ပုဂံအနီးအနား လည်ပတ်စရာနေရာများ

🎈ကမ္ဘာ့အမွေအနှစ်စာရင်းဝင် တန်ဖိုးမဖြတ်နိုင်တဲ့ရှေးဟောင်းဘုရားများရှိတဲ့ ပုဂံဆိုတာ မသိသူမရှိ၊ မရောက်ဖူးသူမရှိသလောက်ရှားပါးတဲ့ဒေသပါ..
🎈ဒါပေမယ့် ပုဂံအနီးအနားကလည်ပတ်စရာနေရာတွေကိုတော့ ရောက်ဖူးသူ အတော်နဲပါးပါလိမ့်မယ် ဒါ့ကြောင့် ပုဂံကနေ အနီးတဝိုက်လည်ပတ်လို့ရတဲ့ နေရာလေးတွေနဲ့ အခြား Activities လေးတွေကို အသေးစိတ်သိစေဖို့ အောက်မှာဖော်ပြပေးထားတဲ့ တစ်ပုံချင်းစီမှာ လေ့လာနိုင်ပါတယ်နော်..
🎈မိတ်ဆွေတို့ကို ထပ်ပြီး အကြံပြုချင်တာကတော့ ပုဂံကို သွားလည်မယ်ဆို မိုးရာသီကအကောင်းဆုံးအချိန်ဖြစ်ပါတယ် ရာသီဥတုသာယာတော့ ကိုယ့်မိသားစု၊ သူငယ်ချင်း၊ အပေါင်းအသင်း၊ မိတ်ဆွေတို့နဲ့ သာသာယာယာ လည်ပတ်လို့ရပါတယ် ရာသီဥတုအရမ်းပူလို့ ရာသီတုတ်ကွေးတောင် မဖြစ်တဲ့နေရာဆိုတော့ သွားရောက်လည်ပတ်ဖို့ အရမ်းအဆင်ပြေပါတယ်..
🎈တည်းခိုစရာ ဟိုတယ်ရွေးချယ်မယ်ဆိုရင်လဲ နေရာခေါင်တဲ့နေရာမဖြစ်ဖို့ ရွေးချယ်တတ်ဖို့ လိုပါတယ်နော် ပုဂံမြို့သစ် နဲ့ ညောင်ဦးပတ်ဝန်းကျင်အနီးမှာရှိတဲ့ ဟိုတယ်တွေကတော့ ဈေးသက်သာပါတယ် မြို့ဟောင်းကဟိုတယ်တွေကတော့ ဈေးကြီးတယ်ဆိုတာလေး ပြောပြပါရစေနော်..

စက်စက်ယိုကျေးရွာ
----------------------
🎈အခု ပြောပြချင်တာကတော့ မြန်မာခရီးသွားတွေသိပ်မသိသေးတဲ့ စက်စက်ယို ရွာလို့ခေါ်တဲ့နေရာလေးပါ အဲ့မှာ ဟိုတုန်းကလို စရစ်ဝိုင်းလေးတွေနဲ့ ချစ်စရာကလေးငယ်လေးတွေရှိပါတယ် ..

🎈ဒီလိုချစ်ဖို့အလွန်ကောင်းတဲ့ စရစ်ဝိုင်းလေးတွေရဲ့ ဓလေ့စရိုက်တွေကိုလေ့လာချင်လို့ သွားချင်တယ်ဆိုရင် လမ်းညွှန်လေးကတော့ ပုပ္ပါးကထွက်လာရင် စက်စက်ယိုကျေးရွာဆိုတဲ့ ဆိုင်းဘုတ်လေးတွေ့တာနဲ့ မိနစ် (၂၀) လောက်အထဲကို ဝင်လိုက်ရင် စက်စက်ယိုလေးတို့ဆီ ရောက်ပါပြီနော်..

🎈ရွာမှာရှိတဲ့ဘုန်းဘုန်းကနေ စာသင်ပေးထားတာမို့ စာရေးကိရိယာတွေ လှူဒါန်းချင်သူများလဲ လှူဒါန်းလို့ရပါတယ်နော်..

အကြော်စုံပူပူလေး
--------------------
🎈နောက်တစ်ခုက ပုဂံကို ရောက်ရင် ဘုရားတွေအထဲ လည်ရင်း ပတ်ရင်းနဲ့ ညနေဘက် Sunset လေးကြည့်ပြီး အကြော်စုံပူပူလေးစားဖို့ မမေ့ပါနဲ့နော်.. ဈေးနှုန်းလေးက တစ်ပွဲမှ ၅၀၀ ကျပ်ထဲရယ်၊ အေးဆေးအနားယူရင်း ရေနွေးလေးသောက်သောက်၊ ကော်ဖီလေးသောက်သောက် ကြိုက်နှစ်သက်ရာလဲ သောက်လို့ရသေးတယ်နော်..

ပုဂံနန်းတော်
---------------
🎈ရှေးမြန်မာဘုရင်တွေ နန်းဆိုက်ခဲ့တဲ့ ပုဂံနန်းတော်ကို သွားလည်လို့ရပါတယ် ရှေးဘုရင်တွေရဲ့ နန်းဆောင်တွေ၊ အသုံးအဆောင်တွေကို လေ့လာနိုင်မယ် ပြီးတော့ ပုဂံက နေ့လည်ဘက်ဆို အရမ်းပူတာကြောင့် နေ့လည်နေ့ခင်း အပူရှောင်ရင်းနဲ့ ဝင်ရောက်လည်ပတ်နိုင်ပါတယ် ဝင်ကြေးက တစ်ယောက်ကို ၅၀၀ ကျပ်သာ ပေးရပါတယ်..

မြင်းလှည်းလေးနဲ့ တူပျော်ပျော်
---------------------------------
🎈ပုဂံကို သွားတဲ့သူတော်တော်များများက ကိုယ့်ကားနဲ့ကိုယ်သွားရင်သွား မဟုတ်ရင် တိုးနဲ့သွားတဲ့သူတွေများပါတယ် တခါလောက် အတွေ့အကြုံအသစ်လေးရစေဖို့ ပုဂံမှာ မြင်းလှည်းလေးနဲ့လည်ပတ်ကြည့်ပါလားနော် မြင်းလှည်းလေးနဲ့သွားရင် ဘာနဲ့မှမတူတဲ့ ခံစားမှုရစေမှာပါ ပုဂံမှာ ကိုယ်မသိသေးတဲ့ ဘုရားတွေအကြောင်း မြင်းလှည်းဆရာကို မေးလို့ရပါတယ် ဘုရားအကြောင်းတွေသာမက မြင်းလှည်းဆရာတို့ရဲ့ဘဝအကြောင်းလေးတွေပါ သိခွင့်ရမှာပါ မြင်းလှည်းခကတော့ ဘုရားတွေအားလုံး တစ်ပတ်စီးကိုမှ ၁၂၀၀၀ ကျပ်ထဲပါ ပုဂံမှာ မြင်းလှည်းလေးငှားမယ်ဆို ကျွန်မတို့သုံးနေတဲ့ မြင်းလှည်းဆရာကတော့ ကိုလင်းထင်လို့ ခေါ်ပါတယ်..

🎈ပုဂံရောက်ရင် ဓါတ်ဖမ်းဖို့ဝါသနာပါသူများအတွက် မြင်းလှည်းလေးနဲ့လည်တာ ပိုကောင်းပါတယ်လို့ အကြံပြုပါရစေနော်..

ပုပ္ပါးတောင်
-------------
🎈အညာဒေသရဲ့ အိုအေစစ်လို့ တင်စားထားတဲ့ ပုပ္ပါးတောင်ကြီးရဲ့အလှ၊ ရှုမငြီးတဲ့တောင်ကလပ် View လေးကို မြင်နိုင်မယ့်နေရာကနေ ဓါတ်ပုံလေးရိုက်မယ် ဒါ့အပြင် တောင်ပေါ်တက်ပြီး ဘုရားဖူးမယ်ဆိုရင်လဲ ဖူးလို့ရပါတယ် လမ်းတစ်လျှောက်မှာတော့ စိန်မျောက်မျောက်လေးတွေရှိတာကြောင့် အစာကျွေးချင်ရင်လဲ ကျွေးလို့ရပါတယ်နော်..

ဆိတ်ကျောင်းတိုး
--------------------
🎈မကြာသေးမီကမှ နာမည်ကြီးလာတဲ့ ဒေသခံဆိတ်ကျောင်းသားတို့ရဲ့ဘဝကို ခဏတာခံစားနိုင်မယ့် ဆိတ်ကျောင်းတိုး လေးကလဲ ပုဂံမှာ ရေပန်းစားလို့နေပါပြီ ဘုရားလဲဖူးရင်း တခြား ထူးခြားတာလေးလဲလုပ်ချင်ရင် ဆိတ်ကျောင်းတိုးလေး Join လို့ရပါတယ်နော်..

မြင်းစီးပြီး အတွေ့အကြုံအသစ်ရှာခြင်း
----------------------------------------
🎈ပုဂံမှာ အတွေ့အကြုံအသစ်ရစေမယ့် နောက်တစ်ခုကတော့ မြင်းစီးတဲ့အတွေ့အကြုံပါ တောင်ကြားလေးတွေကြားကနေ ရွာတွေကို လိုက်ပို့ပေးတာဖြစ်ပါတယ်နော် မြင်းစီးတဲ့အတွေ့အကြုံလိုချင်ရင်တော့ ညောင်ဦးဘက်က ဦးပေါင်းကြားမြင်စီးစခန်းမှာ စုံစမ်းလို့ရပါတယ်..

Sunset Boat
-----------------
🎈ပုဂံမှာ နိုင်ငံခြားသားတွေသာ စီးလေ့စီးထရှိတဲ့ Sunset Boat ပေါ်မှာ ကမ္ဘာကျော်တဲ့ ပုဂံနေဝင်ချိန်အလှကို ခံစားကြည့်ရှုနိုင်ပါတယ်နော်..

သရက္ခန်ဘုရား (ပခုက္ကူ)
----------------------------
🎈ပုဂံကနေ (၁) နာရီခွဲလောက်သွားရတဲ့ ပခုက္ကူမှာရှိတဲ့ သရက္ခန်ဘုရားက နတ်ပြည်ကလာတဲ့ သရက္ခန်သားနဲ့ပြုလုပ်ထားတဲ့အတွက် တန်ခိုးကြီးပြီး ဆုတောင်းလဲပြည့်ပါတယ် ရှေးဘုရင်အဆက်ဆက်မှ ကိုးကွယ်ခဲ့တာဖြစ်ပါတယ် ဘုရားကျောင်းဆောင်ကိုလဲ ရွှေအတိချထားသလို ဘုရားကိုလဲ ရွှေအတိချထားတာဖြစ်ပါတယ် သွားရောက်ဖူးမြော်ဖို့ အကြံပြုပါရစေ..

မြေအိုးထမင်းဆိုင်
---------------------
🎈အညာဒေသမှာပဲ တွေ့ရပြီး အညာဓလေ့စစ်စစ်ကို ခံစားနိုင်မယ့် မြေအိုးထမင်းဆိုင်လေး ဖြစ်ပါတယ်နော်..

ယောထမင်းဘူဖေး
----------------------
🎈ရှေးခေတ်က ဓလေ့ပုံစံလေးတွေပြန်တွေ့ရမယ့် ပခုက္ကူက ယောထမင်းဘူဖေးဆိုင်လေးပါ ဘူဖေးဆိုတဲ့အတိုင်း ဟင်းတွေကစားပွဲဝိုင်းအပြည့်ချထားတာမို့ ကြိုက်တာသုံးဆောင်နိုင်ပါတယ်နော် ရာသီစာအသုပ်တွေလဲ စုံစုံလင်လင်သုံးဆောင်နိုင်ပါတယ် ဈေးနှုန်းလေးကလဲ တစ်ယောက်မှ ၄၀၀၀ ကျပ်ထဲရယ် အရမ်းတန်ပြီး အရသာရှိလွန်းတဲ့ ဆိုင်လေးဖြစ်ပါတယ်..