ဘာလီ (၄ ည / ၅ ရက်)

ခရီးစဉ်တွင် လည်ပတ်ရမည့်နေရာများ


- ပင်လယ်ရေ မျက်နှာပြင်အထက် ပေ ၂၀၀ ကျော်တွင် တည်ထားကိုးကွယ်ထားသော အမည်ကျော် Uluwatu Temple

- ကျောက်ဆောင်များကြားမှ ရေလှိုင်းများတဖွားဖွားဖြင့် လှပလွန်းသော Waterblow တွင် အမှတ်တရဓာတ်ပုံများ ရိုက်ကူးကြမည်

- Mengwi ရွာတွင်ရှိသော ငါးရေကန်ပတ်ပတ်လည်ဝိုင်းရံထားသော Taman Ayun Temple များကြားတွင် အမှတ်တရဓာတ်ပုံများ ရိုက်ကူးကြမည်

- ဘာလီ ရဲ့ land mark တွေထဲကတစ်ခုဖြစ်ပြီး သမိုင်းဝင် ဟိန္ဒူဘုရားကျောင်း တစ်ခုဖြစ်သည့် Ulundanu Temple သို့ သွားရောက် လည်ပတ်ခြင်း

- ဘာလီတွင် အလည်ပတ်သင့်ဆုံးနေရာဖြစ်သည့် အလွန်လှပသော ပင်လယ်အငူကျောက်ဆောင်ပေါ်တွင် ရှုမငြီးအောင်လှပနေသည့် Tanah Lot Temple သို့ သွားရောက် လည်ပတ်ခြင်း

- Kintamani က မီးတောင်ဟောင်းရှိရာသို့ သွားရောက်လည်ပတ်ခြင်း

- Bali Handara Heaven’s gate တွင် မိမိစိတ်ကြိုက် ပုံရိပ်များဖန်တီးကြမည်

- စိမ်းလန်းသာယာပြီး အလွန်လှပသည့် သဘာ၀ ရှုခင်းများ ပြည့်နှက်နေသည့် Mount Batur နှင့် ရေကန် အလှများအား ကြည်နူးချမ်းမြေ့စွာဖြင့် မျက်စိတစ်ဆုံး Panoramic View ဖြင့်ခံစားကြည့်ရှုခြင်း

- ဘာလီကျွန်းမှ အထင်ရှားဆုံးနေရာဖြစ်သည့် နတ်ရေကန် မှာ ရေချိုးဆုတောင်းလျှင် ရောဂါဘယ ကင်းဝေးပြီး ကံအညံ့များပပျောက်ကာ ဆုတောင်းပြည့်သည်ဟူ၍ ဒေသခံများသာမက လာရောက်လည်ပတ်သူ အနောက်နိုင်ငံသားများပါ ယုံကြည်ကြသည့် Holy Spring Water Temple သို့သွားရောက်ပြီး ရေစိမ်၍ ဆုတောင်းမှုပြုကြမည်

- Bas Agro ကျေးရွာသို့ထွက်ခွာပြီး တောတောင်ရှုခင်းများကြားမှ သဘာဝအတိုင်း စိုက်ပျိုးထားသည့် ကော်ဖီခင်းများကို သွားရောက်လည်ပတ်ပြီး လတ်ဆတ်သည့် နာမည်ကျော် ဘာလီကော်ဖီအရသာကို စိတ်ကြိုက် မြည်းစမ်းကြမည်

- Instagram မှ ဘာလီ၏ နာမည်ကျော် နေရာတစ်ခုဖြစ်သော လှေခါးထစ် စပါးခင်းများရှိရာသို့ အမှတ်တရဓါတ်ပုံရိုက်နိုင်ရန် ပို့ဆောင်ပေးပါမည်

- ရှုမငြီးသည့်စိမ်းစိုသာယာနေသော စပါးခင်း ကိုနောက်ခံထားပြီး ဘာလီ၏နာမည်ကျော် ဒန်းစီးခြင်းနှင့် ငှက်သိုက်တွင် အလှဓာတ်ပုံများတဝကြီးရိုက်ကြမည်


ခရီးစဉ်အတွင်းပါဝင်သောဝန်ဆောင်မှုများ

Yangon – Bali - Yangon အသွားအပြန် လေယာဉ်လက်မှတ်
3 Star Hotel
ဘူဖေး၊အရှေ့တိုင်း နှင့် အနောက်တိုင်း အစားအစာများပါဝင်သော နံနက်စာ၊နေ့လည်စာ၊ညနေစာများ
လည်ပတ်ရမယ့် Fully Air Con Car
မိသားစုဝင်ကဲ့သို့ နွေးထွေးပျူငှာစွာဆက်ဆံသော Tour Leader တစ်ဦး
ဒေသခံ Local Tour Guide
ခရီးစဉ်တွင် ဖော်ပြထားသောနေရာများ၏ ဝင်ကြေးများ
နေ့စဉ် ရေသန့်တစ်ဗူးနှင့် Snow Tower ပေးခြင်း

 

ခရီးစဉ်အတွင်းမပါဝင်သောဝန်ဆောင်မှုများ

လေယာဉ်အတွက် ဝန်ပိုသယ်ဆောင်ခ
အထက်ပါ ခရီးစဉ်တွင် မဖော်ပြထားသော လည်ပတ်မှုနေရာများ
ဟိုတယ်တွင် ကိုယ်ပိုင်အသုံးစရိတ်ဖြစ်သော Laundry Charges, Room Services, Phone bill စသည့် ဝန်ဆောင်မှုများ
Guide နှင့် Driver အတွက် Tips money


ခရီးစဉ်


DAY 1 YANGON – SINGAPORE - BALI
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် Asian Tour ခရီးသွားခေါင်းဆောင်မှ ဧည့်သည်တော်ကြီးများအား စောင့်ကြိုနေမည်ဖြစ်ပါသည်။ Singapore Airline ဖြင့် ရန်ကုန်ှ မှ နံနက် ၁၀း၂၃ နာရီတွင် ထွက်ခွာပြီး စင်္ကာပူလေဆိပ်သို့ နေ့လည် ၃း၀၀ နာရီ တွင် ရောက်ရှိမည်ဖြစ်ပါသည်။ ဆက်လက်၍ စင်္ကာပူမှ ညနေ ၆း၀၅ တွင်ထွက်ခွာပြီး အင်ဒိုနီးရှားနိုင်ငံဘာလီကျွန်း ဒန်ပါဆာလေဆိပ်သို့ ညနေ ၈း၅၀ တွင်ရောက်ရှိမည်ဖြစ်ပါသည်။ ဒန်ပါဆာလေဆိပ်သို့ အရောက်တွင် ဒေသခံ Tour Guide မှ လာရောက်ကြိုဆိုပြီး ဟိုတယ်သို့ သွားရောက်ကာ Check In ဝင်၍ အေးချမ်းစွာအိပ်စက်အနားယူပါမည်။

DAY 2 SOUTHERN BALI
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် ဘာလီ၏ အထင်ကရနေရာဖြစ်သော ချောက်ကမ်းပါးတွင်တည်ရှိသော Uluwatu Temple သို့လည်ပတ်ကြပါမည်။ နေ့လည်စာကို Local Restaurant တွင်သုံးဆောင်ကြပါမည်။ ထို့နောက်
Benoa Bay တွင်တည်ရှိသော နာမည်ကြီး Nusa Dura ကမ်းခြေသို့ အပန်းဖြေရန်ပို့ဆောင်ပေးပါမည်။ ကမ်းခြေတွင် ရေကူးအပန်းဖြေခြင်း၊ Banana Boat များစီးခြင်း ၊ Jet Ski များစီးခြင်း အစရှိသည့် Water Activities များအားမိမိအစီအစဉ်ဖြင့် စိတ်ကြိုက်ပြုလုပ်အပန်းဖြေအနားယူနိုင်ပါသည်။ ထို့နောက် ကျောက်ဆောင်များကြားမှ အံ့သြ
ဖွယ် ရေလှိုင်းများလှပစွာ ထွက်ပေါ်နေသည့် Waterblow ဟုခေါ်သည့်နေရာသို့ အမှတ်တရ ဓါတ်ပုံရိုက်ကူးရန် ပို့ဆောင်ပေးပါမည်။ ထို့နောက် Ayu Bali Restaurant တွင် လှပသောကမ်းခြေ Night View နှင့် ဘာလီရိုးရာ အကအလှများကြည့်ရှုရင်း Seafood Dinner သုံးဆောင်ကြပါမည်။ ညစာသုံးဆောင်ပြီးနောက် ဟိုတယ်သို့ Check In ဝင်၍အေးချမ်းစွာအိပ်စက်အနားယူပါမည်။

DAY 3 BALI
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် ဘာလီကျွန်း ၏ နာမည်ကြီး ကျော်ကြားသော နိဗ္ဗာန်တံခါးဝ ဟု တင်စားခေါ်ဝေါ်သော Bali Handara Heaven Gate တွင် စိတ်ကြိုက် ပုံရိပ်များဖမ်းကြပါမည်။ နေ့လည်စာကို Local Restaurant တွင်သုံးဆောင်ကြပါမည်။ ထို့နောက် Mengwi ရွာတွင်ရှိသော ငါးရေကန်ပတ်ပတ်လည်ဝိုင်းရံထားသော Taman Ayun Temple များကြားတွင် အမှတ်တရဓာတ်ပုံများ ရိုက်ကြပါမည်။ ထို့နောက် ဘာလီတွင် အလည်ပတ်သင့်ဆုံး နေရာဖြစ်သည့် အလွန်လှပသော ပင်လယ်အဆွယ်ရှိ ကျောက်ဆောင်ပေါ်တွင် ရှုမညီးအောင်လှပနေသည့် Tanah Lot Temple သို့သွားရောက် လည်ပတ်ကြပါမည်။ ထို့နောက် ညစာကိုဒေသစားသောက်ဆိုင်တွင်သုံးဆောင်ကာ ဟိုတယ်တွင် တစ်ညတာ အိပ်စက်အနားယူပါမည်။

DAY 4 EXPERIENCE BALI
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် ဘာလီကျွန်းမှ အထင်ရှားဆုံးနေရာဖြစ်သည့် ဒေသခံများသာမက လာရောက် လည်ပတ်သူ အနောက်နိုင်ငံသားများပါ ယုံယုံကြည်ကြည်နှင့် ဆုတောင်းကြသည့် Holy Spring Water Temple သို့သွားရောက်ပြီး ရေစိမ်၍ ဆုတောင်းသမှုပြုနိုင်ပါသည်။ ထို့နောက် Kintamani သို့ထွက်ခွာပြီး မီးတောင်ဟောင်းရှိရာသို့ သွားရောက် လည်ပတ်ကြပါမည်။ စိမ်းလန်းသာယာပြီး အလွန်လှပသည့် သဘာ၀ ရှုခင်းများ ပြည့်နှက်နေသည့် Mount Batur နှင့် ရေကန် အလှများအား ကြည်နူးချမ်းမြေ့စွာဖြင့် မျက်စိတစ်ဆုံး ဖြင့်ခံစားကြည့်ရှုရင်း နေ့လည်စာ ဘူဖေးသုံး ဆောင်ကြပါမည်။ ထို့နောက် တောတောင်ရှုခင်းများကြားမှ သဘာဝအတိုင်း စိုက်ပျိုးထားသည့် ကော်ဖီခင်းများမှ လတ်ဆတ်သည့် နာမည်ကျော် ဘာလီကော်ဖီအရသာကို မြည်းစမ်းနိုင်ရန် ပို့ဆောင်ပေးပါမည်။ ထို့နောက် Instagram မှ ဘာလီ၏ နာမည်ကျော် နေရာတစ်ခုဖြစ်သော လှေခါးထစ် စပါးခင်းများရှိရာသို့ အမှတ်တရဓါတ်ပုံရိုက်နိုင်ရန် ပို့ဆောင်ပေးပါမည်။ ရှုမညီးသည့်စိမ်းစိုသာယာနေသော စပါးခင်း ကိုနောက်ခံထားပြီး ဘာလီ၏နာမည်ကျော် ဒန်းစီးခြင်းနှင့် ငှက်သိုက်တွင် အလှဓာတ်ပုံရိုက်ခြင်းတို့ကို Optional အဖြစ် မိမိအစီအစဉ်ဖြင့် ပြုလုပ်နိုင်ပါသည်။ ထို့နောက် ညစာ သုံးဆောင်ရန် Local restaurant သို့ပို့ဆောင်ပေးပါမည်။ ညစာသုံးဆောင်ပြီးနောက် ဒန်ပါဆာလေယာဉ်ကွင်းသို့ ပို့ဆောင်ပေးမှာဖြစ်ပါသည်။ ညနေ ၉း၄၅ တွင် ဒန်ပါဆာလေဆိပ်မှ ထွက်ခွာပြီး ည ၁၂း၂၀ တွင် စင်္ကာပူလေဆိပ်သို့ရောက်ရှိမည်ဖြစ်ပါသည်။

DAY 5 BALI - YANGON
ဆက်လက်၍ စင်္ကာပူလေဆိပ်မှ နံနက် ရး၅၅ တွင်ထွက်ခွာပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ နံနက် ၉း၂၀ နာရီ တွင်ရောက်ရှိမည်ဖြစ်ပါသည်။ ထို့နောက် ရန်ကုန်မြို့သို့ အေးချမ်းစွာပြန်လည်ရောက်ရှိပြီး ခရီးစဉ် ပြီးဆုံးမည် ဖြစ်ပါသည်။

 

END OF SERVICE