မလေးရှား (၃ည / ၄ရက်)

ခရီးစဉ်တွင် လည်ပတ်ရမည့်နေရာများ


- ဘုရင့်နန်းတော်သစ် (Photo Stop) နှင့် ဟိန္ဒူရိုးရာပုံစံ မူရူဂန်နတ်ဘုရားရုပ်ကြီး ထုလုပ်ထားရာ ထုံးကျောက်ဂူသို့သွားရောက်လည်ပတ်ခြင်း
- နာမည်ကြီး မလေးရှားပါတိတ်လုပ်ငန်းများရှိရာသို့ သွားရောက်လည်ပတ်ကြခြင်း
- ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၂၀၀၀ ကျော်အမြင့်တွင်တည်ရှိသောမြို့လေး Genting Highlands သို့ ကေဘယ်ကားဖြင့် တက်ရောက်ပြီး ကာစီနိုများ၊ နာမည်ကျော် Branded အသုံးဆောင်ပစ္စည်းများ ရောင်းချရာမြို့လေးတွင် Free & Easy လည်ပတ်နိုင်ခြင်း
- ပြင်သစ်စတိုင် အဆောက်အဦးများနှင့် Resort တည်ရှိရာ ဘာဂျာရာတောင်ကုန်းသို့ သွားရောက်လည်ပတ်ခြင်း၊ အမှတ်တရဓါတ်ပုံရိုက်ကူးခြင်း
- Sunnway Lagoon အပန်းဖြေ ကစားကွင်းသို့ သွားရောက်ကာ စိတ်လက်ပေါ့ပါးစွာဖြင့် ဆော့ကစားကြခြင်း
- KL City Tour ဖြစ်သည့် မာဒေးကားရင်ပြင်၊ အမျိုးသားရေးအထိန်းအမှတ်ရုပ်ထု၊ လွှတ်တော်အဆောက်အဦး၊ National Mosque ဗလီ အစရှိသည့် အထင်ကရနေရာများသို့ အမှတ်တရဓါတ်ပုံများရိုက်ကူးနိုင်ရန် ပို့ဆောင်ပေးခြင်း
- ချောကလတ်အမျိုးစုံလင်စွာ တွေ့မြင်ရနိုင်သည့် KL Chocolate House နှင့် ဒေသထွက် Souvenirs များဝယ်ယူနိုင်ရန် သွားရောက်ခြင်း
- မလေးရှားနိုင်ငံ၏ အမှတ်သင်္ကေတဖြစ်သော Twin Tower ရှေ့တွင်အမှတ်တရဓါတ်ပုံများ ရိုက်ကူးကြခြင်း
- လက်ဆောင်ပစ္စည်းများ စိတ်ကြိုက်ဝယ်ယူနိုင်ရန် Suria KLCC Shopping Mall သို့ သွားရောက်လည်ပတ်ခြင်း

 

ခရီးစဉ်အတွင်းပါဝင်သောဝန်ဆောင်မှုများ

  • ရန်ကုန် - ကွာလာလမ်ပူ - ရန်ကုန် အသွားအပြန်လေယာဉ်လက်မှတ်
  • ကြယ်သုံးပွင့်အဆင့်မြင့်ဟိုတယ်တွင် ၃ ညတာတည်းခိုခြင်း
  • Buffet,အရှေ့တိုင်းနှင့်အနောက်တိုင်းအစားအစာပါဝင်သော မနက်စာ၊နေ့လည်စာ၊ညစာများ
  • ခရီးစဉ်အတွင်းပါဝင်သော ၀င်ကြေးများ
  • ခရီးစဉ်တစ်လျှောက် Air-Con Bus အကြို အပို့
  • မိသားစုဝင်ကဲ့သို့ နွေးထွေးပျူငှာစွာဆက်ဆံသော Tour Leader တစ်ဦး
  • အင်္ဂလိပ်စကားပြော ဒေသခံ Tour Guide

ခရီးစဉ်အတွင်းမပါဝင်သောဝန်ဆောင်မှုများ

  • လေယာဉ်အတွက် ဝန်ပိုသယ်ဆောင်ခ
  • အထက်ပါ ခရီးစဉ်တွင် မဖော်ပြထားသော လည်ပတ်မှုနေရာများ
  • ဟိုတယ်တွင် ကိုယ်ပိုင်အသုံးစရိတ်ဖြစ်သော Laundry Charges, Room Services, Phone bill စသည့် ဝန်ဆောင်မှုများ
  • Guide နှင့် Driver အတွက် Tips money