ဗီယက်နမ် (တောင်ပိုင်း) (၄ ည / ၅ ရက်)

ခရီးစဉ်တွင် လည်ပတ်ရမည့်နေရာများ


- ဟိုချီမင်းမြို့၏ အဓိက အထင်ကရဖြစ်သောဗဟိုစာတိုက်ကြီးကို လေ့လာကြခြင်း

- ပြင်သစ်ဗိသုကာလက်ရာဖြစ်သော Notre Dam Cathedral ခရစ်ယာန်ဘုရားကျောင်းကို သွားရောက်လည်ပတ်ကြမည်

- Saigon မြစ်ထဲ ဇိမ်ခံသင်္ဘောစီးပြီး စိတ်ဝင်စားဖွယ် Entertainment Show တွေကိုကြည့်ရင်း Dinner သုံးဆောင်ခြင်း

- ပန်းရောင်စမ်းချောင်းလေးဖြစ်သော Fairy Stream တွင် ရင်သပ်ရှုမောဖွယ် တောင်နီများ ငေးမောကြည့်ရှုခြင်း

- အီဂျစ်နိုင်ငံက သဲကန္တာရထဲရောက်သွားသလို သဲနီ၊သဲဝါ၊သဲဖြူတွေနှင့် ကန္တာရတောင်ကုန်းတွေမှာ လမ်းလျှောက်ပြီး ကိုယ့်ခြေရာကိုယ် လှမ်းကြည့်ရင်း အမှတ်တရ ဓာတ်ပုံများ တဝကြီးရိုက်ကူးပုံဖော်ကြပါမည်

- သဲခုံတွေကြားအနီးရှိ ကြာပန်းများဖြင့် သာယာလှပသော White Lake (Lotus Lake) တွင် ပုံရိပ်များဆက်လက်ရိုက်ကူးကြပါမည် (ကြာပန်းပွင့်ချိန်သည် မေလ မှ ဩဂုတ်လ အထိ)

- မွေ့နဲကမ်းခြေတွင် စိတ်ညစ်စရာများအားလုံး စိတ်ရှိလက်ရှိအော်ထုတ်ပစ်လိုက်ပြီး စိတ်သစ်လူသစ်ဖန်တီးကြမည်

- ကမ္ဘာ့အမွေအနှစ်ယဉ်ကျေးမှုစာရင်းဝင်တစ်ခုဖြစ်သော Datanla နှစ်ထပ်ရေတံခွန် သွားရောက်လည်ပတ်ပြီး Alpine Coaster စီး၊ Selfie အမုန်းဆွဲခြင်း

- ဒါလက်မြို့ရှိတန်ခိုးအကြီးဆုံးနှင့် အခမ်းနားဆုံးကျောင်းတော်ဖြစ်သောTrac Lam ဘုန်းကြီးကျောင်းတော်ပေါ်သို့ Cableကားစီးပြီး Robin Hill တောင်ပေါ်မှ ရှုခင်းလှလှလေးတွေကြည့်ပြီး ကျော်ဖြတ်ကြမည်

- Phoenix တောင်ထိပ်ပေါ်တွင်တည်ရှိသော Tuyen Lam ရေကန်ကြီး၏ အလှကိုခံစားခြင်း

- ဒါလက်မြို့ပေါ်ရှိ ဆန်းပြားလှသည့် ဗိသုကာလက်ရာများကိုမြင်တွေ့ရမည့် Crazy House နှင့် Clay Tunnel သို့ သွားရောက်လည်ပတ်ခြင်း

- ပန်းမျိုးပေါင်း ၃၀၀ကျော်ရှိသော ပန်းဥယျာဉ် ဖြစ်သည့် Dalat Flower Garden ၊ ကျူးလစ်ပန်းတွေနှင့် Xuan Houng ရေကန်တွင်ဓါတ်ပုံရိုက်ကူးခြင်း

- ဈေးချိုချိုနဲ့ Ben Thanh Night Market မှာ လက်ဆောင်များဝယ်ခြင်း စသောနေရာများသို့ စုံစုံလင်လင်လည်ပတ်နိုင်မည့် ခရီးစဉ်လေးဖြစ်ပါသည်

ခရီးစဉ်အတွင်းပါဝင်သောဝန်ဆောင်မှုများ

  • Yangon – Ho Chi Minh - Yangon အသွားအပြန် လေယာဉ်လက်မှတ်
  • 3 Star Hotel
  • ဘူဖေး၊အရှေ့တိုင်း နှင့် အနောက်တိုင်း အစားအစာများပါဝင်သော နံနက်စာ၊နေ့လည်စာ၊ညနေစာများ
  • လည်ပတ်ရမယ့် Fully Air Con Car
  • မိသားစုဝင်ကဲ့သို့ နွေးထွေးပျူငှာစွာဆက်ဆံသော Tour Leader တစ်ဦး
  • Vietnam နိုင်ငံမှ English Tour Guide
  • ခရီးစဉ်တွင် ဖော်ပြထားသောနေရာများ၏ ဝင်ကြေးများ
  • နေ့စဉ် ရေသန့်တစ်ဗူးနှင့် Snow Tower ပေးခြင်း

ခရီးစဉ်အတွင်းမပါဝင်သောဝန်ဆောင်မှုများ

  • လေယာဉ်အတွက် ဝန်ပိုသယ်ဆောင်ခ
  • အထက်ပါ ခရီးစဉ်တွင် မဖော်ပြထားသော လည်ပတ်မှုနေရာများ
  • ဟိုတယ်တွင် ကိုယ်ပိုင်အသုံးစရိတ်ဖြစ်သော Laundry Charges, Room Services, Phone bill စသည့် ဝန်ဆောင်မှုများ
  • Guide နှင့် Driver အတွက် Tips money

ခရီးစဥ်

DAY 1 YANGON - HO CHI MINH (SAIGON)
Asian Tour ခရီးသွားခေါင်းဆောင်မှ ဧည့်သည်တော်ကြီးများအား ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် စောင့်ကြိုနေမည်ဖြစ်ပါသည်။ Yangon မင်္ဂလာဒုံလေဆိပ်မှ Ho Chi Minh (Saigon) မြို့သို့ Vietnam Airline ဖြင့် နေ့လည် ၁၂း၁၀ ထွက်ခွာပြီး Tan Son Nhat အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဗီယက်နမ်ဒေသစံတော်ချိန် နေ့လည် ၃း၀၅ ရောက်ရှိပါမည်။ Tan Son Nhat အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်သောအခါ ဒေသခံ Local Guide မှအသင့်စောင့်ကြိုနေပါမည်။ ထို့နောက် The Old Central Post Office (နှစ်ပေါင်း ၁၄၀ သက်တမ်းရှိ ဗဟိုစာတိုက်ကြီး) နှင့် Notre Dame Cathedral (ပြင်သစ် ဗိသုကာလက်ရာ ခရစ်ယာန်ဘုရားကျောင်း) သို့သွားရောက်လေ့လာပြီး အမှတ်တရဓာတ်ပုံများ ရိုက်ကူးကြပါမည်။ ထို့နောက် Ben Thanh Night Market သို့ ပို့ဆောင်ပေးမည်ဖြစ်သည်။ ဆက်လက်ပြီး Saigon River တွင် Cruise စီးရင်း ဖျော်ဖြေပွဲကြည့်ပြီး ညစာကို သုံးဆောင်ကြမည်ဖြစ်ပါသည်။ ထို့နောက် Hotel သို့ Check in ဝင်၍ အိပ်စက်အနားယူမည်ဖြစ်ပါသည်။

DAY 2 HO CHI MIN – PHAN THIET - MUI NE BEACH
Hotel တွင် နံနက်စာ သုံးဆောင်ပြီးနောက် Ho Chi Minh(Saigon) မြို့မှ ၅ နာရီခန့်ကြာမောင်းနှင်ပြီးနောက် Phan Thiet မြို့သို့ရောက်ရှိပြီး နေ့လည်စာကို Local Restaurant တွင်သုံးဆောင်ပါမည်။ ထို့နောက် Fairy Stream or Pink Stream ရိုမန့်တစ်ဆန်ဆန် စမ်းချောင်းလေးများနှင့် အီဂျစ်ပြည်ရှိ သဲကန္တာရထဲ ရောက်သွားသလို Red & White Sand Dunes သဲသောင်ခုံတွေကြားလမ်းလျှောက်၍ မိမိ၏ခြေရာများကို လှမ်းကြည့်ရင်း အမှတ်တရဓါတ်ပုံများ တစ်ဝကြီး ရိုက်ကူးသိမ်းယူကြပါမည်။ သဲခုံတွေကြားအနီးရှိ ကြာပန်းများဖြင့်သာယာလှပသော White Lake (Lotus Lake) တွင် အမှတ်တရဓာတ်ပုံများ ဆက်လက်ရိုက်ကူးကြပါမည်။ မှတ်ချက်။ ။ကြာပန်းပွင့်ချိန်သည် မေလ မှ သြဂုတ်လ အထိဖြစ်သည်။ ထို့နောက် နာမည်ကျော် Mui Ne Beach ၏ အလှကိုခံစားရမှာဖြစ်ပြီး အေးမြသန့်ရှင်း လက်ဆတ်သောလေ ကမ်းခြေမှ လှိုင်းရိုက်ခတ်သံနှင့်အတူ ရင်သတ်ရှူမောဖွယ် တွေ့မြင်ရမှာဖြစ်ပါသည်။ Mui Ne Beach ရှိ Hotel တွင် ညနေစာသုံးဆောင်ပြီး တစ်နေ့တာ ပင်ပန်းသမျှ အပန်းဖြေအနားယူ အိပ်စက်မည်ဖြစ်သည်။

DAY 3 PHAN THIET (MUINE BEACH) – DA LAT
Hotel တွင် နံနက်စာသုံးဆောင်ပြီးနောက် Muine Beach မှ Dalat မြို့သို့ ထွက်ခွာမည်ဖြစ်ပါသည်။ 4 နာရီခန့်ကြာ မောင်းနှင်ပြီး နေ့လည်စာကို Local Restaurant တွင်သုံးဆောင်ကြပါမည်။ ထို့နောက် Trac Lam Pagoda ဘုန်းကြီးကျောင်းတော်သို့ Cable ကားစီး၍ Robin Hill တောင်ကိုဖြတ်ကျော်ပြီး ဒါလက်မြို့တစ်မြို့လုံး အလှနဲ့ ထင်းရူးတောတောင်အလှများ အပေါ်စီးမှကြည့်ရှုခံစားကြပါမည်။ Trac Lam Pagoda သည် Da Lat မြို့ရှိ တန်ခိုးအကြီးဆုံးနှင့် အခမ်းနားဆုံး ကျောင်းတော်ဖြစ်ပါသည်။ ထို့နောက် Phoenix တောင်ထိပ်ပေါ်တွင် တည်ရှိနေသော သာယာလှပသော Tuyen Lam Lake ရေကန်သို့် သွားရောက်လည်ပတ်ပါမည်။ ထို့နောက် Datanla Water Fall နှစ်ထပ် ရေတံခွန်သို့ သွားရောက်လည်ပတ်မည် ဖြစ်ပါသည်။ Datanla ရေတံခွန်ကြီးသည် ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင် တစ်ခု ဖြစ်ပါသည်။ Dalat မြို့ရှိ Local Restaurant တွင် ညစာသုံးဆောင်ပြီးနောက် Hotel တွင် အေးချမ်းစွာအိပ်စက် အနားယူမည်ဖြစ်ပါသည်။

DAY 4 DA LAT – HO CHI MINH
Hotel တွင် နံနက်စာသုံးဆောင်ပြီးနောက် Da Lat Flower Garden သို့သွားရောက်လည်ပတ်ပါမည်။ Da Lat Flower Garden သည် ဧရိယာစတုရမ်းမီတာ ၇၀၀၀ ခန့်ကျယ်ဝန်းပြီး ပန်းမျိုးပေါင်း ၃၀၀ ကျော်အပါအဝင် နှင်းဆီပန်း၊သစ်ခွပန်းများ၊
မက်မွန်ပင်များဖြင့် ဖုံးအုပ်ထားသော ပန်းဥယျာဉ်တစ်ခုဖြစ်ပါသည်။ Local Restaurant တွင် နေ့လည်စာ သုံးဆောင်ကြ ပါမည်။ ထို့နောက် Hang Nga Crazy House နှင့် Clay Tunnel သို့သွားရောက်လည်ပတ်ပါမည်။ Da Lat မြို့မှ Ho Chi Minh မြို့သို့ ပြန်လည်ထွက်ခွာမည်ဖြစ်ပြီး ညစာကို Local Restaurant တွင်ဧည့်ခံပါမည်။ ထို့နောက် Hotel တွင် အေးချမ်းစွာ အိပ်စက်အနားယူမည်ဖြစ်ပါသည်။

DAY 5 HO CHI MINH – YANGON
Hotel တွင် နံနက်စာသုံးဆောင်ပြီးနောက် Tan Son Nhat အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပို့ဆောင်ပေးမှာဖြစ်ပြီး Vietnam Airline ဖြင့် နံနက် ၉း၂၀ ထွက်ခွာပြီး ရန်ကုန်သို့ နေ့လည် ၁၁း၁၀ တွင် အေးချမ်းပျော်ရွှင်စွာ ပြန်လည်ရောက် ရှိမည်ဖြစ်ပါသည်။

ခရီးစဉ် ပြီး ဆုံးပါပြီခင်ဗျာ