရား နှင့် Wat Arun of Temple သို့သွားရောက်ဖူးမြှော်ကြပါမည်။ နေ့လည်စာကို Local Restaurant တွင် ဘူဖေးသုံးဆောင်ကြပါမည်။ ထို့နောက် ဘန်ကောက်၏ နာမည်ကြီးသော Dream World အားကစားကွင်းသို့ပို့ဆောင်ပေးပါမည်။ Chocoville သို့သွား ရောက်ပြီး အမှတ်တရဓာတ်ပုံများ ရိုက်ကူးကြပါမည်။ ညနေပိုင်းတွင် Baiyoke Tower အပေါ်ထပ်မှ ဘန်ကောက်မြို့ရှုခင်း အားကြည့်ရှုရင်း ဘူဖေးသုံးဆောင်ကြပါမည်။ ထို့နောက် Hotel Check In ဝင်၍ အေးချမ်းစွာအိပ်စက်အနားယူ တည်းခို မည်ဖြစ်ပါသည်။

DAY 3 BANGKOK - YANGON

ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးနောက် Art in Paradise သို့သွားရောက်လည်ပတ်ကြပါမည်။ နေ့လည်စာကို Centara Watergate Hotel တွင် International Buffet သုံးဆောင်ကြပါမည်။ ထို့နောက် Shopping ထွက်ပြီး ဘန်ကောက်ဒွန်မောင်းလေဆိပ်သို့ပို့ဆောင်ပြီး အေးချမ်းပျော်ရွှင်စွာရန်ကုန်သို့ ရောက်ရှိမည်ဖြစ်ပါသည်။

END OF SERVICE

ခရီးစဉ်အတွင်းပါဝင်သောဝန်ဆောင်မှုများ              

  • Yangon - Bangkok အသွားအပြန် လေယာဉ်လက်မှတ်
  • ကြယ်သုံးပွင့် အဆင့်ရှိသောဟိုတယ်တွင် ၂ ညတာတည်းခိုခြင်း
  • ဘူဖေး၊အရှေ့တိုင်း နှင့် အနောက်တိုင်း အစားအစာများပါဝင်သော နံနက်စာ၊နေ့လည်စာ၊ညစာများ
  • ခရီးစဉ်အတွင်း လည်ပတ်မည့်အဆင့်မြင့်အဲကွန်းကား
  • မိသားစုဝင်ကဲ့သို့ နွေးထွေးပျူငှာစွာဆက်ဆံသော Tour Leader တစ်ဦး
  • ဒေသခံ Tour Guide
  • ခရီးစဉ်တွင် ဖော်ပြထားသောနေရာများ၏ ဝင်ကြေး
  • နေ့စဉ် ရေသန့်တစ်ဗူးနှင့် Snow Tower

ခရီးစဉ်အတွင်းမပါဝင်သောဝန်ဆောင်မှုများ

  • လေယာဉ်အတွက် ဝန်ပိုသယ်ဆောင်ခ
  • အထက်ပါ ခရီးစဉ်တွင် မဖော်ပြထားသော လည်ပတ်မှုနေရာများ
  • ဟိုတယ်တွင် ကိုယ်ပိုင်အသုံးစရိတ်ဖြစ်သော Laundry Charges , Room Services, Phone bill စသည့် ဝန်ဆောင်မှုများ
  • ခရီးသွား အာမခံကြေး