testing

အခုလိုအချိန်မှာ ခရီးရက်ရှည်သွားဖို့အဆင်မပြေသေးတာကြောင့် ခဏတာလေးပဲဖြစ်ဖြစ် စိတ်ထွက်ပေါက်လေးတစ်ခုရဖို့ ရည်ရွယ်ပြီး ရန်ကုန်မြို့နဲ့သိပ်မဝေးပဲ နေ့ချင်းပြန်သွားလို့ရတဲ့နေရာလေးတွေ ပြောပြပေးမယ်နော်..
🌿ရန်ကုန်ကနေ တစ်နာရီလောက်ပဲကားမောင်းသွားရတဲ့ လှည်းကူးက Sunny Cove Private Getaway Resort
🌿သဘာဝကို ချစ်တဲ့သူတွေသွားလည်သင့်တဲ့ လှည်းကူးက Henry's Village Home
🌿ပဲခူးမြို့အနီးက မိုးယွန်းကြီးအင်းအပန်းဖြေစခန်း
🌿ပဲခူး ၁၀ မိုင်၊ ဟံသာဂေါက်ကွင်းအနီးက BulaeInn Villas Resort
🌿အေးချမ်းတိတ်ဆိတ်နေတဲ့ တောထဲက Bago Yoma Eco Resort
🌿View လှလှလေးတွေကြည့်လို့ရမယ့် Thuwunna Bomi Mountain View Hotel
🌿စက်ဘီးစီးရတာနှစ်သက်သူများအတွက် ဒလကနေ တွံတေးအထိ စက်ဘီးလေးနဲ့လိမ့်လို့ရတယ်နော်
🌿ရန်ကုန် - ပုသိမ် လမ်းမကြီးဘေး ၂၂ မိုင်မှာရှိတဲ့ Green Land Resort
🌿ရန်ကုန် - ပုသိမ် လမ်းမကြီးဘေးက နောက်ထပ်ဓါတ်ဖမ်းလို့ကောင်းတဲ့ နေရာတစ်ခု Shan Shwe Ou Resort
🌿ရန်ကုန်မြို့နဲ့အဝေး ခဏလေးပဲဖြစ်ဖြစ် လေကောင်းလေသန့်ထွက်ရှှုရင်း မိသားစု၊ သူငယ်ချင်း၊ အပေါင်းအသင်းရောင်းရင်းတို့နဲ့ အေးအေးဆေးဆေးအနားယူ ရေကူး၊ ပျော်ပျော်ပါးပါး သီချင်းတွေဆိုပြီး Selfie တွေ အမုန်းဆွဲကြမလား…
🌿အခုဖော်ပြပေးတဲ့နေရာလေးတွေက ပြန်ဖွင့်နေပြီဖြစ်လို့ အရောက်သွားဖို့အကြံပြုရစေနော်…