နောင်ချို + ပြင်ဦးလွင် (၂ ည / ၃ ရက်)

ခရီးစဉ်တွင် လည်ပတ်ရမည့်နေရာများ

- ရှမ်းရိုးမတောင်တန်းတွေရဲ့အလယ် တိမ်စိုင် တိမ်ခဲများ ထူထပ်နေသည်ကို မြင်တွေ့ရမည့် တိမ်ပင်လယ်မြင်ကွင်း

- ပတ်ပတ်လည်မှာ စိမ်းစိုလှပသော တောတောင်ရှုခင်းများ ကြည့်ရှုနိုင်ခြင်း

- တိတ်ဆိတ်ငြိမ်သက်လှသော အေးချမ်းမှုများနဲ့အတူ လတ်ဆတ်သည့်လေကို ရှုရှိုက်နိုင်ခြင်း

- တောင်ပေါ်တွင် ဘန်ဂလိုလေးများ (သို့မဟုတ်) အတွေ့အကြုံသစ်ရရှိမည့် Tent နှင့် အိပ်စက်နိုင်ရန် မိမိကြိုက်နှစ်သက်ရာ ရွေးချယ်နိုင်ခြင်း

- ပြင်ဦးလွင်မြို့ရဲ့ ကျက်သရေဆောင် မဟာအံ့ထူးကံသာဘုရားကြီးအား ဖူးမြော်ခြင်း

- ပွဲကောက်ရေတံခွန်တွင် ရေဆော့ကစားနိုင်ခြင်း

- သဘာဝလှိုဏ်ဂူတစ်ခုပြီး ကျောက်စက်ပန်းဆွဲများနှင့် လှနေသော ပိတ်ချင်းမြောင်သို့ လည်ပတ်ခြင်း

- ပန်းပေါင်းစုံတို့ ဖူးဖွင့်ရာနေရာဖြစ်သည့် အမျိုးသားကန်တော်ကြီးဥယျာဉ် တို့ကို သွားရောက်လည်ပတ်ကြခြင်း

- လည်ပတ်စရာနေရာများအပြင် ဓါတ်ပုံရိုက်စရာ Photo Shooting Spot များတွင် တသက်တာအမှတ်ရနေစေမည့် အမှတ်တရပုံလှလှလေးတွေ ရိုက်ကူးနိုင်ခြင်း

 

ခရီးစဉ်အတွင်း ပါဝင်သောဝန်ဆောင်မှုများ

  • အဆင့်မြင့် Air Con Express (Yutong / Higer / Scania) ကားများဖြင့် စီစဉ်ထားခြင်း။
  • ဖော်ပြထားသော နံနက်စာ၊ နေ့လည်စာ၊ ညစာ
  • တောင်ပေါ်ရှိ ဘန်ဂလို (သို့) Tent ဖြင့် (၁) ညတာ အိပ်စက်ခွင့်
  • တစ်နေ့လျှင် ရေသန့် (၃) ဗူး ပေးဝေခြင်း
  • တိမ်ပင်လယ်သို့ သွားမည့် တဆင့်သွားကားခ
  • အဆာပြေမုန့် နှင့် အအေး
  • အခြေခံ အိမ်သုံးဆေးဝါးများ
  • ရင်းနှီးဖော်ရွေသော Tour Leader ၀န်ဆောင်မှုပေးခြင်း

ခရီးစဉ်အတွင်း မပါဝင်သောဝန်ဆောင်မှုများ

  • အစားအသောက် ၀န်ဆောင်မှုအစီစဉ်တွင် မပါဝင်သော အစားအစာများအား ထပ်မံမှာယူခြင်း
  • အထက်ပါ ခရီးစဉ်တွင် မဖော်ပြထားသော လည်ပတ်မှုနေရာများ
  • ဟိုတယ်တွင် ကိုယ်ပိုင်အသုံးစရိတ်ဖြစ်သော Laundry Charges , Room Services, Phone bill စသည့် ဝန်ဆောင်မှုများ