မြိတ်ကျွန်းစု + ထိုင်းနိုင်ငံ ပရာကျွတ် (၅ ည / ၆ ရက်)

ခရီးစဉ်တွင် လည်ပတ်ရမည့်နေရာများ

- ရေပတ်လည်ဝန်းရံထားသည့် ကျွန်းစုမြို့လေးဖြစ်သော်လည်း မုန်တိုင်းကိုမကြောက်၊ မီးကိုသာကြောက်သည့် ထူးခြားသည့်သမိုင်းကြောင်းများနှင့် မြိတ်မြို့

- တနင်္သာရီဒေသကြီး၊ မြိတ်မြို့၏ကျက်သရေဆောင်ဖြစ်ပြီး ခယ်တောင်ပေါ်၌ ထည်ထားသော လေးကျွန်းဆီမီးသိမ်တော်ကြီးစေတီ

- နာမည်ကြီးသော မြိတ်ကမ်းနားလမ်း

- ပင်လယ်ထဲမှာတည်ရှိသော်လည်း ရေချိုဖြစ်နေသော ဒုံးရေတံခွန်

- ပင်လယ်ပျော်မင်းသားများဟု ခေါ်တွင်ကြသည့် သဘာဝအလှပေါကြွယ်ဝတဲ့ တောင်ပိုင်းဒေသကမြိတ်ကျွန်းအတွင်းမှာ နေထိုင်ကြသော ဆလုံလူမျိုးအကြောင်းလေ့လာခြင်း

- အရှေ့တောင်အာရှမှာ နာမည်ကြီးသော ကမ်းခြေတစ်ခုလုံးကျောက်စရစ်ခဲများဖြင့် လှပနေသာ စမတ်ကျွန်း

- ရေအနက်ပေ ၈ ပေအထိ ရေအောက်အလှအပ၊ သန္တာကျောက်တန်းများနှင့် ငါးသေးသေးလေးတွေကို အနီးကပ်မြင်တွေ့ရမည့် Snorkeling အတွေ့အကြုံအသစ်

- မြိတ်မြို့တစ်ဖက်ကမ်းက လျောင်းတော်မူဘုရားကြီး

- ထိုင်းမှ လာတည်ထားသော ကမ္ဘာလုံးဘုရား

- ဇီဝဇိုးငှက်လေးများ၏ နေထိုင်မှုပုံစံကိုလေ့လာနိုင်မည့် သဘာဝငှက်သိုက်အိမ်

- မြိတ်ဒေသထွက်လက်ဆောင်ပစ္စည်းများ ၀ယ်ယူနိုင်ရန် ပို့ဆောင်ပေးခြင်း

- မြိတ်မြို့ကနေ (၃) နာရီကျော်ကျော်သာမောင်းရသည့် ထိုင်းနိုင်ငံနယ်စပ်မြို့လေး ပရာကျွတ်မြို့

- ပရာကျွတ်မြို့ရှိ လေးမျက်နှာဘုရား

- ပရာကျွတ်တစ်မြို့လုံး၏ အလှကိုအပေါ်စီးမှ မြင်တွေ့ရမည့် မျောက်တောင်

- ဓါတ်ပုံရိုက်ဖို့ အမိုက်စားနေရာဖြစ်သည့် ပရာကျွတ်မြို့စာလုံး

- နာမည်ဆန်းသည့် အပန်းဖြေစရာကမ်းခြေတစ်ခုဖြစ်သည့် သံပရာခြမ်းကမ်းခြေ

- ဘန်ကောက်က ငါးပြတိုက်နှင့်တူသည့် ပရာကျွတ်က ငါးပြတိုက်သို့ ၀င်ရောက်လေ့လာပါမည်

- Shopping ချစ်သူများအတွက် Tesco Lotus ကုန်တိုက်သို့ ပို့ဆောင်ပေးပါမည်

 

ခရီးစဉ်အတွင်းပါဝင်သောဝန်ဆောင်မှုများ

  • အဆင့်မြင့် Air Con Express (Yutong / Higer / Scania) ကားများဖြင့် စီစဉ်ထားခြင်း။
  • ဖော်ပြထားသော နံနက်စာ၊ နေ့လည်စာ၊ ညစာ
  • 3 star အဆင့်ရှိ ဟိုတယ်တွင် (၃) ညတည်းခိုခြင်း (၂ ယောက် ၁ ခန်း / ၃ ယောက် ၁ ခန်း)
  • ထိုင်းနိုင်ငံနယ်စပ်မြို့ ပရာကျွတ်မြို့သို့ တဆင့်သွား အံစာတုံးကားခ ၊ ယာယီ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ်၊ ပရာကျွတ်မြို့တွင်းလည်ပတ်မည့်ကားခ၊ ဒေသခံဂိုက်
  • Smart Island - ဒုံးရေတံခွန် - ဆလုံရွာသို့ သွားရောက်လည်ပတ်မည့် Speed Boat ခ (နေ့လည်စာ၊ ရာသီပေါ် အသီးအနှံ၊ ကျွမ်းကျင်သော Marine Guide၊ Snorkelling Equipment)
  • အဆာပြေမုန့် နှင့် အအေး
  • အခြေခံ အိမ်သုံးဆေးဝါးများ
  • ရင်းနှီးဖော်ရွေသော Tour Leader ၀န်ဆောင်မှုပေးခြင်း

ခရီးစဉ်အတွင်း မပါဝင်သောဝန်ဆောင်မှုများ

  • အစားအသောက် ၀န်ဆောင်မှုအစီစဉ်တွင် မပါဝင်သော အစားအစာများအား ထပ်မံမှာယူခြင်း
  • အထက်ပါ ခရီးစဉ်တွင် မဖော်ပြထားသော လည်ပတ်မှုနေရာများ
  • ဟိုတယ်တွင် ကိုယ်ပိုင်အသုံးစရိတ်ဖြစ်သော Laundry Charges , Room Services, Phone bill စသည့် ဝန်ဆောင်မှုများ