စင်္ကာပူ 4 Days / 3 Nights

လစဉ်ထွက်ရှိတဲ့ Singapore ခရီးစဉ် ....

Vibrant Island City (ကျွန်းနိုင်ငံလေး)ဆိုပေမယ့် Global Business Hub (ကမ္ဘာ့စီးပွါးရေးစင်တာ) ဖြစ်တဲ့ စင်္ကာပူ 🛍️Shopper’s Paradise လို့ခေါ်ရအောင် ကမ္ဘာ့ နာမည်ကြီး Branded ပစ္စည်း အစစ်အမှန်တွေ စုံလင်တယ် .. 😍လူတိုင်းရောက်ဖူးချင်လှတဲ့ USS (Universal Studio) 🚢 စင်ကာပူ သင်္ဘောကြီး လို့ခေါ်တဲ့ Marina Bay Sands 🌸 အနာဂတ် Supertree Grove တွေနဲ့ Gardens By The Bay မှာ ပန်းပွင့်များစွာတွေဝေဆာနေတဲ့ Flower Dome နဲ့ စူးစမ်းချင်စရာ Cloud Forest 🏝️ Santosa Island ၊ S.E.A Aquarium နဲ့ လူကြီး ၊ လူငယ် မရွေး ကြိုက်နှစ်သက်တဲ့ Wings of Time Show 🙏 ဗုဒ္ဓစွယ်တော်မြတ်ပွားတော် တည်ရှိရာ Buddha Tooth Relic Temple 🛍️ Shopping အတွက် Orchard Road နဲ့ Vivo City 🌳 World tallest Indoor waterfall ၊ စိမ်းလမ်းနေတဲ့ တောအုပ်လေး ရှိတဲ့ Jewel @ Changi Airport စတဲ့စတဲ့ စိတ်ဝင်စားဖွယ် များစွာတို့နဲ့ Singapore ခရီးစဉ် 👍👍👍

ခရီးစဉ်တွင် လည်ပတ်ရမည့်နေရာများ

 

- Singapore နိုင်ငံ၏ အဓိကပြယုဂ်တစ်ခုဖြစ်သည့် Merlion ရုပ်တုကြီးနှင့် အမှတ်တရ ဓါတ်ပုံများရိုက်ကူးပါမည်

- ခေတ်မှီဖွံ့ဖြိုးလှပသော Suntec City ကို သွားရောက်လည်ပတ်ခြင်း

- ရင်ခုန် စိတ်လှုပ်ရှားဖွယ်ကောင်းသော အရှေ့တောင်အာရှ ရဲ့ အကျော်ကြားဆုံးကစားကွင်းဖြစ်သည့် Universal Studio သို့ သွားရောက်လည်ပတ်ပြီး စိတ်ကြိုက်ဆော့ကစားခြင်း

- 3D မီးပန်းများဖြင့် လှပစွာပုံဖော်ထားသော Wings of Time ပွဲကြည့်ရှုကြမည်

- Sentosa ကျွန်းသို့ Cable Car ဖြင့် တက်ရောက်ကာ ကမ္ဘာကျော်များ၏ ပုံတူဖယောင်းရုပ်တုများရှိရာ Madame Tussauds ကို သွားရောက်လည်ပတ်ပြီး ကိုယ်နှစ်ရာ ကမ္ဘာကျော် နှင့် အမှတ်တရ ဓါတ်ပုံများ စိတ်ကြိုက်ရိုက်ကူးကြမည်

- နိုင်ငံအရပ်ရပ်မှ မျိုးစိတ်ပေါင်း ၅၀၀၀ကျော်၊ အပင်ပေါင်း ၁သန်းကျော်ကို စင်္ကာပူနိုင်ငံရဲ့ နည်းပညာတိုးတက်မှု နှင့်အညီ ရှင်သန်အောင်ပြုစုပျိုးထောင်ထားပုံများကို မျက်ဝါးမြင်မြင် တွေ့မြင်နိုင်သည့် Garden By The Bay သို့သွားရောက်လည်ပတ်ခြင်း

- Garden By The Bay ထဲမှ Flower Doom ပန်းဥယျာဉ်၊ ရေရှားပါးသည့်နိုင်ငံဖြစ်သည့်အတွက် Water Cycle နည်းပညာနဲ့ သစ်တောတစ်ခုလုံးအေးစိမ့်အောင်ပြုလုပ်ပေးထားပြီး ရေတံခွန်အတုပါ ဖန်တီးပြုလုပ်ပေးထားသည့် Cloud Forest တို့ကို သွားရောက်လေ့လာလည့်ပတ်ခြင်း

- Shopping အတွက်လည်း လူကြိုက်များလှတဲ့ Penisula Plaza ၊ Orchard လမ်း နှင့် Bugis လမ်းတို့တွင် သွားရောက်လည်ပတ်ပြီး စိတ်ကြိုက်ဈေးဝယ်ကြပါမည်

 

 

Day 1 – Yangon ✈ Singapore

(- / Lunch on Board / Dinner)

မနက်အစောပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ Asian Tour မှ Tour Leader နှင့်တွေ့ဆုံ၍ Check-in ပြုလုပ်ပြီး MAI Airlines (8M-231) ဖြင့် စင်ကာပူနိုင်ငံသို့ ထွက်ခွာပါမည်။

✈️ Changi International Airport သို့ ရောက်ရှိပြီးနောက် Asian Tour ၏ Local Guide မှ နွေးထွေးစွာ ကြိုဆိုပါမည်။

🍱 Combo Meal Set ဖြင့် နေ့လယ်စာသုံးဆောင်ပြီးနောက် စင်ကာပူမြို့၏ အထင်ကရနေရာများကို စတင်လည်ပတ်ပါမည်။

📍 Suntec City
📍 Esplanade – Theatres on the Bay
📍 City Hall / Funan Mall

🦁 ထို့နောက် စင်ကာပူ၏ အမှတ်အသားဖြစ်သော Merlion Park တွင် အမှတ်တရဓာတ်ပုံများ ရိုက်ကူးပါမည်။

🍽️ Local Restaurant တွင် ညစာသုံးဆောင်ပြီး ဟိုတယ်တွင် Check-in ဝင်ရောက်ကာ အေးချမ်းစွာ အနားယူပါမည်။

 

 

Day 2 – Discover Singapore

(Breakfast / Lunch / Dinner)

🍽️ Hotel တွင် Breakfast သုံးဆောင်ပါမည်။

🛍️ Bugis Junction တွင် Shopping ပြုလုပ်ပြီး Singapore Local Lifestyle ကို လေ့လာပါမည်။

🍽️ နေ့လယ်စာ သုံးဆောင်ပါမည်။

🌸 Gardens by the Bay သို့ သွားရောက်လည်ပတ်ပါမည်။

🌺 Flower Dome
ကမ္ဘာတစ်ဝှမ်းရှိ ပန်းမျိုးစုံနှင့် အေးမြလှပသော ဥယျာဉ်ကြီးကို လေ့လာနိုင်ပါသည်။

🛍️ ထို့နောက် Singapore ၏ နာမည်ကျော် Shopping Street ဖြစ်သော Orchard Road တွင် Branded Store များနှင့် Chinese New Year Promotion များ၌ စိတ်ကြိုက် Shopping ပြုလုပ်နိုင်ပါသည်။

🍽️ Local Restaurant တွင် ညစာသုံးဆောင်ပါမည်။

 

 

Day 3 – Sentosa Island & Universal Studios Singapore

(Breakfast / Lunch / Dinner)

🍽️ Hotel တွင် Buffet Breakfast သုံးဆောင်ပြီးနောက်

🏝️ Sentosa Island သို့ သွားရောက်၍ လှပသော Siloso Beach တွင် အပန်းဖြေကာ အမှတ်တရဓာတ်ပုံများ ရိုက်ကူးပါမည်။

🎢 ထို့နောက် Universal Studios Singapore (USS) တွင် တစ်နေ့တာ ပျော်ရွှင်စွာ လည်ပတ်ကြပါမည်။

အထင်ကရ Attractions များမှာ...

🚀 Transformers: The Ride – The Ultimate 3D Battle

👻 Revenge of the Mummy

🎢 Battlestar Galactica Roller Coasters

🌊 WaterWorld Live Show

🎭 Shrek 4D Adventure

🎠 Madagascar၊ Minions၊ Jurassic Park၊ Far Far Away Castle နှင့် အခြား Theme Zones များ

🍽️ USS အတွင်း Meal Coupon ဖြင့် နေ့လယ်စာသုံးဆောင်ပါမည်။

🛍️ ညနေပိုင်းတွင် Singapore ၏ အကြီးဆုံး Shopping Mall ဖြစ်သော VivoCity တွင် Shopping ပြုလုပ်နိုင်ပါသည်။

🍽️ Local Restaurant တွင် ညစာသုံးဆောင်ပါမည်။

 

 

Day 4 – Singapore ✈ Yangon

(Breakfast / Lunch on Board)

🍽️ Hotel တွင် Buffet Breakfast သုံးဆောင်ပြီး Check-out ပြုလုပ်ပါမည်။

🙏 Buddha Tooth Relic Temple သို့ သွားရောက်၍ ဗုဒ္ဓစွယ်တော်မြတ်ပွားတော်အား ဖူးမြော်ကြည်ညိုပါမည်။

🌳 ထို့နောက် Jewel Changi Airport သို့ သွားရောက်ပြီး

💦 Rain Vortex (ကမ္ဘာ့အမြင့်ဆုံး Indoor Waterfall)

🌿 Shiseido Forest Valley

တို့တွင် အမှတ်တရဓာတ်ပုံများ ရိုက်ကူးကာ နောက်ဆုံး Shopping ပြုလုပ်နိုင်ပါသည်။

✈️ ထို့နောက် MAI Airlines (8M-232) ဖြင့် ရန်ကုန်သို့ ပြန်လည်ထွက်ခွာပါမည်။

စိတ်ချမ်းသာဖွယ် အမှတ်တရများ၊ ဓာတ်ပုံများနှင့် ပျော်ရွှင်ဖွယ်အတွေ့အကြုံများစွာကို ယူဆောင်လျက် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဘေးကင်းစွာ ပြန်လည်ရောက်ရှိပါမည်။

ခရီးစဉ်အတွင်းပါဝင်သောဝန်ဆောင်မှုများ

  • Yangon – Singapore - Yangon အသွားအပြန် လေယာဉ်လက်မှတ်
  • 3 Star Hotel
  • ခရီးစဉ်တွင် ဖော်ပြထားသော နေ့လည်စာနှင့် ညစာများ
  • လည်ပတ်ရမယ့် Fully Air Con Car
  • မိသားစုဝင်ကဲ့သို့ နွေးထွေးပျူငှာစွာဆက်ဆံသော Tour Leader တစ်ဦး
  • ဒေသခံ Local Tour Guide
  • ခရီးစဉ်တွင် ဖော်ပြထားသောနေရာများ၏ ဝင်ကြေးများ
     

ခရီးစဉ်အတွင်းမပါဝင်သောဝန်ဆောင်မှုများ

  • လေယာဉ်အတွက် ဝန်ပိုသယ်ဆောင်ခ
  • အထက်ပါ ခရီးစဉ်တွင် မဖော်ပြထားသော လည်ပတ်မှုနေရာများ
  • ဟိုတယ်တွင် ကိုယ်ပိုင်အသုံးစရိတ်ဖြစ်သော Laundry Charges, Room Services, Phone bill စသည့် ဝန်ဆောင်မှုများ
  • Guide နှင့် Driver အတွက် Tips money