မလေးရှား - ကွာလာလမ်ပူ ( ၄ ရက် / ၃ ည )

ခရီးစဉ်တွင် လည်ပတ်ရမည့်နေရာများ
- ဘုရင့်နန်းတော်သစ် (Photo Stop) နှင့် ဟိန္ဒူရိုးရာပုံစံ မူရူဂန်နတ်ဘုရားရုပ်ကြီး ထုလုပ်ထားရာ ထုံးကျောက်ဂူသို့သွားရောက်လည်ပတ်ခြင်း
- နာမည်ကြီး မလေးရှားပါတိတ်လုပ်ငန်းများရှိရာသို့ သွားရောက်လည်ပတ်ကြခြင်း
- ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၂၀၀၀ ကျော်အမြင့်တွင်တည်ရှိသောမြို့လေး Genting Highlands သို့ ကေဘယ်ကားဖြင့် တက်ရောက်ပြီး ကာစီနိုများ၊ နာမည်ကျော် Branded အသုံးဆောင်ပစ္စည်းများ ရောင်းချရာမြို့လေးတွင် Free & Easy လည်ပတ်နိုင်ခြင်း
- ပြင်သစ်စတိုင် အဆောက်အဦးများနှင့် Resort တည်ရှိရာ ဘာဂျာရာတောင်ကုန်းသို့ သွားရောက်လည်ပတ်ခြင်း၊ အမှတ်တရဓါတ်ပုံရိုက်ကူးခြင်း
- Sunnway Lagoon အပန်းဖြေ ကစားကွင်းသို့ သွားရောက်ကာ စိတ်လက်ပေါ့ပါးစွာဖြင့် ဆော့ကစားကြခြင်း
- KL City Tour ဖြစ်သည့် မာဒေးကားရင်ပြင်၊ အမျိုးသားရေးအထိန်းအမှတ်ရုပ်ထု၊ လွှတ်တော်အဆောက်အဦး၊ National Mosque ဗလီ အစရှိသည့် အထင်ကရနေရာများသို့ အမှတ်တရဓါတ်ပုံများရိုက်ကူးနိုင်ရန် ပို့ဆောင်ပေးခြင်း
- ချောကလတ်အမျိုးစုံလင်စွာ တွေ့မြင်ရနိုင်သည့် KL Chocolate House နှင့် ဒေသထွက် Souvenirs များဝယ်ယူနိုင်ရန် သွားရောက်ခြင်း
- မလေးရှားနိုင်ငံ၏ အမှတ်သင်္ကေတဖြစ်သော Twin Tower ရှေ့တွင်အမှတ်တရဓါတ်ပုံများ ရိုက်ကူးကြခြင်း
- လက်ဆောင်ပစ္စည်းများ စိတ်ကြိုက်ဝယ်ယူနိုင်ရန် Suria KLCC Shopping Mall သို့ သွားရောက်လည်ပတ်ခြင်း
ခရီးစဉ်အတွင်း ပါဝင်သောဝန်ဆောင်မှုများ
• Kuala Lumpur – Yangogn အသွားအပြန် လေယာဉ်လက်မှတ်
• ကြယ်သုံးပွင့် အဆင့်ရှိသောဟိုတယ်တွင် ၆ ညတာတည်းခိုခြင်း
• ဘူဖေး၊အရှေ့တိုင်း နှင့် အနောက်တိုင်း အစားအစာများပါဝင်သော နံနက်စာ၊နေ့လည်စာ၊ညစာများ
• ခရီးစဉ်အတွင်းလည်ပတ်မည့် Fully Aircon Bus
• မိသားစုဝင်ကဲ့သို့ နွေးထွေးပျူငှာစွာဆက်ဆံသော Tour Leader တစ်ဦး
• ဒေသခံ Tour Guide
• ခရီးစဉ်တွင် ဖော်ပြထားသောနေရာများ၏ ဝင်ကြေး
• နေ့စဉ် ရေသန့်တစ်ဗူးနှင့် Snow Tower
ခရီးစဉ်အတွင်းမပါဝင်သောဝန်ဆောင်မှုများ
• လေယာဉ်အတွက် ဝန်ပိုသယ်ဆောင်ခ
• အထက်ပါ ခရီးစဉ်တွင် မဖော်ပြထားသော လည်ပတ်မှုနေရာများ
• ဟိုတယ်တွင် ကိုယ်ပိုင်အသုံးစရိတ်ဖြစ်သော Laundry Charges, Room Services, Phone bill စသည့် ဝန်ဆောင်မှုများ
• Guide နှင့် Driver အတွက် Tips money
ခရီးစဉ်

Day 1 - Ygn - Kuala Lumpur
( - / Lunch / Dinner )
⁃ မနက်အစောပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ Asian Tour မှ Tour Leader နှင့်တွေ့ဆုံ၍ Check-in ပြုလုပ်ပြီး MAI Airlines (8M-501) ဖြင့် ကွာလာလမ်ပူမြို့တော် သို့ထွက်ခွာပါမည်။
⁃ ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိပြီး Asian Tour ၏ Local Guide မှနွေးထွေးစွာ ကြိုဆိုပါမည်။
⁃ နေ့လည်စာကို combo meal set ဖြင့်ပေါ့ပေါ့ပါးပါးသုံးဆောင်ပါမည်။
⁃ ရှေးဦးစွာ ကွာလာလမ်ပူမြို့တော်ရဲ့ အထင်ကရနေရာများ ဖြစ်သည့်
📍လွှတ်တော်အဆောက်အအုံ
📍လွတ်လပ်ရေးအထိမ်းအမှတ်ရင်ပြင် နှင့်
📍ဘုရင့်နန်းတော် သို့သွားရောက်လည်ပတ်ပါမည်။
⁃ ထို့နောက် မလေးရှားရဲ့ ဂုဏ်ယူစရာ
📍River of Life
📍Petronas Twin Tower သို့သွားရောက် လည်ပတ်ပြီး Gohtong Jaya စားသောက်ဆိုင်တွင် ညစာသုံးဆောင်ပါမည်။
⁃ ညစာသုံးဆောင်ပြီးနောက် ဟိုတယ်တွင် Check in ဝင်ကာ အိပ်စက်အနားယူပါမည်။

Day 2 - Explore Kuala Lumpur
( Breakfast / Lunch / Dinner )
⁃ နံနက်စာကို ဟိုတယ်တွင် သုံးဆောင်ပါမည်။
⁃ ထို့နောက် Genting Highlands သို့သွားရောက်လည်ပတ်ပြီး Genting Premium Outlet မှာ ဈေးဝယ်ထွက်ပါမည်။
⁃ နေ့လည်စာကိုမသုံးဆောင်မှီ Cable Car စီးပြီး တောင်ထိပ်ရှိ Sky Avenue သို့သွားရောက်လည်ပတ်ပါမည်။
⁃ ညနေပိုင်းတွင် Batu Cave သို့ သွားရောက်လည်ပတ်ပြီး ညစာကို Local Restaurant သုံးဆောင်ပါမည်။
⁃ ထို့နောက် ဟိုတယ်တွင် အိပ်စက်အနားယူပါမည်။

Day 3 - Kuala Lumpur - Malacca (Day Trip)
( Breakfast / Lunch / Dinner )
⁃ ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးနောက် ရှေးဟောင်းသမိုင်းဝင် မြို့တော် Malacca သို့ ကားဖြင့် ထွက်ခွာပါမည်။
⁃ Malacca ၏ အထင်ကရနေရာများဖြစ်သော
📍St. Paul's Hill၊ A Famosa ခံတပ်ဟောင်း
📍Dutch Square (Red Square) နှင့်
📍Stadthuys တို့သို့ သွားရောက်လည်ပတ်မည်။
⁃ နေ့လည်စာကို Local Restaurant တွင် သုံးဆောင်ပါမည်။
⁃ ထို့နောက် ကွာလာလမ်ပူသို့ ပြန်လည်မောင်းနှင်ကာ ညစာကို Local Restaurant တွင်သုံးဆောင်ပါမည်။
⁃ ဟိုတယ်တွင် အိပ်စက်အနားယူပါမည်။

Day 4 - Kuala Lumpur - Yangon
( Breakfast / - / - )
⁃ မနက်စာကို ဟိုတယ် တွင် သုံးဆောင်ပါမည်။
⁃ Chocolate Shop ကို သွားရောက်ပြီး Chocolate များစိတ်ကြိုက်ဝယ်ယူပါမည်။
⁃ ထို့နောက် ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပို့ဆောင်ပေးပြီး MAI Airline (8M - 503) ဖြင့်ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ပျံသန်းရောက်ရှိမည်ဖြစ်ပါသည်။



Share This Page