အီဂျစ် (၆ည / ၇ရက်)

ခရီးစဉ်တွင် သွားရောက်လည်ပတ်ရမည့်နေရာများ

- Giza မြို့ရှိ ကမ္ဘာ့အံ့ဘွယ် ၇ ခုတွင် တစ်ခုပါဝင်သော Pyramid များကို လေ့လာခြင်း

- အီဂျစ်နိုင်ငံ၏ အဓိက ဆွဲဆောင်မှုများထဲတွင်ပါဝင်သော ပိရိမစ်များ ဖြစ်ကြသော Cheops, Chephren, Mycerinus များတွင် အမှတ်တရ ဓာတ်ပုံများရိုက်ကူးကြခြင်း

- ကမ္ဘာပေါ်တွင်ထင်ရှားကျော်ကြားသော အထိမ်းအမှတ်ရုပ်ထုဖြစ်သော ခြင်္သေ့ကိုယ်နှင့်လူခေါင်း သဏ္ဍာန် The Great Sphinx of Giza ရုပ်ထုကို သွားရောက်လေ့လာခြင်း

- အီဂျစ်၏ ရှေးအကျဆုံး ပထမဆုံး ပိရိမစ်ဖြစ်သော Sakkara Pyramid သို့သွားရောက်လည်ပတ်ကြခြင်း

- အီဂျစ်၏ သမိုင်းဝင် စက်ရုံများ မှ ကော်ဇောပြုလုပ်ပုံ၊ ကျူဖြင့်ရေးထားသော စာရွက်စာတမ်းများ၊ အီဂျစ်နိုင်ငံ ၏ နာမည်ကြီး ရေမွှေး အဆောက်အအုံများသို့ သွားရောက်လည်ပတ်ခြင်း

- အီဂျစ်စစ်သမိုင်းများစွာကိုလေ့လာနိုင်မည့် Egyptian Museum သို့သွားရောက်လည်ပတ်ခြင်း

- ကိုင်ရိုမြို့ဟောင်းတွင်ရှိသော Citadel သို့သွားရောက်ပြီး ၁၁၇၆ ခုနှစ်က တည်ဆောက်ခဲ့သော ရှေးဟောင်းအဆောက်အအုံကြီးများ၊ Alabaster Mosque နှင့် Sultan Hassan Mosque သို့ လည်ပတ်ကြခြင်း

- ကမ္ဘာလည့်ခရီးသွားများကို ဆွဲဆောင်မှုရှိနေသော Khan El Khalili ဈေးတွင် Shopping ထွက်ကြခြင်း

- Alexandria မြို့ရှိ Pearl of the Mediterranean နှင့် Graeco Roman Museum သို့သွားရောက် လည်ပတ်ခြင်း

- Ei- Montaza Park တွင် အနားယူအပန်းဖြေခြင်း


ခရီးစဉ်အတွင်းပါဝင်သောဝန်ဆောင်မှုများ

Yangon – Cairo အသွားအပြန် လေယာဉ်လက်မှတ်
ကြယ်သုံးပွင့် အဆင့်ရှိသောဟိုတယ်တွင် ၆ ညတာတည်းခိုခြင်း
ဘူဖေး၊အရှေ့တိုင်း နှင့် အနောက်တိုင်း အစားအစာများပါဝင်သော နံနက်စာ၊နေ့လည်စာ၊ညစာများ
ခရီးစဉ်အတွင်း လည်ပတ်မည့်အဆင့်မြင့်အဲကွန်းကား
မိသားစုဝင်ကဲ့သို့ နွေးထွေးပျူငှာစွာဆက်ဆံသော Tour Leader တစ်ဦး
ဒေသခံ Tour Guide
ခရီးစဉ်တွင် ဖော်ပြထားသောနေရာများ၏ ဝင်ကြေး
နေ့စဉ် ရေသန့်တစ်ဗူးနှင့် Snow Tower

ခရီးစဉ်အတွင်းမပါဝင်သောဝန်ဆောင်မှုများ

လေယာဉ်အတွက် ဝန်ပိုသယ်ဆောင်ခ
အထက်ပါ ခရီးစဉ်တွင် မဖော်ပြထားသော လည်ပတ်မှုနေရာများ
ဟိုတယ်တွင် ကိုယ်ပိုင်အသုံးစရိတ်ဖြစ်သော Laundry Charges , Room Services, Phone bill စသည့် ဝန်ဆောင်မှုများ
ခရီးသွား အာမခံကြေး

ခရီးစဉ်

DAY 1 YANGON - CAIRO
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် Asian Tour ခရီးသွားခေါင်းဆောင်မှ ဧည့်သည်တော်ကြီးများအား စောင့်ကြိုနေမည်ဖြစ်ပြီး အီဂျစ်နိုင်ငံ ကိုင်ရိုမြို့သို့ ကြယ်ငါးပွင့်အဆင့်ရှိသော Emirates Airline သို့မဟုတ် Qatar Airline နှင့် ဒူဘိုင်း သို့မဟုတ် ကာတာ Transit ဖြင့်ထွက်ခွာမည်ဖြစ်ပါသည်။ ကိုင်ရိုလေဆိပ် သို့အရောက်တွင် ဒေသခံ Tour Guide မှ လာရောက်ကြိုဆိုပါမည်။ နေ့လည်စာကိုလေယာဉ်ပေါ်တွင်သုံးဆောင်ကြပါမည်။ ကိုင်ရိုမြို့ရှိ Hotel တွင် Check In ပြုလုပ်ပြီး ညနေစာကို သုံးဆောင်ပြီးလျှင် တစ်နေ့တာပင်ပန်းထားသမျှ အေးချမ်းစွာ အိပ်စက်အနားယူမည်ဖြစ်ပါသည်။

DAY 2 CAIRO
ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးနောက် Giza မြို့သို့ထွက်ခွာပြီး ကမ္ဘာ့အံ့ဘွယ် ၇ ခုတွင် တစ်ခုပါဝင်သော Pyramid များကိုလည်ပတ်မည်ဖြစ်ပါသည်။ ပထမဦးစွာ အီဂျစ်နိုင်ငံ၏ အဓိက ဆွဲဆောင်မှုများထဲတွင်ပါဝင်သော ပိရိမစ်များ ဖြစ်ကြသော Cheops, Chephren, Mycerinus များတွင် အမှတ်တရ ဓာတ်ပုံများရိုက်ကူးကြပါမည်။ ထို့နောက် ကမ္ဘာပေါ်တွင်ထင်ရှားကျော်ကြားသော အထိမ်းအမှတ်ရုပ်ထုဖြစ်သော ခြင်္သေ့ကိုယ်နှင့်လူခေါင်း သဏ္ဍာန် The Great Sphinx of Giza ရုပ်ထုကို သွားရောက်လေ့လာပါမည်။ နေ့လည်စာကို Local Restaurant တွင်သုံးဆောင်ကြပါမည်။ အီဂျစ်၏ ရှေးအကျဆုံး ပထမဆုံး ပိရိမစ်ဖြစ်သော Sakkara Pyramid သို့သွားရောက်လည်ပတ်ကြပါမည်။ ထို့နောက် အီဂျစ်၏ သမိုင်းဝင် စက်ရုံများ မှ ကော်ဇောပြုလုပ်ပုံ၊ ကျူဖြင့်ရေးထားသော စာရွက်စာတမ်းများ၊ အီဂျစ်နိုင်ငံ ၏ နာမည်ကြီး ရေမွှေး အဆောက်အအုံများသို့ သွားရောက်လည့်လာကြပါမည်။ Local Restaurant တွင် ညနေစာ သုံးဆောင်ပြီးနောက် ဟိုတယ်တွင် တစ်နေ့တာပင်ပန်းထားသမျှ အေးချမ်းစွာ အိပ်စက်အနားယူကြပါမည်။

DAY 3 CAIRO
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် အီဂျစ်စစ်သမိုင်းများစွာကိုလေ့လာနိုင်မည့် Egyptian Museum သို့သွားရောက်လည်ပတ်ပါမည်။ ထို့နောက် ကိုင်ရိုမြို့ဟောင်းတွင်ရှိသော Citadel သို့သွားရောက်ပြီး ၁၁၇၆ ခုနှစ်က တည်ဆောက်ခဲ့သော ရှေးဟောင်းအဆောက်အအုံကြီးများ၊ Alabaster Mosque နှင့် Sultan Hassan Mosque သို့ လည်ပတ်ကြပါမည်။ နေ့လည်စာကို Local Restaurant တွင်သုံးဆောင်ကြပါမည်။ ထို့နောက် ကမ္ဘာလည့်ခရီးသွားများကို ဆွဲဆောင်မှုရှိနေသော Khan El Khalili ဈေးတွင် Shopping ထွက်ကြပါမည်။ ညနေစာကို Local Restaurant တွင်သုံးဆောင်ပြီး ဟိုတယ်တွင် အေးချမ်းစွာ အိပ်စက်အနားယူပါမည်။

DAY 4 CAIRO - ALEXANDRIA
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် Cairo မှ Alexandria မြို့သို့ ကားဖြင့် ၃ နာရီကြာမောင်းနှင်ပါမည်။ နေ့လည်စာကို Local Restaurant တွင်သုံးဆောင်ကြပါမည်။ ထို့နောက် Pearl of the Mediterranean သို့သွားရောက် လည်ပတ်ပါမည်။ ညနေစာကို Local Restaurant တွင်သုံးဆောင်ပြီး ဟိုတယ်တွင် အိပ်စက်အနားယူပါမည်။

DAY 5 ALEXANDRIA
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် Graeco Roman Museum သို့သွားရောက်လည်ပတ်ပါမည်။ Ei- Montaza Park တွင် အနားယူအပန်းဖြေရင်း နေ့လည်စာသုံးဆောင် ကြပါမည်။ ညနေစာကို Local Restaurant တွင်သုံးဆောင်ပြီး ဟိုတယ်တွင် အေးချမ်းစွာ အိပ်စက်အနားယူပါမည်။

DAY 6 ALEXANDRIA - CAIRO
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် Alexandria မှ Cairo မြို့သို့ ပြန်လည်ထွက်ခွာပါမည်။ Cairo မြို့ရှိဟိုတယ်တွင် အေးချမ်းစွာ အိပ်စက်အနားယူပါမည်။

DAY 7 CAIRO - YANGON
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် ကိုင်ရိုဆိပ်သို့ပို့ဆောင်ပြီး အေးချမ်းပျော်ရွှင်စွာရန်ကုန်သို့ ရောက်ရှိမည်ဖြစ်ပါသည်။

END OF SERVICE