မြစ်ကြီးနား + ပူတာအို (၃ ည / ၄ ရက်)

ခရီးစဉ်တွင် လည်ပတ်ရမည့်နေရာများ

- မြန်မာပြည်မြောက်ဖျားပိုင်းက ကချင်ပြည်နယ်ရဲ့ မြစ်ကြီးနား

- ကချင်လူမျိုးများ၏ အထွဋ်အမြတ်ပွဲတော်များကျင်းပရာနေရာဖြစ်သည့် မနောကွင်း

- မြန်မာပြည်၏ အသက်သွေးကြော ဧရာဝတီမြစ်ကြီးဖြစ်ပေါ်လာဖို့ မေခ၊ မလိခ မြစ် ၂ခု ပေါင်းစုံရာ မြစ်ဆုံ

- ကမ္ဘာလုံးဘုရား

- တောင်းဆုပြည့်သည့် ဆုတောင်းပြည့်စေတီ

- မြန်မာနိုင်ငံ၏ တစ်ခုထည်းသော ရေခဲတောင်ရှိရာမြို့ဖြစ်သည့် ပူတာအိုမြို့

- ထာဝရနှောင်ကြိုး ဇာတ်ဝင်ခန်းများရိုက်ကူခဲ့တဲ့ မူလာရှီးဒီကြိုးတံတား

- Malikha Lodge နှင့် မူလာချောင်း ဂျစ်ကားကူး ကြိုးတံတားပေါ်မှ လှပသော သဘာဝရှုခင်းများကို ကြည့်ရှုခံစားခြင်း

- ရ၀မ်လူမျိုးများ၏ ရ၀မ်မနောကွင်း

- အထက်ကောင်းမှုလုံစေတီ၊ အလယ်ရွှေစည်းခုံ၊ အောက်ရွှေတိဂုံဟု တန်ခိုးကြီးသော ကောင်းမှုလုံစေတီကို သွားရောက်ဖူးမြော်ခြင်း

- အထပ်ပေါင်းမြောက်များစွာ နှင့် ရှုခင်းစိမ်းစိမ်းများဖြင့် ၀န်းရံထားသည့် နမ့်ခမ်းရေတံခွန်သို့ သွားရောက်လည်ပတ်ခြင်း

- ဒဏ္ဍာရီလာ ပုံပြင်နှင့်တကွ ဖြစ်တည်လာသော ကျောက်နဂါးသို့ သွားရောက်လေ့လာလည်ပတ်ခြင်း

- အင်္ဂလိပ်ခေတ်က ကျန်ရစ်ခဲ့သော ဂူဘွားရိပ်သာသို့ သွားရောက်လည်ပတ်ခြင်း

- နောင်ခိုင်ရွာမှ စက်လှေစီးပြီး သဘာဝအတိုင်း ကျောက်ချောများ ဖြစ်နေသော နတ်ကျွန်းသို့ သွားရောက်လည်ပတ်ခြင်း

- လတ်လတ်ဆတ်ဆတ် Organic အသီးအနှံများကိုသာ ရောင်းချသော ပူတာအို ဈေးသို့ အိမ်အပြန်လက်ဆောင်ပစ္စည်းများ ၀ယ်ယူရန် သွားရောက်လည်ပတ်ကြခြင်း

 

ခရီးစဉ်အတွင်းပါဝင်သောဝန်ဆောင်မှုများ

  • ရန်ကုန် - မြစ်ကြီးနား လေယာဉ်လက်မှတ်
  • မြစ်ကြီးနား - ပူတာအို - ရန်ကုန် လေယာဉ်လက်မှတ်
  • ဖော်ပြထားသော နံနက်စာ၊ နေ့လည်စာ၊ ညစာ
  • 3 star အဆင့်ရှိ ဟိုတယ်တွင် (၃) ညတည်းခိုခြင်း (၂ ယောက် ၁ ခန်း / ၃ ယောက် ၁ ခန်း)
  • တစ်နေ့လျှင် ရေသန့် (၃) ဗူးပေးဝေခြင်း
  • မြစ်ကြီးနား နှင့် ပူတာအိုတွင် လည်ပတ်မည့် ကားခ
  • အဆာပြေမုန့် နှင့် အအေး
  • အခြေခံ အိမ်သုံးဆေးဝါးများ
  • နတ်ကျွန်းသို့ သွားရောက်လည်ပတ်မည့် စက်လှေခ
  • ရင်းနှီးဖော်ရွေသော Tour Leader ၀န်ဆောင်မှုပေးခြင်း

ခရီးစဉ်အတွင်း မပါဝင်သောဝန်ဆောင်မှုများ

  • အစားအသောက် ၀န်ဆောင်မှုအစီစဉ်တွင် မပါဝင်သော အစားအစာများအား ထပ်မံမှာယူခြင်း
  • အထက်ပါ ခရီးစဉ်တွင် မဖော်ပြထားသော လည်ပတ်မှုနေရာများ
  • ဟိုတယ်တွင် ကိုယ်ပိုင်အသုံးစရိတ်ဖြစ်သော Laundry Charges , Room Services, Phone bill စသည့် ဝန်ဆောင်မှုများ