တူရကီ (၈ည / ၉ရက်)

ခရီးစဉ်တွင် လည်ပတ်ရမည့်နေရာများ

- ရေလမ်းများ အဓိကဝန်းရံထားသော အစ်စတန်ဘူမြို့တွင်း နှင့် Bosphorus ၏ အခြေခံ ရေလက်ကြားဖြစ်တဲ့ the Golden Horn သို့ သွားရောက်လည်ပတ်ခြင်း
- တံငါရွာ နှင့် ၁၉ ရာစုနှစ် shopping အဆောက်အဦးများ၊ ရုပ်ရှင်ရုံများ၊ ကော်ဖီဆိုင်များ တန်းစီနေပြီး မြို့၏ အဓိကလူသွားလမ်းကျယ်ဖြစ်သော Taksim သို့ သွားရောက်လည်ပတ်ခြင်း
- Topkapi နန်းတော်၊ ယခင်က ဂရိစ် ခရစ်ယာန်ဝတ်ကျောင်းမှ ဗလီ၊ ဗလီမှ ယခုအခါတွင် ပြတိုက်အဖြစ်သို့ ပြောင်းလဲထားသော Hagia Sophia သို့ သွားရောက်လည်ပတ်ခြင်း
- Bosphorus ရေလက်ကြားပေါ်တွင် ၂ နာရီခန့် လှေစီးပြီး လည်ပတ်ကြခြင်း
- ဥရောပနှင့် အာရှကို ပေါင်းစည်းစေသော တံတား ၂ စင်းအောက်မှဖြတ်ပြီး ဆူလ်တန်လူမျိုးများ၏ နန်းတော်နှင့် သစ်သားပုံစံ အိမ်များ၊ Ottoman Villas များကိုလဲ လှေစီးရင်း ကြည့်ရှုခံစားခြင်း
- တူရကီနိုင်ငံ၏ မြို့တော်ဖြစ်သော အန်ခါရာမြို့သို့ ရထားဖြင့် ထွက်ခွါခြင်း
- တူရကီစစ်ခေါင်းဆောင်ဖြစ်သော Ataturk ၏ ဗိမာန်တော်ကြီးသို့ သွားရောက်လည်ပတ်ခြင်း
- ကာပါဒိုစီရာဒေသတွင် တစ်နေ့လုံးလှပသော ရှုခင်းများ၊ ဘုရားကျောင်းများအား ကြည့်ရှုခံစားရင်း ရှေးဟောင်းရွာများသို့လည်း သွားရောက်လည်ပတ်ကြခြင်း
- ၁၉၈၄ ခုနှစ်ကတည်းက ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်ဖြစ်သော Goreme Open-Air Museum နှင့် ကျောက်ဆောင်များထဲ ထွင်းထားသောဘုရားကျောင်းများကို သွားရောက်လည်ပတ်ခြင်း
- သဘာ၀ ခံတပ်တစ်ခုဖြစ်သော Uchisar ရဲတိုက် နှင့် လူ (၃) သောင်းခန့် ဝင်ဆံ့သော Kaimacli ၏ မြေအောက်မြို့သို့ သွားရောက်လည်ပတ်ခြင်း
- (၇) ရာစုနှစ်ကဖြစ်သော Gumusler တွင် ရှိနေခဲ့သော တူရကီမြို့၏ အကောင်းဆုံးသော အံ့ဖွယ်မြေအောက်ဘုရားကျောင်းများသို့ သွားရောက်လေ့လာခြင်း
- တူရကီတွင် မသွားမဖြစ်သွားလည်ရမည့်နေရာဖြစ်သည့်Pasabag Valley သို့ သွားရောက်လည်ပတ်ခြင်း
- နှစ်ထောင်ပေါင်းများစွာကတည်းက ဖြစ်ပေါ်နေသော အလွန်လှပသောသဘာဝရှုခင်းများ နှင့် ရေ၏ ကြည်လင်လတ်ဆတ်မှု၊ ဘုရားကျောင်းများနှင့် ကျောက်ဆောင်များထဲမှ တူးဖော်တွေ့ရျိသော ရွာလေးများသို့ သွားရောက်လည်ပတ်ခြင်း
- Konya ရှိ Mevlana ပြတိုက်၏ အစိမ်းရောင် ဗိမာန်ကြီးသို့ သွားရောက်လည်ပတ်ခြင်း
- (၁၃) ရာစုနှစ်က ဆောက်ခဲ့သော ခရီးသွားတည်းခိုဆောင်ဟောင်းသို့ သွားရောက်လေ့လာခြင်း
- Egridir မြို့ရှိ လှပသော ဗလီများ၊ နံရံများကို ကြည့်ရှုခြင်း
- ထုံးကျောက်ထွက်သော ရေများမှ Cotton ရဲတိုက်ကို ဖြစ်ပေါ်စေသော Hierapolis ပါမူကလဲ
- လွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀ ခန့်က လူဦးရေ ၄ ပုံ ၁ ပုံ မှီတင်းနေထိုင်ခဲ့သော ရှေးဟောင်းမြို့တော် Ephesus
- Virgin Mary၊ Saint John ခရစ်ယာန်ဝတ်ပြုကျောင်းနှင့် ရှေးဟောင်းမြို့ဖြစ်သော Ephesus မှ ခမ်းနားထည်ဝါသော အပျက်အစီးများကို သွားရောက်လေ့လာခြင်း
- တူရကီ၏ တတိယမြို့ဖြစ်သည် Izmir တွင် သာယာလှပသော ပင်လယ်ကမ်းခြေ အလှကို ခံစားကြည့်ရှုခြင်း
- Izmir တွင် သက်တမ်းအရှည်ဆုံးဖြစ်သော Saint Policarp ၏ ဘုရားကျောင်းသို့ သွားရောက်လည်ပတ်ခြင်း
- The Fort of Kadifecale နှင့် တူရကီနိုင်၏ စတုတ္ထမြို့ဖြစ်သော Bursa ကို သွားရောက်လည်ပတ်ခြင်း

 

ခရီးစဉ်အတွင်း ပါဝင်သော ဝန်ဆောင်မှုများ

  • ရန်ကုန် - တူရကီ - ရန်ကုန် အသွားအပြန် လေယာဉ်လက်မှတ်
  • Buffet,အရှေ့တိုင်းနှင့်အနောက်တိုင်းအစားအစာပါဝင်သော မနက်စာ၊နေ့လည်စာ၊ညစာများ
  • ကြယ်သုံးပွင့်အဆင့်မြင့်ဟိုတယ်တွင် ၈ ညတာတည်းခိုခြင်း
  • ခရီးစဉ်တွင် ဖော်ပြထားသော ၀င်ကြေးများနှင့် လည်ပတ်မှုအတွက် ကုန်ကျစရိတ်များ (All Entrance Fees)
  • ခရီးစဉ်တစ်လျှောက် Air-Con Bus အကြို အပို့
  • အင်္ဂလိပ်စကားပြော ဒေသခံ Tour Guide
  • မိသားစုဝင်ကဲ့သို့ နွေးထွေးပျူငှာစွာဆက်ဆံသော Tour Leader တစ်ဦး   

ခရီးစဉ်အတွင်း မပါဝင်သော ဝန်ဆောင်မှုများ

  • ဗီဇာကြေး
  • နိုတြီ ဘာသာပြန်များ
  • ကျန်းမာရေးနှင့် အသက်အာမခံ ဝယ်ယူစရိတ်များ
  • ဟိုတယ်နှင့် စားသောက်ဆိုင်အတွင်း အပိုသုံးစွဲသော အအေး၊ရေသန့် နှင့် အဖျော်ယမကာများ
  • ဟိုတယ်တွင် ကိုယ်ပိုင်အသုံးစရိတ်ဖြစ်သော Laundry Charges, Room Services, Phone bill စသည့် ဝန်ဆောင်မှုများ
  • ခရီးစဉ်အတွင်း မဖော်ပြထားသောအရာများ
  • Guide နှင့် Driver အတွက် Tips money