ဗီယက်နမ် (တစ်နိုင်ငံလုံး) (၄ ည / ၅ ရက်)

ခရီးစဉ်တွင် လည်ပတ်ရမည့်နေရာများ


- ဗီယက်နမ်နိုင်ငံ၏ မြို့တော်ဖြစ်သည့် Ho Chi Minh City

- နှစ်ပေါင်း ၁၄၀ သက်တမ်းရှိ ဗဟိုစာတိုက် Old Central Post Office

- ပြင်သစ်ဗိသုကာလက်ရာ ခရစ်ယာန်ဘုရားကျောင်း Notre Dame Cathedral

- Shopping အတွက် Ben Thanh Night Market တွင် စိတ်ကြိုက်ဈေးဝယ်ခြင်း

- Saigon River တွင် ဇိမ်ခံသင်္ဘောစီးကာ ညစာစားခြင်း

- Ho Chi Min မြို့၏ Land Mark တစ်ခုဖြစ်သော Reunification Palace ကို သွားလေ့လာခြင်း

- ကမ္ဘာလှည့် ခရီးသွားများ သဘောကျနှစ်သက်သော Dong Khoi Street သို့ သွားရောက်ကာ ဓါတ်ပုံလှလှလေးများ   ရိုက်ကူးခြင်း

- Cable Car စီးရင်း သဘာဝအလှများကို ငေးမောကြည့်ရှုကာ ပင်လယ်ရေ မျက်နှာပြင်အမြင့် ပေ ၁၃၀၀၀ကျော်မှာရှိသော BA Na Hills တောင်ပေါ်သို့ တက်ရောက်လည်ပတ်မည်

- ပန်းပေါင်းစုံ စီခြယ်ထားသော ပန်းဥယျာဉ် Le Jardin D’Amour တွင် ပန်းလေးများနဲ့ အလှပြိုင်ဓါတ်ပုံရိုက်ခြင်း

- ဆုတောင်းပြည့်ကာ ဗီယက်နမ်လူမျိုးများသာမက ကမ္ဘာလှည့်ခရီးသွားများပါ ယုံယုံကြည်ကြည် ဝင်ရောက် ဆုတောင်းဖူးမျှော်ကြသည့် Linh Ung Pagoda ကို သွားရောက်ဖူးမြော်ပြီး တောင်းဆုတစ်ခုပြုကြမည်

- နာမည်ကျော် နတ်ဘုရားလက်တံတား (သို့မဟုတ်) ရွှေလက်တံတား Golden Bridge တွင် အမှတ်တရဓါတ်ပုံများရိုက်ကူးခြင်း

- ပြင်သစ်လူမျိုးများနေထိုင်ခဲ့သော French Village သို့ သွားရောက်လည်ပတ်ခြင်း

- Fantasy Park တွင် Alpine Coaster ပတ်စီးခြင်း

- နာမည်ကျော် မီးခဲ ကမ်းခြေ နှင့် Son Tra Peninsula ကို သွားရောက်လည်ပတ်မည်

- ရိုမန်တစ်ဆန်ဆန် ပန်းရောင်ခြယ် ထားသော Gothic-style Church ကျောင်းကိုလေ့လာခြင်း

- နဂါးတစ်ကောင်အသွင်ရှိ Dragon Bridge နှင့် စိတ်ကူးယဉ်ကြည်နူးစရာ ချစ်သူ့တံတား Love Bridge

- သာယာလှပတဲ့ ထုံးကျောက်တောင်ကြီးများနဲ့ ဝန်းရံထားပြီး ယူနစ်စကိုအသိအမှတ်ပြုခံထားရသော ကမ္ဘာ့အမွေအနှစ်စားရင်းဝင် Ha Long Bay မှော်ပင်လယ်အော်ထဲတွင် Cruise စီးရင်း Sunset View များကို တဝကြီးခံစားကြမည်

- ထုံးကျောက်တောင်အတွင်း သဘာဝအတိုင်း ထုံးကျောက်ပုံများကို ထူးဆန်းလှပစွာမြင်တွေ့ရမည့် Thien Cung ဂူကို လည်ပတ်ခြင်း

- ဒဏ္ဍာရီထဲကဓားသိမ်းကန် Hoan Kiem Lake နှင့် အနီရောင် တံတားလေးတွင် ဓါတ်ပုံလှလှလေးများရိုက်ကူးခြင်း

- Hanoi Old Quarter မှာ ဒေသထွက်လက်ဆောင်ပစ္စည်းများ ဝယ်ယူခြင်း

- Ho Chi Minh လွတ်လပ်ရေးအထိမ်းမှတ်ကျောက်တိုင်၊ ဟိုချီမင်းနေအိမ် နှင့် အသုံးအဆောင်များကိုလည်း သွားရောက်လေ့လာရင်း အမှတ်တရ ပုံရိပ်တွေရိုက်ကူးကြပါမည်

- ဟင်းမျိုးပေါင်း ၂၀၀ ကျော်ရှိသော နာမည်ကျော် Sen Restaurant တွင် International Buffet တဝကြီးသုံးဆောင်ကြမည်

- ဆုတောင်းပြည့် သားဆုပန် တိုင်တလုံး One Pillar Pagoda နှင့် Hanoi မြို့၏ ပထမဦးဆုံး တည်ထားကိုးကွယ်သောဘုရားကျောင်း Tran Quoc Pagoda သို့သွားရောက်ဖူးမြော်ပြီး Hanoi မှာရှိသော အထင်ကရနေရာများကိုလည်း စုံလင်အောင်သွားလည်ရမည့် ခရီးစဉ်လေးတစ်ခုဖြစ်ပါသည်

ခရီးစဉ်အတွင်းပါဝင်သောဝန်ဆောင်မှုများ

  • Yangon – Ho Chi Minh – Danang - Hanoi - Yangon အသွားအပြန် လေယာဉ်လက်မှတ်
  • 3 Star Hotel
  • ဘူဖေး၊အရှေ့တိုင်း နှင့် အနောက်တိုင်း အစားအစာများပါဝင်သော နံနက်စာ၊နေ့လည်စာ၊ညနေစာများ
  • လည်ပတ်ရမယ့် Fully Air Con Car
  • မိသားစုဝင်ကဲ့သို့ နွေးထွေးပျူငှာစွာဆက်ဆံသော Tour Leader တစ်ဦး
  • Vietnam နိုင်ငံမှ English Tour Guide
  • ခရီးစဉ်တွင် ဖော်ပြထားသောနေရာများ၏ ဝင်ကြေးများ
  • နေ့စဉ် ရေသန့်တစ်ဗူးနှင့် Snow Tower ပေးခြင်း

ခရီးစဉ်အတွင်းမပါဝင်သောဝန်ဆောင်မှုများ

  • လေယာဉ်အတွက် ဝန်ပိုသယ်ဆောင်ခ
  • အထက်ပါ ခရီးစဉ်တွင် မဖော်ပြထားသော လည်ပတ်မှုနေရာများ
  • ဟိုတယ်တွင် ကိုယ်ပိုင်အသုံးစရိတ်ဖြစ်သော Laundry Charges, Room Services, Phone bill စသည့် ဝန်ဆောင်မှုများ
  • Guide နှင့် Driver အတွက် Tips money

ခရီးစဥ်

DAY 1 YANGON - HO CHI MINH (SAIGON)

Asian Tour ခရီးသွားခေါင်းဆောင်မှ ဧည့်သည်တော်ကြီးများအား ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် စောင့်ကြိုနေမည်ဖြစ်ပါသည်။ Yangon မင်္ဂလာဒုံလေဆိပ်မှ Ho Chi Minh (Saigon) မြို့သို့ Vietnam Airline ဖြင့် နေ့လည် ၁၂း၁၀ ထွက်ခွာပြီး Tan Son Nhat အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဗီယက်နမ်ဒေသစံတော်ချိန် နေ့လည် ၃း၀၅ တွင် ရောက်ရှိပါမည်။ Tan Son Nhat အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်သောအခါ ဒေသခံ Local Guide မှအသင့်စောင့်ကြိုနေပါမည်။ ထို့နောက် The Old Central Post Office (နှစ်ပေါင်း ၁၄၀ သက်တမ်းရှိ ဗဟိုစာတိုက်ကြီး) နှင့် Notre Dame Cathedral (ပြင်သစ် ဗိသုကာလက်ရာ ခရစ်ယာန်ဘုရားကျောင်း) သို့သွားရောက်လေ့လာပြီး အမှတ်တရဓာတ်ပုံများ ရိုက်ကူးကြပါမည်။ ထို့နောက် Ben Thanh Night Market သို့ ပို့ဆောင်ပေးမည်ဖြစ်သည်။ ဆက်လက်ပြီး Saigon River တွင် Cruise စီးရင်း ဖျော်ဖြေပွဲကြည့်ပြီး ညစာကို သုံးဆောင်ကြမည်ဖြစ်ပါသည်။ ထို့နောက် Hotel သို့ Check in ဝင်၍ အိပ်စက်အနားယူမည်ဖြစ်ပါသည်။

DAY 2 HO CHI MIN – DA NANG

Hotel တွင် နံနက်စာ သုံးဆောင်ပြီးနောက် Check Out ထွက်ကာ Ho Chi Min မြို့ ရဲ့ Land Mark တစ်ခုဖြစ်သော Reunification Palace ကို သွားရောက်လေ့လာပြီး Dong Khoi Street, နာမည်ကျော် Oprea House တို့ကိုသွားရောက်လေ့လာမည်။ ထို့နောက် နေ့လည်စာကို Local Restaurant တွင် သုံးဆောင်ပြီး စိတ်ကြိုက်ဈေးဝယ်ထွက်ကာ Than Son Nat လေဆိပ် မှ ညနေ ၄း၀၀ တွင် ထွက်ခွာပြီး Da Nang International လေဆိပ်သို့ ညနေ ၅း၂၀ တွင် ရောက်ရှိမည်ဖြစ်ပါသည်။ ညစာ ကို Da Nang ရှိ Local Restaurant တွင် သုံးဆောင်ပြီး Hotel သို့ Check- In ဝင်ကာ အိပ်စက်အနားယူမည်ဖြစ်သည်။

DAY 3 DANANG – BANA HILLS – HOI AN

နံနက်စာကို Hotel တွင် သုံးဆောင်ပြီး Da Nang မြို့နောက်ဘက်ရှိ BA Na Hills တောင်သို့ စတင်ထွက်ခွာမည်ဖြစ်ပါသည်။Ba Na Hills တောင်ခြေ မှ ဂရင်းနစ်စံချိန်တင်ခံရတဲ့ ကမ္ဘာ့အရှည်ဆုံး Cable Car စီးကာ လှပသော သဘာဝ အလှများကို ငေးမောရင်း ပင်လယ်ရေ မျက်နှာ ပြင် အမြင့် ပေ ၁၃၀၀၀ကျော် ရှိသော လှပ ကျော်ကြားသည့် တောင်ပေါ်သို့ တက်ရောက်မည် ဖြစ်ပါသည်။ ထို့နောက် တောင်ပေါ်ရှိ ပန်းပေါင်းစုံ စီခြယ်ထားသော ပန်းဥယျာဉ် Le Jardin D’Amour သို့ သွားရောက်လည်ပတ်ကာ အမှတ်တရ ဓါတ်ပုံများရိုက်ကူးမည် ဖြစ်ပါသည်။ထို့နောက် နေ့လည်စာကို Local Restaurant တွင် သုံးဆောင်ပြီး ဆုတောင်းပြည်ကာ ဗီယက်နမ် လူမျိုးများသာမက ကမ္ဘာ လှည့်ခရီးသွားများပါ ယုံယုံ ကြည်ကြည် ဝင်ရောက် ဆုတောင်းဖူးမျှော် ကြသည့် အမြင့်ပေ 30 မီတာ ရှိသော (Lady Buddha) ကွမ်ရင်မယ်တော် ဘုရားကျောင်း Linh Ung Pagoda သို့သွားရောက်လေ့လာဖူးမျှော်မည်။ ထို့နောက် နာမည်ကျော် နတ်ဘုရားလက် တံတား (သို့မဟုတ်) ရွှေလက်တံတား Golden Bridge သို့သွားရောက်လည်ပတ်ပြီး စိတ်ကူးရင်မောဖွယ်ရာ လှပသော အမှတ်တရ ဓါတ်ပုံများ ရိုက်ကူးမည်။ ပြင်သစ်လူမျိုးများ နေထိုင်ခဲ့သော French Village သို့သွားရောက် လည်ပတ်ပြီး Fantasy Park တွင် ရင်ခုန်စရာကောင်းသည့် တောင်စောင်းတွင် Alpine Coaster စီးကြပါမည်။ ထို့နောက် Hoi An မြို့သို့ ပြန်လည်ထွက်ခွာမည် ဖြစ်သည်။ ညစာ ကို Local Restaurant တွင် သုံးဆောင်ပြီး Hotel သို့ပြန်ကာ အိပ်စက်အနားယူမည်ဖြစ်ပါသည်။

DAY 4 DA NANG (HALF DAY) - HANOI

နံနက်စာကို Hotel တွင်သုံးဆောင်ပြီး Check Out ထွက်ကာ လှပပြီး ကျော့ရှင်းသော နံမည်ကျော် မီးခဲ ကမ်းခြေ ၊ Son Tra Peninsula တို့ကိုသွားရောက်လည်ပတ်မည်။ ထို့နောက် ရို့မန်တစ် ဆန်ဆန် ပန်းရောင်ခြယ် ထားသော Gothic-style Church ကျောင်း၊ နဂါးတစ်ကောက် အသွင် ရှိ Dragon Bridge နှင့် စိတ်ကူးရင်စရာ ချစ်သူ့တံတား Love Bridge တို့ကို သွားရောက်လည်ပတ်မည်။ထို့နောက် နေ့လည်စာ ကို Local Restaurant တွင် သုံးဆောင်ပြီး Da Nang လေဆိပ်မှ ညနေ ၆း၀၀ တွင် ထွက်ခွာပြီး Hanoi မြို့သို့ ညနေ ရး၂၀ တွင်ရောက်ရှိမည်ဖြစ်ပါသည်။ညစာ ကို Local Restaurant တွင် သုံးဆောင်ပြီး Hotel သို့ Check- In ဝင်ကာ အိပ်စက်အနားယူမည်ဖြစ်သည်။

DAY 5 HANOI – HALONG BAY - HANOI

Hotel တွင် နံနက်စာသုံးဆောင်ပြီး ၁၉၉၄ ခုနှစ်တွင် ယူနက်စကိုအသိအမှတ်ပြုခံထား ရသော ကမ္ဘာ့သဘာဝအမွေအနှစ် တစ်ခုဖြစ်သည့် Ha Long Bay သို့ စတင်ထွက်ခွာမည်။ Ha Long Bay သို့ရောက်လျှင် Cruise ပေါ်သို့ တက်ရောက်ပြီး အလွန်လှပသော ဟာလောင်ဘေး ၏အလှကိုကြည့်ရှုခံစားပြီး နေ့လည်စာ ကို Cruise ပေါ်တွင် သုံးဆောင်မည်ဖြစ်ပါသည်။ Halong Bay ရှိ လှပကျော်ကြားသော Ga Choi Islet နှင့် Paradise Grotto (Thien Cung) ဂူသို့ သွားရောက်လည်ပတ်ပါမည်။ ထို့နောက် Hanoi မြို့သို့ ပြန်လည်ထွက်ခွာကာ ညစာကို Local Restaurant တွင်သုံးဆောင်ပြီး Hotel သို့ပြန်ကာ အိပ်စက်အနားယူမည်ဖြစ်ပါသည်။

DAY 6 HANOI – YANGON

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီး Hotel မှ Check-Out ထွက်ကာ Bai Din Square, Ho Chi Min Mausoleum, ဟိုချီမင်းနေအိမ်၊ One Pillar Pagoda တို့ကို သွားရောက်လည်ပတ်ပြီး West Lake , Tran Quoc Pagoda တို့အား သွားရောက်လေ့လာမည်ဖြစ်သည်။ နေ့လည်စာကို Sen Restaurant တွင် International Buffet သုံးဆောင်ပြီး Noi Bai လေဆိပ်သို့ ထွက်ခွာ Noi Bai လေဆိပ်မှ ညနေ ၄း၃၀ တွင်ထွက်ခွာပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ညနေ ၆း၀၀ တွင် စိတ်အေးချမ်းသာ စွာဖြင့်ပြန်လည် ရောက်ရှိမည်ဖြစ်ပါသည်။

ခရီးစဉ် ပြီး ဆုံးပါပြီခင်ဗျာ