ချင်းမိုင် ( ၅ရက် / ၄ည )

ခရီးစဉ်တွင်လည်ပတ်ရမည့်နေရာများ


- ချင်းရိုင်ရှိ နာမည်ကျော်ပြီး တမူထူးခြားသောဗိသုကာလက်ရာများနှင့် ကျက်သရေအပေါင်း ခညောင်းလှသော White Temple ၊ Blue Temple၊ Mae Kajan ရေပူစမ်း သို့ သွားရောက်လည်ပတ်ခြင်း

- Chiang Mai မြို့ကို စတင်တည်ထောင်ခဲ့သော ဘုရင် (၃)ပါး၏ အထိမ်းအမှတ်ကျောက်တိုင်

- ချင်းမိုင်ရှိ ကျော်ကြားသော Thaphae Walking Street နှင့် ချင်းမိုင်မြို့ဟောင်းတွင် တည်ထားကိုးကွယ်ထားသော ဆုတောင်းပြည့် Wat Chedi Luang ဘုရား

- ဆုတောင်းပြည့်ပြီး ထိုင်းလူမျိုးတို့အထွက်အမြတ်ထားရာ ထေရဝါဒဗုဒ္ဓဘာသာဆိုင်ရာ ဘုရားကျောင်းတစ်ခုဖြစ်သည့် Doi SuthepPagoda နှင့် Buhbing Palace

- ပန်းပေါင်းစုံတို့ အပြိုင်အဆိုင် လှပနေပြီး ဓာတ်ပုံရိုက်ခြင်းကိုနှစ်သက်သော Selfie cele တို့အတွက် Queen Sirikit ၏ Botanical Garden

- ချင်းမိုင်ရှိ မြန်မာဘုရားကျောင်းဖြစ်သော Wat Saimoon

- ရွှေရောင် တဝင်းဝင်းတောက်ပကာ သပ္ပါယ်လှသော Golden Temple ရွှေကျောင်း (သို့မဟုတ်) Wat Phrasingh

- ချင်းမိုင် မြို့၏ အထင်ကရ ထင်ရှားကျော်ကြားသော ပွဲတော်များကျင်းပသည့် Navarat တံတားသို့သွားရောက်လည်ပတ်ခြင်း

- ချင်းမိုင်ဒေသ၏ ရိုးရာအကအလှ ဖြစ်သည့် Lanna Dance အက၏ ထူးခြားဆန်းပြားသော တင်ဆက်မှုတို့ကို ကြည့်ရှုရင်း သုံးဆောင်ရမည့် Khantoke Dinner

- Shopping ချစ်သူများအတွက်လည်း Warorat Market နှင့် Central Festival တို့တွင် Shopping ထွက် လည်ပတ်ကြပါမည်

ခရီးစဉ်အတွင်းပါဝင်သောဝန်ဆောင်မှုများ


• Yangon – Chiang Mai - Yangon အသွားအပြန် လေယာဉ်လက်မှတ်
• 3 Star Hotel
• ဘူဖေး၊အရှေ့တိုင်း နှင့် အနောက်တိုင်း အစားအစာများပါဝင်သော နံနက်စာ၊နေ့လည်စာ၊ညနေစာများ
• လည်ပတ်ရမယ့် Fully Air Con Car
• မိသားစုဝင်ကဲ့သို့ နွေးထွေးပျူငှာစွာဆက်ဆံသော Tour Leader တစ်ဦး
• ဒေသခံ Local Tour Guide
• ခရီးစဉ်တွင် ဖော်ပြထားသောနေရာများ၏ ဝင်ကြေးများ
• နေ့စဉ် ရေသန့်တစ်ဗူးနှင့် Snow Tower ပေးခြင်း

ခရီးစဉ်အတွင်းမပါဝင်သောဝန်ဆောင်မှုများ
• လေယာဉ်အတွက် ဝန်ပိုသယ်ဆောင်ခ
• အထက်ပါ ခရီးစဉ်တွင် မဖော်ပြထားသော လည်ပတ်မှုနေရာများ
• ဟိုတယ်တွင် ကိုယ်ပိုင်အသုံးစရိတ်ဖြစ်သော Laundry Charges, Room Services, Phone bill စသည့် ဝန်ဆောင်မှုများ
• Guide နှင့် Driver အတွက် Tips money

ခရီးစဉ်

 Day 1 – ရန်ကုန် - ချင်းမိုင် ( - / - / Dinner )

⁃ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ Asian Tour မှ Tour Leader နှင့်တွေ့ဆုံ၍ Check-in ပြုလုပ်ပြီး MAI Airlines (8M-370) ဖြင့် ချင်းမိုင် လေဆိပ်သို့ ပျံသန်းပါမည်။

⁃ ချင်းမိုင် လေဆိပ်သို့ ရောက်ရှိပြီး Asian Tour ၏ Local Guide မှ နွေးထွေးစွာ ကြိုဆိုပါမည်။

⁃ ထို့နောက် ချင်းမိုင်မြို့ဟောင်းရဲ့ အထင်ကရ ရှေးဟောင်းဆုတောင်းပြည့်ဘုရားကြီး Wat Chedi Luang သို့ရောက်ဖူးမျှော်ပါမည်။

- ဆက်လက်ပြီး ချင်းမိုင်ရဲ့ နာမည်ကျော် လမ်းလျှောက်ဈေး Thaphae Walking Street သို့သွားရောက် လည်ပတ်ပါမည်။

⁃ ညစာကို Local Restaurant တွင်သုံးဆောင်ပါမည်။

⁃ ဟိုတယ် တွင် Check in ဝင်ပြီး အိပ်စက် အနားယူပါမည်။

Day 2 – ချင်းမိုင် - ချင်းရိုင် – Golden Triangle ( Breakfast  /  Lunch  / Dinner )

⁃ ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီး ချင်းရိုင်မြို့သို့ ခရီးဆက်ပါမည်။

⁃ Mae Kajan Hot Spring လို့ခေါ်ကြတဲ့ သဘာဝရေပူစမ်းသို့ သွားရောက် အပန်းဖြေအနားယူပါမည်။

⁃ ရွှေဖြူရောင်တောက်ပတဲ့ အံ့ဖွယ်ဗိသုကာလက်ရာတွေနဲ့ တည်ဆောက်ထားတဲ့ White Temple (Wat Rong Khun) သို့သွားရောက်ဖူးမျှော်ပါမည်။

- ထို့နောက် အပြာရောင်ကြွေပြားတွေနဲ့ လှပစွာ ပြုလုပ်ထားတဲ့ Blue Temple (Wat Rong Suea Ten) ဘုရားကျောင်းသို့သွားရောက်ဖူးမျှော်ပါမည်။

⁃ နေ့လယ်စာကို Local Restaurant တွင် သုံးဆောင်ပါမည်။

⁃ Ruak မြစ်ပေါ်တွင် လှေစီးရင်း Golden Triangle ( ထိုင်း ၊ မြန်မာ ၊ လာအို ) သုံးနိုင်ငံဆုံရာကို အနီးကပ်လေ့လာနိုင်ပါမည်။ 

⁃ ညစာကို Local Restaurant တွင် သုံးဆောင်ပါမည်။

⁃ ညစာသုံးဆောင်ပြီးပါက ချင်းမိုင်သို့ အပြန်ခရီးဆက်ပါမည်။

⁃ ဟိုတယ်တွင် အိပ်စက် အနားယူပါမည်။

 Day 3 – ချင်းမိုင် – Doi Suthep – Doi Inthanon ( Breakfast / Lunch / Dinner )

⁃ ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီး ချင်းမိုင်၏ အထင်ကရနေရာများကို လည်ပတ်ပါမည်။

⁃ ဆုတောင်းပြည့်ပြီး ထိုင်းလူမျိုးတို့ အထွတ်အမြတ်ထားရာဖြစ်တဲ့ Doi Suthep Pagoda ဘုရားကျောင်း တောင်ပေါ်ကနေ ချင်းမိုင်ရှုခင်းကိုရင် သပ်ရှုမောဖွယ်ကြည့် ရှုနိုင်ပါမည်။

⁃ ထို့နောက် ထိုင်းဘုရင်မ၏ နွေဦးနန်းတော်လို့ခေါ်တဲ့ ပန်းဥယျာဉ်တွေနဲ့ လှပစွာ တည်ရှိနေတဲ့ Bhubing Palace သို့ သွားရောက်လည်ပတ်ကြပါမည်။

⁃ နေ့လယ်စာ Local Restaurant တွင် သုံးဆောင်ပါမည်။

⁃ နေ့လည်စာ စားသုံးပြီးပါက ပန်းပေါင်းစုံ အပြိုင်အဆိုင်လှပနေတဲ့ ရုက္ခဗေဒဥယျာဉ် Queen Sirikit Botanical Garden သို့သွားရောက်လည်ပတ်ကြပါမည်။ 

⁃ ထို့နောက် ထိုင်းနိုင်ငံ၏ အမြင့်ဆုံးတောင်ထွတ်တစ်ခု ဖြစ်ပြီး သဘာဝရှုခင်း၊ ရေတံခွန်တွေနဲ့ အေးချမ်းတဲ့လေထုကို ခံစားရနိုင်မည့် Doi Inthanon (အမျိုးသားဥယျာဉ်) သို့သွားရောက်လည်ပတ်ပါမည်။🌿🍃

⁃ Shopping Time – လက်ဆောင်ပစ္စည်းတွေ၊ အမှတ်တရပစ္စည်း တွေကို ဈေးကောင်းကောင်းနဲ့ စိတ်ကြိုက်ဝယ်ယူနိုင်ပါမည်။

⁃ ညစာကို Local Restaurant တွင် သုံးဆောင်ပါမည်။

⁃ ဟိုတယ် သို့ပြန်ကာ အိပ်စက် အနားယူပါမည်။

Day 4 – Free Day ( Breakfast / - / - )

⁃ ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပါမည်။

⁃ Free day မို့လွတ်လပ်စွာအနားယူနိုင်ပါမည်။

Day 5 - ချင်းမိုင် - ရန်ကုန် ( Breakfast / - / - )

⁃ ဟိုတယ်တွင် နံနက်စာသုံးဆောင်ပါမည်။

⁃ ထို့နောက် ချင်းမိုင် လေဆိပ်သို့ ပို့ဆောင်ပေးပြီး MAI Airline (8M-371) ဖြင့်ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိမည်ဖြစ်ပါသည်။