ပေကျင်း + ရှန်ဟိုင်း (၆ည / ၇ရက်)

ခရီးစဉ်တွင် လည်ပတ်ရမည့်နေရာများ


- ပေကျင်းရှိ The Gate of the Heavenly Peace ဟု တင်စားခေါ်ဝေါ်ကြသော Tiananmen Square သို့ သွားရောက်လည်ပတ်ခြင်း


- UNESCO အသိအမှတ်ပြု ရှေးခေတ် Wooden Structure များကို မြင်တွေ့နိုင်မည့် Forbidden City သို့ သွားရောက်လည်ပတ်ခြင်း


- UNESCO အသိအမှတ်ပြုထားသည့် ကမ္ဘာ့အံ့ဖွယ်နေရာတစ်ခုဖြစ်သော မဟာတံတိုင်းကြီး Great Wall (Mutianyu Section) သို့ Cable Car ဖြင့် သွားရောက်ပြီး အမှတ်တရဓါတ်ပုံများရိုက်ကူးခြင်း


- National Stadium ဖြစ်သော Water Cube and Bird Nest (Outside) နှင့် ကမ္ဘာလှည့်ခရီးသွားများအား အဓိကဆွဲဆောင်နိုင်ဆုံးနေရာဖြစ်သော ရေကန်အလှ၊ ပန်းအလှများနှင့်ပြည့်စုံနေသည့် Summer Palace သို့ သွားရောက်လည်ပတ်ခြင်း


- တရုတ်ပြည်၏ ရှေးဟောင်းမြို့တော်ဖြစ်သည့် ရှီအန်းမြို့


- ရှေးဟောင်းအမွေအနှစ်တို့၏ အငွေ့အသက်ကိုခံစားနိုင်ရန် Bell Tower ရင်ပြင်တော်နှင့် Xian City Wall သို့ သွားရောက်လည်ပတ်ခြင်း


- ကမ္ဘာ့အံ့ဖွယ် (၈) ခုစာရင်းထဲတွင် တစ်ခုအပါအဝင်ဖြစ်သော ရုပ်ထုပေါင်းများစွာဖြင့် ခမ်းနားကြီးကျယ်စွာ တည်ဆောက်ထားသော Terra Cotta Warriors သို့ Battery Car ဖြင့် လည်ပတ်ခြင်း


- ထန်မျိုးဆက်တို့ တည်ဆောက်ခဲ့ရာ ဘုရားကျောင်းကြီးဖြစ်သည့် Big Wild Goose Pagoda သို့ သွားရောက်လည်ပတ်ခြင်း


- တရုတ်ပြည်၏ စီးပွားရေးအချက်အချာမြို့ဖြစ်သည့် ရှန်ဟိုင်းမြို့


- အေးချမ်းသာယာလှသည့် ရှေးဟောင်းရွာကလေးဖြစ်သော Qibao Ancient Water Village သို့ သွားရောက်လည်ပတ်ခြင်း


- တရုတ်ရိုးရာအိမ်လေးများဖြင့် တည်ဆောက်ထားသော ဈေးဆိုင်များတွင် နာမည်ကျော်အစားသောက်များနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများ ဝယ်ယူနိုင်ခြင်း


- ပြင်သစ်ခေတ်ကအလုပ်ခန်းတို့ တည်ဆောက်ထားရာ လမ်းဖြစ်သည့် Xintiandi Street သို့ သွားရောက်လည်ပတ်ခြင်း


- ရှန်ဟိုင်းမြို့ရှိ Jade Buddha Temple နှင့် ရှန်ဟိုင်းဈေးလမ်းဟောင်းတစ်ခုဖြစ်သည့် Shanghai Old Street တွင်ရှိသော Chenghuangmiao Temple သို့ သွားရောက်လည်ပတ်ခြင်း


- ရေကြောင်းတစ်လျှောက်၏ တဖက်တချက်တွင်ရှိသော Gothic, Roman, Baroque, Chinese နှင့် Western Style တည်ဆောက်ထားသော အဆောက်အအုံများ၏အလှကို ကြည့်ရှုခံစားနိုင်သည့် The Bund သို့ သွားရောက်လည်ပတ်ခြင်း


- လက်ဆောင်ပစ္စည်းများဝယ်ယူနိုင်ရန် Nanjing Road Walking Street သို့ ပို့ဆောင်ပေးခြင်း


- ကမ္ဘာ့အမြင့်ဆုံးနံပါတ် (၆) အဆင့်ရှိ TV နှင့် Radio Tower ဖြစ်သည့် Oriental Pearl Tower 2nd Ball သို့ တက်ရောက်ပြီး Glass Corridor ပေါ်တွင် ရင်သပ်ရှုမောဖွယ်ရာရှုခင်းများကိုကြည့်ရှုခံစားခြင်း

 

ခရီးစဉ်အတွင်းပါဝင်သောဝန်ဆောင်မှုများ

  • ရန်ကုန် - ပေကျင်း - ရန်ကုန် အသွားအပြန် လေယာဉ်လက်မှတ်
  • ပေကျင်း - ရှီအန်း - ရှန်ဟိုင်း Bullet Train
  • ကြယ်လေးပွင့် အဆင့်ရှိသောဟိုတယ်တွင် ၆ ညတာတည်းခိုခြင်း
  • ဘူဖေး၊ အရှေ့တိုင်း နှင့် အနောက်တိုင်း အစားအစာများပါဝင်သော နံနက်စာ၊ နေ့လည်စာ၊ ညစာများ
  • တရုတ်ပြည်ဝင်ခွင့် ဗီဇာကြေး နှင့် ဝန်ဆောင်မှုများ
  • ခရီးစဉ်တစ်လျှောက် Air-Con Bus အကြို အပို့
  • မိသားစုဝင်ကဲ့သို့ နွေးထွေးပျူငှာစွာဆက်ဆံသော Tour Leader တစ်ဦး
  • အင်္ဂလိပ်စကားပြော ဒေသခံ Tour Guide
  • ခရီးစဉ်တွင် ဖော်ပြထားသောနေရာများ၏ ဝင်ကြေးများ
  • နေ့စဉ် ရေသန့်တစ်ဗူးနှင့် Snow Tower

ခရီးစဉ်အတွင်းမပါဝင်သောဝန်ဆောင်မှုများ

  • လေယာဉ်အတွက် ဝန်ပိုသယ်ဆောင်ခ
  • ဟိုတယ်နှင့်စားသောက်ဆိုင်များတွင်သုံးစွဲသော အအေးနှင့် ရေသန့်ဖိုးများ
  • ဖော်ပြပါခရီးစဉ်တွင်မပါဝင်သောဝန်ဆောင်မူများ
  • မိမိနှင့်သာသက်ဆိုင်သည့် ကုန်ကျစရိတ်များ
  • ကုတင်မယူသော အသက်12နှစ်အောက်နှင့် 120 cm အောက် ကလေးအတွက် ဆပ်ပြာ ၊ ခေါင်းလျှော်ရည်၊
  • သွားတိုက်တံ၊ သွားတိုက်ဆေး နှင့် မနက်စာ
  • ဟိုတယ်တွင် ကိုယ်ပိုင်အသုံးစရိတ်ဖြစ်သော Laundry Charges , Room Services, Phone bill စသည့်
  • ဝန်ဆောင်မှုများ
  • ခရီးသွား အာမခံကြေး