ဗီယက်နမ် (မြောက်ပိုင်း + အလယ်ပိုင်း) (၅ ရက် / ၄ ည)

ခရီးစဉ်တွင် လည်ပတ်ရမည့်နေရာများ

Hanoi
- ဗီယက်နမ်နိုင်ငံ၏ မြို့တော် ဟနွိုင်းတွင် One Piller Pagoda နှင့် Tran Quoc Pagoda ဖူးမြော်ခြင်း
- ဟိုချီမင်း အထိမ်းအမှတ်ကျောက်တိုင်ဖြင့် အမှတ်တရဓါတ်ပုံရိုက်ကူးကြမည်
- ဟင်းအမျိုးအစားပေါင်း ၂၀၀ ကျော်ရှိသည့် Sam Restaurant မှာ Buffet သုံးဆောင်ခြင်း

Halong Bay & Sun World
- သာယာလှပသော ထုံးကျောက်တောင်ကြီးများနှင့် ဝန်းရံထားပြီး ယူနစ်စကိုအသိအမှတ်ပြုခံထားရသည့် ကမ္ဘာ့အမွေအနှစ်စားရင်းဝင် Ha Long Bay မှော်ပင်လယ်အော်ထဲတွင် Cruise စီးရင်း Sunset View များကို တဝကြီးခံစားကြမည်
- ထုံးကျောက်တောင်အတွင်း သဘာဝအတိုင်း ထုံးကျောက်ပုံများကို ထူးဆန်းလှပစွာမြင်တွေ့ရမည့် Thien Cung ဂူကို လည်ပတ်ကြမယ်
- Sun World Halong Complex တွင် ‌ပျော်ရွှင်စွာကစားကြမယ်

Danang
- ဗီယက်နမ်နိုင်ငံ၏ သာယာလှပသော အလယ်ပိုင်းဆိပ်ကမ်းမြို့တော် မီးခဲကမ်းခြေတွင် အပန်းဖြေအနားယူမည်
- လက်ဆောင်ပစ္စည်း Branded ပစ္စည်းများဝယ်လို့ကောင်းသည့် ဆိုင်များတွင် Shopping ထွက်ခြင်း

Bana Hills
- ဥရောပမြို့ငယ်လေးသို့ ရောက်သွားသလိုခံစားရမည့် ပြင်သစ်လူမျိုးများနေထိုင်ခဲ့သည့် Village တွင် ပုံရိပ်များဖန်တီးကြမည်
- Bamboo Basket Boat စီးပြီးပျော်ကြမယ်
- သည်းထိပ်ရင်ဖို ကစားနည်းများနှင့် ရင်ခုန်စရာကောင်းသည့်တောင်စောင်းတွင် Alpine Coaster စီးကြမည်
- Cable ကားစီးပြီး မြင်းကွင်းအသစ်များကို ကြည့်ရှုခံစားခြင်း
- ပင်လယ်ရေမျက်ပြင်အထက် 1485 မီတာမြင့်သော တောင်ကုန်းပေါ်က ရဲတိုက်ကိုသွားရောက်လည်ပတ်ခြင်း
- ခရီးသွားများအကြား နာမည်ကြီးသော ရွှေလက်တံတား (Golden Bridge) မှာ ဓါတ်ပုံတဝကြီးရိုက်ကူးခြင်း

Hoi An
- နှစ်ပေါင်း ၄၀၀ သက်တမ်းရှိသော ဂျပန်တံတားကို လေ့လာကြည့်ရှုကြမည်
- Phuc Kien Assembly Hall, Local Fish Market, Art Gallaries နှင့် Tailor Shop အစရှိသောနေရာများကို လည်ပတ်ကြပါမည်

ခရီးစဉ်အတွင်းပါဝင်သောဝန်ဆောင်မှုများ

  • Domestic & International Flights
  • 4 Star Hotel
  • ဘူဖေး၊အရှေ့တိုင်း နှင့် အနောက်တိုင်း အစားအစာများပါဝင်သော နံနက်စာ၊နေ့လည်စာ၊ညနေစာများ
  • လည်ပတ်ရမယ့် Fully Air Con Car
  • မိသားစုဝင်ကဲ့သို့ နွေးထွေးပျူငှာစွာဆက်ဆံသော Tour Leader တစ်ဦး
  • Vietnam နိုင်ငံမှ English Tour Guide
  • ခရီးစဉ်တွင် ဖော်ပြထားသောနေရာများ၏ ဝင်ကြေးများ
  • နေ့စဉ် ရေသန့်တစ်ဗူးနှင့် Snow Tower ပေးခြင်း

ခရီးစဉ်အတွင်းမပါဝင်သောဝန်ဆောင်မှုများ

  • လေယာဉ်အတွက် ဝန်ပိုသယ်ဆောင်ခ
  • အထက်ပါ ခရီးစဉ်တွင် မဖော်ပြထားသော လည်ပတ်မှုနေရာများ
  • ဟိုတယ်တွင် ကိုယ်ပိုင်အသုံးစရိတ်ဖြစ်သော Laundry Charges, Room Services, Phone bill စသည့် ဝန်ဆောင်မှုများ
  • Guide နှင့် Driver အတွက် Tips money

ခရီးစဥ်

DAY 1         YANGON – DA NANG ( D )
Asian Tour ခရီးသွားခေါင်းဆောင်မှ ဧည့်သည်တော်ကြီးများအား ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် စောင့်ကြိုနေမည်ဖြစ်ပါသည်။ DA NANG မြို့သို့ ပျံသန်း ရောက်ရှိပါမည်။ Tour Guide မှအသင့်စောင့်ကြိုပြီး ညစာကို Local Restaurant တွင် သုံးဆောင်ကြပါမည်။ Hotel Check In ဝင်၍ အိပ်စက်အနားယူ တည်းခိုမည်ဖြစ်ပါသည်။

DAY 2         DA NANG – BA NA HILL – HOI AN (B, L, D)
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် ဘာနာတောင်ပေါ်တွင်ရှိသော ဥရောပတိုက်လေးဟု တင်စားခေါ်ဝေါ် ကြသော အဆောက်အဦးရဲတိုက်ရှိရာ တောင်ပေါ်မြို့လေးသို့ သွားရောက်လည်ပတ်ကြပါမည်။ Single Wire Cable Car ဖြင့်စီးပြီး လှပသောရှုခင်းများငေးမောရင်း တောင်ပေါ်သို့ရောက်ရှိမည်ဖြစ်ပါသည်။ နာမည်ကျော်ကြားနေသော ၂၀၁၈ ခုနှစ် ဇွန်လတွင် ဖွင်လှစ်ခဲ့သည့် ရွှေရောင်လက်ဖဝါးတံတား Golden Bridge သို့သွားရောက်လည်ပတ်ကာ အမှတ်တရဓာတ်ပုံများ ရိုက်ကူးကြပါမည်။ နေ့လည်စာဘူဖေးသုံးဆောင်ပြီး Linh Ung Temple လည်ပတ်ပြီး Cam Thanh Coconut Village မှာ Bamboo Boat စီးကြမယ်။ ထို့နောက် ပြင်သစ်လူမျိုးများ နေထိုင်ခဲ့သော French Village သို့သွားရောက်ပြီး Fantasy Park တွင် ရင်ခုန်စရာကောင်းသည့် တောင်စောင်းတွင် Alpine Coaster စီးကြပါမည်။ ဘာနန်းတောင်မှ Hoi An သို့ ထွက်ခွာ ကြပါမည်။ ဟွာအင်းမြို့အတွင်းရှိသော နှစ်ပေါင်း ၄၀၀ သက်တမ်းရှိသော ဂျပန်တံတား၊Phuc Kien Assembly Hall, Local Fish Market, Art Gallaries နှင့် Tailor Shop အစရှိသောနေရာများကို လည်ပတ်ပါမည်။ ညနေစာကို Local Restaurant တွင်သုံးဆောင်ကာ ဟိုတယ်တွင် အေးချမ်းစွာ အိပ်စက်အနားယူပါမည်။

DAY 3         DA NANG – HA NOI - HALONG – SUN WORLD (B, L, D)
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် ဟနွိုင်းသို့ ပြည်တွင်းလေကြောင်းလိုင်းဖြင့် ပျံသန်းထွက်ခွာပါမည်။ ထို့နောက် Hanoi မှ ၁၉၉၄ခုနှစ်တွင် ယူနက်စကိုအသိအမှတ်ပြုခံရထားသော ကမ္ဘာ့သဘာ၀ အမွေအနှစ် Ha Long Bay သို့ ထွက်ခွာပါမည်။ ၄နာရီကြာ ခရီးစဉ်တစ်လျှောက် သာယာလှပသော လယ်ကွင်းပြင်ကြီးများ ဖြတ်သန်းပြီးကွဲပြားခြားနားသော မြောက်ဗီယက်နမ်ရွာကလေးများ တွေ့မြင်ရပါမည်။
နေ့လည်စာသုံးဆောင်ပြီးနောက် Sun World တွင် (Queen Cable Car, Sun Wheel, Samurai Slide, KIDO Land, Zen Garden ) ၀င်ရောက်လည်ပတ်မည်ဖြစ်ပါသည်။
ညစာကို Local Restaurant တွင်သုံးဆောင်ပြီး Halong ဟိုတယ်တွင် Check In ဝင်ကာအေးချမ်းစွာ အိပ်စက်အနားယူကြပါမည်။

DAY 4          HALONG – HANOI (B, L, D)
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် Ha Long Bay Cruise သင်္ဘောပေါ်သို့ တက်ရောက်ပြီး အလွန်လှပသော ဟာလောင်ဘေး ၏အလှကိုကြည့်ရှု ခံစားမည်ဖြစ်ပါသည်။ များလှစွာသော ထုံးကျောက်တောင်ကြီးများဖြင့် ဝန်းရံထားသော မှော်ပင်လယ်အော် ဟာလောင်းပင်လယ်အော်ကို လည်ပတ်ပါမည်။ ဟာလောင်းဘေးအတွင်းရှိသော Stone Dog, Incense Burner Islet နှင့် Paradise Grotto (Thien Cung) ဂူသို့ သွားရောက်လည်ပတ်ပါမည်။
နေ့လည်စာကို သင်္ဘောပေါ်တွင်သုံးဆောင်ကြပါမည်။
ဟနွိုင်းမြို့သို့ကားဖြင့်ပြန်လည်ထွက်ခွါပါမည်။ ညစာကို Local Restaurant တွင်သုံးဆောင်ပြီး ဟိုတယ်တွင် Check In ဝင်ကာအေးချမ်းစွာ အိပ်စက်အနားယူကြပါမည်။

DAY 5         HANOI – YANGON (B, L)
Hotel တွင် နံနက်စာ သုံးဆောင်ပြီးနောက် Ba Dinh Square ရင်ပြင်သို့ သွားရောက်ပြီး ဗီယက်နမ်ခေါင်းဆောင်ကြီးဟိုချီမင်း၏ Ho Chi Minh Mausoleum နှင့် နေထိုင်ခဲ့သော အိမ်တော်ရာသို့ သွားရောက် လည်ပတ်ကြပါမည်။ One Pillar Pagoda, Tran Quoc Pagoda နှင့် ဗီယက်နမ်၏ ပထမဆုံး တက္ကသိုလ်ဖြစ်သော Timple of Literature အစရှိသော Hanoi ရှိ နာမည်ကြီးအထင်ကရနေရာများသို့ သွားရောက်လည်ပတ်မည်ဖြစ်ပါသည်။ နေ့လည်စာကို ဟင်းမျိုးပေါင်း ၂၀၀ ကျော်ဖြင့် တည်ခင်းထားသော Sen Restaurant သို့ International Buffet သွားရောက်သုံးဆောင်ပါမည်။
AEON Mall Long Bien တွင် စျေး၀ယ်ထွက်ပြီးနောက် ဟနွိုင်းမြို့ (Noi Bai) အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ထွက်ခွာပြီး အေးချမ်းပျော်ရွှင်စွာ ရန်ကုန်သို့ရောက်ရှိမည်ဖြစ်ပါသည်။


END OF SERVICE