စင်ကာပူ + မလေးရှား ( ၅ ရက် / ၄ ည )

ခရီးစဉ်တွင် လည်ပတ်ရမည့်နေရာများ
Singapore
- Singapore နိုင်ငံ၏ အဓိကပြယုဂ်တစ်ခုဖြစ်သည့် Merlion ရုပ်တုကြီးနှင့် အမှတ်တရ ဓါတ်ပုံများရိုက်ကူးပါမည်။
- ခေတ်မှီဖွံ့ဖြိုးလှပသော Suntec City ကို သွားရောက်လည်ပတ်ခြင်း
- ရင်ခုန် စိတ်လှုပ်ရှားဖွယ်ကောင်းသော အရှေ့တောင်အာရှ ရဲ့ အကျော်ကြားဆုံးကစားကွင်းဖြစ်သည့် Universal Studio သို့ သွားရောက်လည်ပတ်ပြီး စိတ်ကြိုက်ဆော့ကစားခြင်း
- 3D မီးပန်းများဖြင့် လှပစွာပုံဖော်ထားသော Wings of Time ပွဲကြည့်ရှုကြမည်
- Sentosa ကျွန်းသို့ Cable Car ဖြင့် တက်ရောက်ကာ ကမ္ဘာကျော်များ၏ ပုံတူဖယောင်းရုပ်တုများရှိရာ Madame Tussauds ကို သွားရောက်လည်ပတ်ပြီး ကိုယ်နှစ်ရာ ကမ္ဘာကျော် နှင့် အမှတ်တရ ဓါတ်ပုံများ စိတ်ကြိုက်ရိုက်ကူးကြမည်
- နိုင်ငံအရပ်ရပ်မှ မျိုးစိတ်ပေါင်း ၅၀၀၀ကျော်၊ အပင်ပေါင်း ၁သန်းကျော်ကို စင်္ကာပူနိုင်ငံရဲ့ နည်းပညာတိုးတက်မှု နှင့်အညီ ရှင်သန်အောင်ပြုစုပျိုးထောင်ထားပုံများကို မျက်ဝါးမြင်မြင် တွေ့မြင်နိုင်သည့် Garden By The Bay သို့သွားရောက်လည်ပတ်ခြင်း
- Garden By The Bay ထဲမှ Flower Doom ပန်းဥယျာဉ်၊ ရေရှားပါးသည့်နိုင်ငံဖြစ်သည့်အတွက် Water Cycle နည်းပညာနဲ့ သစ်တောတစ်ခုလုံးအေးစိမ့်အောင်ပြုလုပ်ပေးထားပြီး ရေတံခွန်အတုပါ ဖန်တီးပြုလုပ်ပေးထားသည့် Cloud Forest တို့ကို သွားရောက်လေ့လာလည့်ပတ်ခြင်း
Malaysia
- ရှေးဟောင်းမြို့တော်မလာကာရှိ အထင်ကရနေရာများဖြစ်သော Bukit China, Portuguese Settlement, Porta De Santiago, St. Paul's Church, Red Square, Christ Church များသို့ လည်ပတ်ခြင်း
- တရုတ်ဘုံကျောင်းဖြစ်သော Cheng Hoon Teng Temple သို့ သွားရောက်လေ့လာလည်ပတ်ခြင်း
- မလကာမြို့၏ နာမည်ကြီးကျော်ကြားသော Jonker လမ်းပေါ်တွင်လမ်းလျှောက်ရင်း ရှေးကျပြီး တန်ဖိုးကြီးသော အရာများရှိရာဆိုင်များတွင် မိမိစိတ်ကြိုက် Shopping ထွက်ကြပါမည်
- ပင်လယ်ရေမျက်နှာပြင် အထက် ပေ ၆၀၀၀ ကျော်မြင့်သော Genting Highlands ပေါ်သို့ အရှေ့တောင်အာရှ၏ Cable တန်း အရှည်ဆုံးနှင့် အမြန်ဆုံး Cable Car ဖြင့်တက်ရောက်ပြီး သာယာလှပသော ရှုခင်းများကို ကြည့်ရှုခံစားခြင်း
- စိတ်ကူးယဉ်ဆန်သော ကိုယ်ပိုင်ကမ္ဘာငယ်လေးဟု ထင်ရသော Genting Highlands တွင် လမ်းလျှောက်လည့်ပတ်ကြည့်ရှု ခြင်း၊ ကစားနည်းပေါင်းများစွာ ပျော်ပျော်ရွှင်ရွှင်ကစားခြင်း
- Casino Gaming ကိုယ်တိုင်အတွေ့အကြုံများ လေ့လာခြင်း (မှတ်ချက်။ ။Casino ဝင်းထဲ ဝင်လျင် တီချပ်ကော်လာအင်္ကျီဝတ်ဆင်ရပါမည်။ ၂၁ နှစ်အောက် ဧည့်သည်တော်များ Casino ဝင်းထဲသို့ ဝင်ခွင့်မပြုပါ။)
- ကွာလာလမ်ပူမြို့၏ အထင်ကရနေရာများဖြစ်သော Royal Palace, Independence Square, New Putrajaya သို့ သွားရောက်လည်ပတ်ကာ Twin Tours တွင်အမှတ်တရ ဓာတ်ပုံများရိုက်ကူးကြမည်
- Chocolate Shop နှင့် တခြားလက်ဆောင်ပစ္စည်းများကို KLCC ရှိ Shopping Mall များတွင် Shopping ထွက်ကြပါမည်
ခရီးစဉ်အတွင်း ပါဝင်သောဝန်ဆောင်မှုများ
• Yangon - Singapore / Kuala Lumpur – Yangogn အသွားအပြန် လေယာဉ်လက်မှတ်
• ကြယ်သုံးပွင့် အဆင့်ရှိသောဟိုတယ်တွင် ၆ ညတာတည်းခိုခြင်း
• ဘူဖေး၊အရှေ့တိုင်း နှင့် အနောက်တိုင်း အစားအစာများပါဝင်သော နံနက်စာ၊နေ့လည်စာ၊ညစာများ
• ခရီးစဉ်အတွင်းလည်ပတ်မည့် Fully Aircon Bus
• မိသားစုဝင်ကဲ့သို့ နွေးထွေးပျူငှာစွာဆက်ဆံသော Tour Leader တစ်ဦး
• ဒေသခံ Tour Guide
• ခရီးစဉ်တွင် ဖော်ပြထားသောနေရာများ၏ ဝင်ကြေး
• နေ့စဉ် ရေသန့်တစ်ဗူးနှင့် Snow Tower
ခရီးစဉ်အတွင်းမပါဝင်သောဝန်ဆောင်မှုများ
• လေယာဉ်အတွက် ဝန်ပိုသယ်ဆောင်ခ
• အထက်ပါ ခရီးစဉ်တွင် မဖော်ပြထားသော လည်ပတ်မှုနေရာများ
• ဟိုတယ်တွင် ကိုယ်ပိုင်အသုံးစရိတ်ဖြစ်သော Laundry Charges, Room Services, Phone bill စသည့် ဝန်ဆောင်မှုများ
• Guide နှင့် Driver အတွက် Tips money
ခရီးစဉ်

Day 1 - Yangon - Kuala Lumpur
( - / Lunch / Dinner )
⁃ မနက်အစောပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ Asian Tour မှ Tour Leader နှင့်တွေ့ဆုံ၍ Check-in ပြုလုပ်ပြီး MAI Airlines (8M-501) ဖြင့် ကွာလာလမ်ပူနိုင်ငံသို့ထွက်ခွာပါမည်။
⁃ လေယာဉ်ခရီးစဉ် ပြီးဆုံးချိန်တွင် ကွာလာလမ်ပူအပြည်ပြည်ဆိုင်ရာလေဆိပ်၌ Asian Tour ၏ Local Guide မှ နွေးထွေးစွာကြိုဆိုပါမည်။
⁃ နေ့လည်စာကို Local Restaurant တွင် သုံးဆောင်ရမည်ဖြစ်ပါသည်။
⁃ စားသုံးပြီးနောက် ကွာလာလမ်ပူမြို့တော်၏ အထင်ကရနေရာများဖြစ်သည့်
⁃ လွှတ်တော်အဆောက်အအုံ
- မလေးရှားနိုင်ငံ၏ အမျိုးသား လွတ်လပ်ရေးအထိမ်းအမှတ်ရင်ပြင် (Merdeka Square)
⁃ ဘုရင့်နန်းတော်
⁃ မလေးရှားရင်းဂစ် ၄.၄ ဘီလျံ အကုန်အကျခံ ပြုပြင်ထားသော River of Life
⁃ ကမ္ဘာကျော် Petronas Twin Tower တို့ကို သွားရောက်လည်ပတ်ပြီးအမှတ်တရဓာတ်ပုံများရိုက်ကူးနိုင်ပါမည်။
⁃ ထို့နောက် မလေးရှားနိုင်ငံ၏ ထွက်ကုန်တစ်ခုဖြစ်သည့် ချောကလက်အရသာအမျိုးမျိုးကို မြည်းစမ်းဝယ်ယူနိုင်ရန် Chocolate Shop သို့ ပို့ဆောင်ပေးပါမည်။
⁃ River Of Life တွင် ညအလှကိုခံစားပြီး ညစာကို Local Restaurant တွင်သုံးဆောင်ပါမည်။
⁃ ညစာသုံးဆောင်ပြီးနောက် ဟိုတယ်တွင် အိပ်စက်အနားယူနိုင်ပါမည်။

Day 2 - Genting Highlands
( Breakfast / Lunch / Dinner )
- နံနက်စာကို အေးအေးဆေးဆေး သုံးဆောင်ပြီးတဲ့အခါ ဒီနေ့ခရီးစဉ်ရဲ့ အဓိကနေရာတွေဆီကို စတင်ထွက်ခွာပါမည်။
⁃ ပထမဆုံး သွားမယ့်နေရာက ဂင့်တင်းကုန်းမြင့် (Genting Highlands) ပါ။ ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၂၀၀၀ လောက်မှာ တည်ရှိတဲ့ ဒီနေရာက အေးမြပြီး မလေးရှားရဲ့ တစ်ခုတည်းသော ကာစီနိုအပန်းဖြေစခန်းလည်း ဖြစ်ပါတယ်။
⁃ တောင်ခြေကို ရောက်တာနဲ့ Genting Premium Outlet မှာ ဈေးဝယ်ထွက်ဖို့ အချိန်ပေးထားပါတယ်။ ဒီမှာ အမှတ်တရပစ္စည်းတွေ၊ အဝတ်အစားတွေကို ဈေးကောင်းကောင်းနဲ့ ဝယ်လို့ရပါတယ်။
⁃ ပြီးရင် Cable Car စီးပြီး တောင်ထိပ်ကို တက်ရမှာပါ။ ကေဘယ်ကားပေါ်ကနေ အောက်ဘက်ကို ကြည့်လိုက်ရင် တောအုပ်တွေ၊ တိမ်မြူတွေကြားက ရှုခင်းက အရမ်းလှပါတယ်။
⁃ တောင်ထိပ်ကို ရောက်တဲ့အခါ Sky Avenue ရဲ့ စုံလင်တဲ့ ဈေးဆိုင်တွေ၊ Indoor/Outdoor Amusement Park တွေ၊ Water Park တွေမှာ စိတ်ကြိုက် အပန်းဖြေနိုင်ပါတယ်။ ကာစီနိုမှာ ကံစမ်းချင်တယ်ဆိုရင်လည်း ဝင်ရောက်လို့ရပါတယ်။
⁃ နေ့လည်စာအတွက် combo meal set ဖြင့်သုံးဆောင်ပါမည်။
⁃ ညနေပိုင်းရောက်တဲ့အခါ Cable Car နဲ့ ပြန်ဆင်းပြီး နောက်ထပ် လည်ပတ်စရာ နေရာတစ်ခုဖြစ်တဲ့ ဘာတူးဂူ (Batu Caves) ကို သွားပါမယ်။
⁃ ဒီနေရာက ဟိန္ဒူဘာသာဝင်တွေရဲ့ အထွတ်အမြတ်ထားရာ နေရာတစ်ခုပါ။ ဂူထဲမှာ Murugan နတ်ဘုရားရဲ့ ရုပ်တုတည်ရှိပြီး သွားရောက်လေ့လာဖို့ လှေကားထစ်ပေါင်း ၂၇၂ ထစ်ကို တက်ရပါမယ်။
⁃ ဂူအဝင်ဝမှာ ရွှေရောင်ကြီးမားတဲ့ Murugan ရုပ်တုရှေ့မှာ အမှတ်တရ ဓာတ်ပုံရိုက်လို့ရပါတယ်။
⁃ ညနေခင်းမှာ ကွာလာလမ်ပူကို ပြန်လာပြီး Local Restaurant ညစာသုံးဆောင်ပါမည်။
⁃ ဟိုတယ်မှာ ဒုတိယမြောက်ညကို အနားယူပါမယ်။

Day 3 - Melaka
( Breakfast / Lunch / Dinner )
⁃ မနက်ခင်းမှာ ဟိုတယ်ရဲ့ နံနက်စာကို သုံးဆောင်ပြီး ယူနက်စကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ရှေးဟောင်းမြို့လေး မလက်ကာ (Melaka) ဆီကို သွားရောက်လည်ပတ်ပါမည်။
⁃ မလက်ကာကို ရောက်တာနဲ့ ပထမဆုံး ဒတ်ခ်ျတွေ တည်ဆောက်ခဲ့တဲ့ Dutch Square ကို သွားပါမယ်။
⁃ ပြီးရင် ပေါ်တူဂီတွေ တည်ဆောက်ခဲ့တဲ့ Porta de Santiago (A Famosa) ကို သွားပါမယ်။ ဒီခံတပ်အကြွင်းအကျန်က မလက်ကာရဲ့ သမိုင်းကြောင်းကို ပြောပြနေပါတယ်။
⁃ ဆက်လက်ပြီး Maritime Museum ကို သွားရောက်လည်ပတ်ပါမယ်။ ဒီပြတိုက်က သင်္ဘောပုံစံနဲ့ တည်ဆောက်ထားတာမို့ အရမ်းစိတ်ဝင်စားစရာကောင်းပါသည်။
⁃ ထို့နောက် ဈေးဆိုင်တန်းတွေနဲ့ စည်ကားတဲ့ Jonker Street ကို သွားပါမယ်။ ဒီနေရာမှာ Free and Easy လည်ပတ်လို့ရပါတယ်။ ဒေသထွက်ကုန်တွေ၊ အမှတ်တရပစ္စည်းတွေ ဝယ်ယူလို့ရပါတယ်။
⁃ ပြီးရင် 3D ပုံစံ နံရံဆေးပန်းချီတွေနဲ့ နာမည်ကြီးတဲ့ 3D Street ကို သွားပါမယ်။ ဒီမှာ ပျော်ရွှင်စွာ အမှတ်တရဓာတ်ပုံတွေ ရိုက်ကူးလို့ရပါမည်။
⁃ ညနေပိုင်းရောက်တဲ့အခါ Melaka Cruise စီးပြီး မလက်ကာမြို့ရဲ့ မီးရောင်စုံအလှကို ခံစားပါမည်။ ညဘက်ရေပြင်ပေါ်က မြို့ရဲ့အလှက တကယ်ကို စိတ်ကူးယဉ်ဆန်ပါသည်။
⁃ နေ့လည်စာနဲ့ ညစာကို ဒေသစားသောက်ဆိုင်တွေမှာ သုံးဆောင်ပြီး ဟိုတယ်ကို Check in ဝင်ကာ တစ်ညတာ အနားယူပါမယ်။

Day 4 - Melaka - Singapore
( Breakfast / Lunch / Dinner )
⁃ မနက်စာကို ဟိုတယ်မှာ သုံးဆောင်ပြီး မလက်ကာကနေ နယ်စပ်မြို့လေး ဂျိုဟိုး (Johor) ကို ကားနဲ့ ခရီးဆက်ပါမယ်။ ပြီးရင် နယ်စပ်ကိုဖြတ်ပြီး စင်ကာပူ (Singapore) ကို ဝင်ရောက်ပါမယ်။
⁃ စင်ကာပူရောက်တာနဲ့ နေ့လည်စာကို Local Restaurantမှာ သုံးဆောင်ပါမယ်။
- ပြီးရင် စင်ကာပူနိုင်ငံရဲ့ အထင်ကရနေရာတွေကို စတင်လည်ပတ်ပါမယ်။
⁃ စင်ကာပူရဲ့ အထင်ကရ နေရာတစ်ခုဖြစ်တဲ့ (Merlion) ရုပ်တုကို သွားရောက်ကြည့်ရှုပြီး ဓာတ်ပုံရိုက်ကူးနိုင်ပါမည်။
⁃ Esplanade လို့ခေါ်တဲ့ ဒူးရင်းသီးပုံစံရှိသော ဗိသုကာလက်ရာတွေနဲ့ ထင်ရှားတဲ့ ဖျော်ဖြေရေးစင်တာကိုသွားရောက်လည်ပတ်ပါမည်။
⁃ ထို့နောက် Parliament House ဟုခေါ်သော စင်ကာပူရဲ့ လွှတ်တော်အဆောက်အအုံကို သွားရောက်လေ့လာပါမည်။
⁃ ညနေပိုင်းတွင် ဟိုတယ်မှာ Check in ဝင်ပြီး ညစာကို Local Restaurant မှာ သုံးဆောင်ကာ တစ်ညတာ အနားယူပါမယ်။

Day 5 - Singapore - Yangon
( Breakfast / Lunch / -)
⁃ ခရီးစဉ်ရဲ့ နောက်ဆုံးနေ့ပါ။ မနက်စာကို ဟိုတယ်မှာ သုံးဆောင်ပြီးစင်ကာပူရဲ့ ဂုဏ်ယူစရာနေရာတစ်ခုဖြစ်တဲ့ Gardens by the Bay (2 Domes) ကို သွားရောက်လည်ပတ်ပါမည်။
⁃ ထို့နောက် နေ့လည်စာကို Local Restaurant တွင်သုံးဆောင်ပါမည်။
⁃ ဆက်လက်ပြီး China Town ကိုသွားရောက်လည်ပတ်ပါမည်။ Buddha Tooth Relic Temple ကိုလည်းဖူးမျှော်နိုင်ပါမည်။
⁃ စင်ကာပူရဲ့ အကြီးဆုံးဈေးဝယ်စင်တာကြီး ဖြစ်သော vivo city ကိုသွားပါမည်။ အမှတ်တရလက်ဆောင်များကိုစိတ်ကြိုက်ဈေးဝယ်ထွက်နိုင်ပါမည်။
⁃ ထို့နောက် Jewel Changi Airport သို့သွားရောက်ပြီး Rain Vortex နှင့် Shiseido Forest Vally တို့တွင် အမှတ်တရဓာတ်ပုံများရိုက်ကူးနိုင်ပါမည်။
⁃ MAI Airlines (8M-232) ဖြင့်ရန်ကုန်သို့ပြန်လည်ထွက်ခွာပါမည်။



Share This Page