ဗီယက်နမ် (မြောက်ပိုင်း) (၃ ည / ၄ ရက်)

ခရီးစဉ်တွင် လည်ပတ်ရမည့်နေရာများ


- သာယာလှပသည့် ထုံးကျောက်တောင်ကြီးများနှင့် ဝန်းရံထားပြီး ယူနစ်စကိုအသိအမှတ်ပြုခံထားရသော ကမ္ဘာ့အမွေအနှစ်စားရင်းဝင် Ha Long Bay မှော်ပင်လယ်အော်ထဲမှာ Cruise စီးရင်း Sunset View များကို တဝကြီးခံစားကြမည်

- ထုံးကျောက်တောင်အတွင်း သဘာဝအတိုင်း ထုံးကျောက်ပုံများကို ထူးဆန်းလှပစွာမြင်တွေ့ရမည့် Thien Cung ဂူကို လည်ပတ်ခြင်း

- နာမည်ကျော် King Kong ကား ရိုက်ကူးရာ နေရာဖြစ်ပြီး သဘာဝကပေးတဲ့အလှတရားတွေနှင့် ပြည့်နှက်နေသည့် Trang An မှာ လှေစီးရင်း သဘာဝအလှများ စီးမျောခံစားကြမည်

- တန်ခိုးကြီး BAI DINH PAGODA ကို လျှပ်စစ် Cable Car စီးပြီး သွားရောက်ဖူးမြော်ခြင်း

- ဒဏ္ဍာရီထဲကဓားသိမ်းကန် Hoan Kiem Lake နှင့် အနီရောင် တံတားလေးတွင် ဓါတ်ပုံလှလှလေးများရိုက်ကူးကြမည်

- ဆန်းသစ်သည့် ရေပေါ်ရုပ်သေးတေးဂီတ Water Puppet Show ကြည့်ရှုခြင်း

- Hanoi Old Quarter မှာ စိတ်ကြိုက်ဈေးဝယ်ထွက်ခြင်း

- Ho Chi Minh လွတ်လပ်ရေးအထိမ်းမှတ်ကျောက်တိုင်၊ ဟိုချီမင်းနေအိမ် နှင့် အသုံးအဆောင်များကိုလည်း သွားရောက်လေ့လာရင်း အမှတ်တရ ပုံရိပ်တွေရိုက်ကူးကြမည်

- ကိုယ်တိုင်လှေလှော်ခြင်းအတွေ့အကြုံအသစ်ကို ရရှိနိုင်မည့် Ninh Binh သို့သွားရောက်လည်ပတ်ခြင်း

- ဟင်းမျိုးပေါင်း ၂၀၀ ကျော်ရှိသည့် နာမည်ကျော် Sen Restaurant မှာ International Buffet တဝကြီးသုံးဆောင်ခြင်း

- ဆုတောင်းပြည့် သားဆုပန် တိုင်တလုံး One Pillar Pagoda နဲ့ Hanoi မြို့၏ ပထမဦးဆုံး တည်ထားကိုးကွယ်ထားသောဘုရားကျောင်း Tran Quoc Pagoda သို့သွားရောက်ဖူးမြော်ပြီး Hanoi မှာရှိသည့် အထင်ကရနေရာများကို စုံစုံလင်လင်လည်ပတ်နိုင်မည့် ခရီးစဉ်လေးတစ်ခုဖြစ်ပါသည်။

ခရီးစဉ်အတွင်းပါဝင်သောဝန်ဆောင်မှုများ

  • Yangon - Hanoi - Yangon အသွားအပြန် လေယာဉ်လက်မှတ်
  • 3 Star Hotel
  • ဘူဖေး၊အရှေ့တိုင်း နှင့် အနောက်တိုင်း အစားအစာများပါဝင်သော နံနက်စာ၊နေ့လည်စာ၊ညနေစာများ
  • လည်ပတ်ရမယ့် Fully Air Con Car
  • မိသားစုဝင်ကဲ့သို့ နွေးထွေးပျူငှာစွာဆက်ဆံသော Tour Leader တစ်ဦး
  • Vietnam နိုင်ငံမှ English Tour Guide
  • ခရီးစဉ်တွင် ဖော်ပြထားသောနေရာများ၏ ဝင်ကြေးများ
  • နေ့စဉ် ရေသန့်တစ်ဗူးနှင့် Snow Tower ပေးခြင်း

ခရီးစဉ်အတွင်းမပါဝင်သောဝန်ဆောင်မှုများ

  • လေယာဉ်အတွက် ဝန်ပိုသယ်ဆောင်ခ
  • အထက်ပါ ခရီးစဉ်တွင် မဖော်ပြထားသော လည်ပတ်မှုနေရာများ
  • ဟိုတယ်တွင် ကိုယ်ပိုင်အသုံးစရိတ်ဖြစ်သော Laundry Charges, Room Services, Phone bill စသည့် ဝန်ဆောင်မှုများ
  • Guide နှင့် Driver အတွက် Tips money

ခရီးစဥ်

DAY 1 YANGON - HANOI
ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ဗီယက်နမ်နိုင်ငံ၏ မြို့တော်ဖြစ်သော Hanoi မြို့သို့ ထွက်ခွာမည်ဖြစ်ပါ သည်။ Noi Bai အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်သောအခါ Tour Guide မှအသင့်စောင့်ကြိုပြီး Hotel Check in ဝင်၍ အိပ်စက်အနားယူ တည်းခိုမည်ဖြစ်ပါသည်။

DAY 2 HANOI
Hotel တွင် မနက်စာ သုံးဆောင်ပြီးနောက် Ba Dinh Square ရင်ပြင်ရှိ Ho Chi Minh Mausoleum ဆီသို့ သွားရောက်ပြီးနောက် One Pillar Pagoda, Tran Quoc Pagoda အစရှိသော Hanoi ရှိ နာမည်ကြီး အထင်ကရနေရာများ သို့ သွားရောက်လည်ပတ်မည်ဖြစ်ပါသည်။ နေ့လည်စာကို Local Restaurant တွင်သုံးဆောင်ကြပါမည်။ ထို့နောက် ဗီယက်နမ်၏ ပထမဆုံး တက္ကသိုလ်ဖြစ်သော Timple of Literature သို့ သွားရောက်လည်ပတ်ကြပါမည်။ လှပသော ဒဏ္ဍာရီထဲက ကန်တော်ကြီးဖြစ်တဲ့ Hoan Kiem Lake တွင် ပုံရိပ်များဖမ်းကြပါမည်။ ထို့နောက် ဈေးချိုသော Hanoi Old Quarter တွင် Shopping ထွက်ကြပါမည်။ ညနေပိုင်းအစီစဉ်အဖြစ် ဗီယက်နမ်နိုင်ငံတွင် နာမည်ကြီးသော ရိုးရာအက နှင့် တေးဂီတများ အား ကြည့်ရှုခံစားနိုင်သော ရေပေါ်ရုပ်သေးအက Water Puppet Show ကိုကြည့်ရှု ခံစားပြီးနောက် ညနေစာ သုံးဆောင်ကြပါမည်။ ထို့နောက် Hotel Check In ဝင်၍ အိပ်စက်အနားယူ တည်းခိုမည်ဖြစ်ပါသည်။

DAY 3 HANOI - HA LONG BAY
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် Hanoi မှ ၁၉၉၄ ခုနှစ်တွင် ယူနက်စကိုအသိအမှတ်ပြုခံရထားသော ကမ္ဘာ့သဘာဝအမွေအနှစ် Ha Long Bay သို့ ထွက်ခွာပါမည်။ ၄နာရီကြာခရီးစဉ်တစ်လျှောက်သာယာလှပသော လယ်ကွင်းပြင်ကြီးများဖြတ်သန်းပြီးကွဲပြားခြားနားသော မြောက်ဗီယက်နမ်ရွာကလေးများ တွေ့မြင်ရပါမည်။ Ha Long Bay သို့ရောက်လျှင် Cruise သဘောၤပေါ်သို့တက်ရောက်ပြီး အလွန်လှပသော ဟာလောင်ဘေး ၏အလှကိုကြည့်ရှု ခံစားမည် ဖြစ်ပါသည်။ များလှစွာသော ထုံးကျောက်တောင်ကြီးများဖြင့် ဝန်းရံထားသော မှော်ပင်လယ်အော် Ha Long Bay ကို လည်ပတ်ပါမည်။ နေ့လည်စာသုံးဆောင်ပြီးနောက် ဟာလောင်းဘေးအတွင်းရှိသော Stone Dog, Incense Burner Islet နှင့် Paradise Grotto (Thien Cung) ဂူသို့ သွားရောက်လည်ပတ်ပါမည်။ ထို့နောက် Halongမြို့ရှိ Hotel တွင် ညနေစာ သုံးဆောင်ပြီး တစ်နေ့တာ ပင်ပန်းသမျှ အပန်းဖြေအနားယူ အိပ်စက်မည်ဖြစ်သည်။

DAY 4 HANOI - YANGON
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် Hanoi မြို့သို့ ပြန်လည်ထွက်ခွာပါမည်။ Hanoi မြို့သို့ရောက်ရှိပြီး နေ့လည်စာကို Sen Restaurant တွင် ဟင်းမျိုးပေါင်း ၂၀၀ ကျော်ဖြင့် International Buffet သွားရောက်သုံးဆောင်ပါမည်။ ထို့နောက် Noi Bai အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပို့ဆောင်ပေးမှာဖြစ်ပြီး လေဆိပ်မှ ရန်ကုန်သို့ အေးချမ်းပျော်ရွှင်စွာ ရောက်ရှိမည်ဖြစ်ပါသည်။


END OF SERVICE