မြဝတီ + မဲဆောက် (၂ ည / ၃ ရက်)

ခရီးစဉ်တွင် လည်ပတ်ရမည့်နေရာများ

- ကားကိုစက်ရပ်ထားပြီး ဖရီးမုဒ်ဖြင့် သူ့အလိုအလျောက် သွားနေသော သံလိုက်စက်ကွင်းရှိသောနေရာ သံလိုက်တောင်

- ထိုင်းနန်းတွင်းဇာတ်ကားများရိုက်ကူးသည့်အခါ အသုံးများသည့် ရွှေကျောင်း

- ဦးအောင်ဇေယျ နတ်နန်းဟု လူသိများသည့် ဖဝေါဘုရား နှင့်  ကြက်ပန်းခြံ

- ကြက်ဥတစ်လုံးကျက်သည်အထိ ပြုတ်၍ရသော မဲကစ ရေပူစမ်း

- ရှေးတုန်းက နဂါးတစ်ကောင်နေထိုင်ခဲ့သည်ဟု ပြောစမတ်ပြုကြသော နဂါးလှိုဏ်ဂူ

- ဓါတ်ပုံရိုက်စရာ အသစ်အဆန်းများဖန်တီးထားသော မြွေဘုရား

- အထပ်ပေါင်း (၉၇)ဆင့်ရှိသည့် Pha Chareon Waterfall နှင့် ပန်းခြံ

- စက်ရုံမှ တိုက်ရိုက်အထည်များကို ဈေးနှုန်းချိုသာစွာဖြင့် ၀ယ်ယူနိုင်မည့် TK စက်ရုံ၊ Robinson Lifestyle Shopping Mall ၊ Tesco Lotus Shopping Mall တို့တွင် စိတ်ကြိုက်ဈေးဝယ်ခြင်း

- မြဝတီမြို့ရှိ မိကျောင်းကုန်းဘုရား နှင့် မြဝတီဈေးတို့ကို ပို့ဆောင်ပေးခြင်း

- ဘားအံမြို့ရှိ ဘုရင့်ညီဂူ နှင့် ရေပူစမ်းသို့ လည်ပတ်ခြင်း

 

ခရီးစဉ်အတွင်းပါဝင်သောဝန်ဆောင်မှုများ

  • အဆင့်မြင့် Air Con Express (Yutong / Higer / Scania) ကားများဖြင့် စီစဉ်ထားခြင်း။
  • ဖော်ပြထားသော နံနက်စာ၊ နေ့လည်စာ၊ ညစာ
  • 3 star အဆင့်ရှိ ဟိုတယ်တွင် (၁) ညတည်းခိုခြင်း (၂ ယောက် ၁ ခန်း / ၃ ယောက် ၁ ခန်း)
  • တစ်နေ့လျှင် ရေသန့် (၃) ဗူး ပေးဝေခြင်း
  • မဲဆောက်အတွင်း လည်ပတ်မည့် ကားခ နှင့် နယ်စပ်ယာယီဖြတ်သန်းခွင့်လက်မှတ်ပြုလုပ်ပေးခြင်း
  • အဆာပြေမုန့် နှင့် အအေး
  • အခြေခံ အိမ်သုံးဆေးဝါးများ
  • ရင်းနှီးဖော်ရွေသော Tour Leader ၀န်ဆောင်မှုပေးခြင်း

ခရီးစဉ်အတွင်း မပါဝင်သောဝန်ဆောင်မှုများ

  • အစားအသောက် ၀န်ဆောင်မှုအစီစဉ်တွင် မပါဝင်သော အစားအစာများအား ထပ်မံမှာယူခြင်း
  • အထက်ပါ ခရီးစဉ်တွင် မဖော်ပြထားသော လည်ပတ်မှုနေရာများ
  • ဟိုတယ်တွင် ကိုယ်ပိုင်အသုံးစရိတ်ဖြစ်သော Laundry Charges , Room Services, Phone bill စသည့် ဝန်ဆောင်မှုများ