" ခရီးသွားဖို့ $ စုကြစို့ "

ခရီးသွားဖို့ $ စုကြစို့...

နိုင်ငံခြား သွားပါ...
ပတ်ဝန်းကျင်ကို ရှုမြင်ပုံ ကွဲပြားလာပါလိမ့်မယ်...

နိုင်ငံခြား သွားပါ...
အရေးမကြီးတာနဲ့ အရေးကြီးတာကို ခွဲခြားတတ်လာလိမ့်မယ်...

နိုင်ငံခြားသွားပါ...
အဟောင်းအညစ်တွေကို အကောင်းအသစ်တွေနဲ့
အစားထိုးချင်စိတ် ပေါ်လာပါလိမ့်မယ်...

နိုင်ငံခြားသွားပါ...
လူကို လူလို့ မြင်တတ်လာလိမ့်မယ်...

နိုင်ငံခြားသွားပါ...
အချိန်ကို စီမံခန့်ခွဲတတ်လာမယ်...

နိုင်ငံခြားသွားပါ...
လုပ်အားတန်ဖိုး ချစ်မြတ်နိုးလာလိမ့်မယ်...

နိုင်ငံခြားသွားပါ...
အစားအစာကို ခြိုးခြံခြွေတာတတ်လာမယ်...

နိုင်ငံခြားသွားပါ...
ငွေကို တန်ဖိုးထားတတ်လာမယ်...

နိုင်ငံခြားသွားပါ...
အချိန်ကို လေးစားတတ်လာမယ်...

နိုင်ငံခြားသွားပါ...
ကိုယ့်အားကိုယ်ကိုး တက်လာမယ်...

နိုင်ငံခြားသွားပါ...
ရဲရင့်ခြင်းရဲ့အရသာကို ခံစားတတ်လာမယ်...

နိုင်ငံခြားသွားပါ...
ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပိုလာမယ်...

နိုင်ငံခြားသွားပါ...
ပတ်ဝန်းကျင် လေ့လာမှုအား ပိုကောင်းလာမယ်...

နိုင်ငံခြားသွားပါ...
အထီးကျန်ခြင်းကို ခံနိုင်ရည်ရှိလာမယ်...

နိုင်ငံခြားသွားပါ...
မျက်နှာလေး မြင်ရရုံနဲ့ ချစ်တတ်လာမယ်...

နိုင်ငံခြားသွားပါ...
အသံကြားရုံနဲ့ သနားတတ်လာမယ်...

နိုင်ငံခြားသွားပါ...
အတွေ့ကြုံမပါ လောကအလည်မှာ ကျေနပ်လာတတ်မယ်...

နိုင်ငံခြားသွားပါ...
မြန်မာ့ယဉ်ကျေးမှုကို ပိုတန်ဖိုးထားတတ်လာမယ်...

နိုင်ငံခြားသွားပါ...
မြန်မာ့အစားအစာတွေကို ပိုခံတွင်းတွေ့လာမယ်...

နိုင်ငံခြားသွားပါ...
သည်းခံခြင်းတရား ကြီးမားလာမယ်...

နိုင်ငံခြားသွားပါ...
ေဒါသကို စီမံခန့်ခွဲတတ်လာမယ်...

နိုင်ငံခြားသွားပါ...
မိတ်ဆွေနဲ့ရန်သူကို ခွဲခြားတတ်လာမယ်...

နိုင်ငံခြားသွားပါ...
ကိုယ့်မြေကိုယ့်ရေကို တွယ်တာတတ်လာမယ်...

နိုင်ငံခြားသွားပါ...
မြန်မာမလေးတွေ ပိုလှတယ်လို့ တွေးမိလာမယ်...

နိုင်ငံခြားသွားပါ...
ပညာရေး အရေးပါမှုကို ပိုသိလာမယ်...

နိုင်ငံခြားသွားပါ...
ကျန်းမာခြင်းဟာ လာဘ်တစ်ပါးလို့ သဘောပေါက်လာမယ်...

နိုင်ငံခြားသွားပါ...
မတူကွဲပြားမှုတွေကို လက်ခံနိုင်လာမယ်...

နိုင်ငံခြားသွားပါ...
နိုင်ငံကြီးသားစိတ်ဓာတ်ဆိုတဲ့စကားလုံးကို နားလည်လာမယ်...

နိုင်ငံခြားသွားပါ...
ကမ္ဘာမှာ မြန်မာ နှင့် တခြားနိုင်ငံများ ၏ အားနည်းချက်
အားသာချက်တွေကဘာလည်းဆိုတာကို သိလာမယ်...

နိုင်ငံခြားသွားပါ...
နိုင်ငံခြားသွားပါ...
နိုင်ငံခြားသွားပါ...
.
.
Credit Pyi Soe