ဆာကူရာမြေ ခရီးစဥ် ( ၉ ရက် )
ခရီးစဉ် အစအဆုံး - ၉ ရက်
Highlights : Tokyo, Mt. Fuji, Bullet Train Ride, Nagoya, Kyoto, Osaka
ယဉ်ကျေးမှုထွန်းကား ပန်းချယ်ရီရနံ့များထုံသင်းပြီး စက်မှုထွန်းကားရာ ဂျပန်မြေသို့ -
- Yangon - Japan - Yangon အသွားအပြန် လေယာဉ်လက်မှတ်
- 3 / 4 Star Hotel
- မရိုးအောင်စီစဥ်ထားသော အစားအစာ : S habu Shabu Hotpot၊ Miso Soup၊ Yakinku BBQ အကင်၊ ဆူရှီ နှင့် တန်ပူရာ၊ ဂဏန်းလက်မ အစရှိသော အရသာရှိစားဖွယ်များ၊
- Luxury Coach, Cruise, Bullet Train, Cable စသည်ဖြင့် ဂျပန်၏ခေတ်မှီတိုးတက်သော ပို့ဆောင်ရေးယဥ်မျိုးစုံ အတွေ့အကြုံ၊
- မိသားစုသဖွယ် ဂရုစိုက်သော Myanmar Tour Leader နှင့် ပျူဌာသော English Speaking Local Guide
ACTIVITIES
- Ashi Lake Cruise
- Cable Owakudani
- bullet train experience
- ဖူဂျီတွင် ရိုးရာ၀တ်စုံဖြင့် ဓါတ်ပုံရိုက်ပြီး ရိုးရာဘူဖေးညစာဖြင့် တည့်ခင်းတဲ့ အခင်းအကျင်း
TOUR SITES
- Tokyo Skytree
- Asakusa Kanno Temple
- Great Buddha Kamakura
- ဂျပန်နိုင်ငံရဲ့ထင်ရှားသည့် ဘုရားကျာင်းတွေထဲကတစ်ခုဖြစ်သည့် Asakusa Kanno Temple
- ဂျပန်နိုင်ငံ၏ အထင်ကရ ကမ္ဘာကျော် ကမာကူရ ဘုရားကြီးကို ဦးခိုက်ပူဇော်ြပီး - Great Buddha Kamakura
- ဂျပန်၏စားဖိုဆောင် “The Nation’s Kitchen” ဟုတင်စားခေါ်၀ေါ်လေ့ရှိတဲ့ Osaka
- လှပယဥ်ပါးတဲ့သမင်များရှိရာ Nara Park နှင့် Great Eastern Temple (ခေါ်) Todaij
- သာယာလှပေသာ Hakone မြို့
- ဂျပန်နိုင်ငံ၏အမြင့်ဆုံး စိတ်လှုပ်ရှားဖွယ်ရာ ဖူဂျီမီးတောင်
- ရေအိုင်(၈)အိုင်ရှိရာ လှပဆိတ်ငြိမ်လှသည့် Oshino Hakkai ကျေးရွာ
- Cultural Capital ကျိုတိုမြို့ဟောင်း
- ရွှေသားအတိဖြင့်ပြုလုပ်ထားသော Kinkaku-ji Temple
- Sagano Bamboo Forest နှင့် Fushimi Inari Shrine
SHOPPING
- Gotemba Outlet
- Akihabara Electric Town နှင့် တိုကျိုမြို့၏ အစည်ကားဆုံး Ginza Shopping Area
- ဂျပန်ရိုးရာလက်ဆောင်ပစ္စည်းများရောင်းချသော Nakamise Street
- Odaiba & Osaka Shinsaibashi
ခရီးစဉ် -
Day 1 Yangon – Tokyo
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် အသင့်စောင့်ကြိုနေသော ဆာကူရာမြေခရီးစဥ်အတွက် ဂရုစိုက်ပေးမည့် Tour Leader နှင့်တွေ့ဆုံပြီး ဂျပန်နိင်ငံသို့ ထွက်ခွါပါမည်။ နောက်တနေ့နံနက်တွင် တိုကျိုမြို့သို့ရောက်ရှိပါမည်။
Day 2 Tokyo Arrival
ယဉ်ကျေးမှုထွန်းကား ပန်းချယ်ရီရနံ့များထုံသင်းရာ စက်မှုထွန်းကားရာ ဂျပန်မြေ တိုကျိုလေဆိပ်တွင် ဒေသခံဧည့်လမ်းညွှန်၏ နွေးထွေးကြိုဆိုမှုက စောင့်စားနေပါမည်။
- ဇိမ်ခံကားစီးကာ ဂျပန်ပြည်၏အရှည်ဆုံးတာ၀ါတစ်ခုဖြစ်သည့် Tokyo Skytree သို့ သွားရောက် လည်ပတ်ပါမည်။
- ဂျပန်နိုင်ငံရဲ့ထင်ရှားသည့် ဘုရားကျောင်းတွေထဲကတစ်ခုဖြစ်သည့် Asakusa Kanno Temple သို့လည်ပတ်ပါမည်။ ဆုတောင်း၀တ်ပြုနိုင်ပါသည်။
- ဂျပန်ရိုးရာလက်ဆောင်ပစ္စည်းများရောင်းချသော Nakamise Street သို့ပို့ဆောင်ပါမည်။
- နေ့လည်စာသုံးဆောင်ပြီးနောက် ဂျပန်နိုင်ငံ၏နာမည်ကြီး Akihabara Electric Town နှင့် တိုကျိုမြို့၏ အစည်ကားဆုံး Ginza Shopping Area သို့လည်ပတ်ပါမည်။
- Welcome Dinner - ညစာသုံးဆောင်ပြီး 3/4 Star Hotel တွင် Check-in၀င် အနားယူပါမည်။
Day 3 Free and Easy
- ဟိုတယ်တွင် မနက်စာသုံးဆောင်ပါမည်။
- Tokyo မြို့တွင် စိတ်ကြိုက်ကိုယ်တိုင် သွားလာလည်ပတ်နိုင်ရန် Free and Easy Day စီစဥ်ထားပါသည်။
- ခရီးစဥ်တွင် မပါဝင်သော Tokyo မြို့၏ အခြား highlights များကို Optional Tours အနေဖြင့် ဧည့်သည်များစုပြီး ထပ်မံလည်ပတ်လိုပါက Tour Leader မှစီစဉ်ပေးပါမည်။
OPTIONAL TOURS -
- Are you ready for Photo Session ? Imperial Palace Background, Kusunoki Masashige Statue, Kokyo Gaien National Park နှင့် Odaiba များသို့ သွားရောက်လည်ပတ်နိုင်ပါသည်။ Odaiba မှာ shopping လုပ်နိုင်ပါသည်။
- Tokyo Disneyland သို့ သွားရောက်ကာ တနေ့တာလည်ပတ် ဆော့ကစား နိုင်ပါသည်။
Day 4 Tokyo to Mt. Fuji
- ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီး တစ်နာရီခွဲခန့်ကားစီးကာ ဂျပန်နိုင်ငံ၏ အထင်ကရ ကမ္ဘာကျော် ကမာကူရ ဘုရားကြီး Great Buddha Kamakura ကို သွားရောက်ဦးခိုက်ပူဇော်ပါမည်။
- လမ်းတွင် သာယာလှပေသာ Hakone မြို့လေးကို ၀င်ရောက်လည်ပတ်ရင်း နေ့လည်စာသုံးဆောင် ပါမည်။
- ဖူဂျီအလှကိုထင်ဟပ်နေသော Ashi Lake တွင် Cruise စီးရင်း အလှတရားများနှင့် အပန်းဖြေပါမည်။
- Cable စီးကာ Owakudani တောင်ပေါ်အလှတရားများကို ခံစားပါမည်။
- Mt. Fuji သို့ခရီးဆက်ကာ Gotemba Outlet တွင် စျေး၀ယ်နိုင်ပါသေးသည်။
- 3/4 Star Hotel တွင် Check-in ၀င်ပါမည်။
- ရိုးရာ၀တ်စုံဖြင့် ဓါတ်ပုံရိုက်ပြီး ရိုးရာဘူဖေးညစာဖြင့် တည့်ခင်းပါမည်။
Day 5 Mt.Fuji to Nagoya with bullet train experience
- ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီး နှစ်တစ်ရာနီးနီးသက်တမ်းရှိသော ရေအိုင်(၈)အိုင်ရှိရာ လှပဆိတ်ငြိမ်လှသည့် Oshino Hakkai ကျေးရွာလေးသို့ သွားရောက်လည်ပတ်ပါမည်။
- ဂျပန်နိုင်ငံ၏အမြင့်ဆုံး စိတ်လှုပ်ရှားဖွယ်ရာ ဖူဂျီမီးတောင်သို့ သွားရောက်ပါမည်။ (Level 5 သို့ ရာသီဥတုအခြေအနေ ပေါ်မူတည်၍ တက်ရောက်ပါမည်။)
- နေ့လည်စာသုံးဆောင်ပြီး Shin Fuji Station မှ Kakegawa Stationသို့ အလှတရားခံစားရင်း ကျည်ဆံရထားစီးပါမည်။
- ထိုမှ Nagoya သို့ ကြာချိန်၂နာရီခန့် ကားဖြင့် ထွက်ခွါပါမည်။
- ညစာသုံးဆောင်ပြီး 3/4 Star Hotel တွင် Check-in၀င် အနားယူပါမည်။
Day 6 Nagoya - Kyoto - Osaka
- ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီး ဂျပန်၏ Cultural Capital ကျိုတိုမြို့ဟောင်းသို့ ထွက်ခွါပါမည်။ ကားမောင်းချိန် ၂.၃၀ နာရီခန့် ကြာြမင့်ပါမည်။
- ကျိုတိုရှိ ရွှေသားအတိဖြင့်ပြုလုပ်ထားပြီး Golden Pavillion လို့တင်စားခေါ်၀ေါ်ကြတဲ့ Kinkaku-ji Temple သို့သွားရောက်လည်ပတ်ပါမည်။
- နေ့လည်စာသုံးဆောင်ပြီးနောက် ကျိုတိုမြို့၏အထင်ကရဖြစ်သော Sagano Bamboo Forest နှင့် Fushimi Inari Shrine ဘုရားကျောင်းသို့ သွားရောက်လည်ပတ်ပါမည်။
- ကားမောင်းချန် ၁နာရီခန့်ဖြင့် ဂျပန်၏စားဖိုဆောင် “The Nation’s Kitchen” ဟုတင်စားခေါ်၀ေါ်လေ့ရှိတဲ့ shopping and best food မြို့တော် Osaka သို့ သွားရောက်ပါမည်။
- ညစာသုံးဆောင်ပြီး 3/4 Star Hotel တွင် Check-in၀င် အနားယူပါမည်။
Day 7 Osaka / Nara
- ဟိုတယ်တွင်နံနက်စာသုံးဆောင်ပါမည်။
- Unesco World Heritage Site တခုဖြစ်သည့် Nara မြို့ကို ခရီးဆက်ပါမည်။
- လှပယဥ်ပါးတဲ့သမင်များရှိရာ Nara Park ကို ၀င်ရောက်လည်ပတ်ပြီး Great Eastern Temple (ခေါ်) Todaij သို့ လည်ပတ်ပါမည်။
- နေ့လည်စာသုံးဆောင်ပြီး Osaka Castle နှင့် မြို့တော်၏ အဓိကစျေ:၀ယ်နေရာ Shinsaibashi သို့သွားရောက်လည်ပတ်ပါမည်။
Day 8 Osaka Departure
- ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီး Check-out လုပ်ပါမည်။
- Osaka Kansai Airport မှတဆင့် ဆာကူမြေကိုနှုတ်ဆက်ထွက်ခွါပါမည်။
Day 9 Arrival Yangon
ရန်ကုန်လေဆိပ်သို့ပြန်လည်ရောက်ရှိပါမည်။
END OF SERVICE
*Note: All admissions are subject to opening hours and non-refundable.
ခရီးစဉ်အတွင်း မပါဝင်သော ဝန်ဆောင်မှုများ
• ဂျပန် ဗီဇာကြေး (သရုံးတွင် မိမိကိုယ်တိုင်ပေးဆောင်ရန်)
• နိုတြီ ဘာသာပြန်များ
• ကျမ်းမာရေးနှင့် အသက်အာမခံ ဝယ်ယူစရိတ်များ
• ဟိုတယ်နှင့် စားသောက်ဆိုင်အတွင်း အပိုသုံးစွဲသော အအေး၊ရေသန့် နှင့် အဖျော်ယမကာများ
• Optional Tours
• ခရီးစဉ်အတွင်း မဖော်ပြထားသောအရာများ
Share This Page