ဘားအံ - တောင်ဝိုင်းတောင် - ဂူ (၅) ဂူ (၂ ည / ၃ ရက်)

ခရီးစဉ်တွင် လည်ပတ်ရမည့်နေရာများ

- ဂူထဲရှိ ထူးဆန်းသော သဘာဝကျောက်တုံး၊ ကျောက်ဆောင်၊ ကျောက်ပန်းခက်များနှင့် အိုင်ကြီးဖြစ်တည်နေခြင်းက ဆဒ္ဒန်ဆင်မင်း ဇာတ်ဝတ္ထုနှင့် များစွာ ဆင်တူနေတဲ့အတွက် အစွဲပြု၍ခေါ်ဆိုသော ဆန္ဒန်ဂူ

- ကော့ကသောင်ရွာကို အစွဲပြု၍ ခေါ်ဆိုတဲ့ ကော့ကသောင်ဂူ

- ဓါတ်ပုံရိုက်စရာစုံလင်လှသော ချစ်သူမြိုင်ပန်းခြံသို့ သွားရောက်လည်ပတ်ခြင်း

- အရှေ့တောင်အာရှတွင် အလှဆုံးဖြစ်သော တောင်ဝိုင်းတောင်

- ဘားအံရာဇ၀င်သမိုင်းနှင့် ဆက်နွယ်နေသော ရွှေရင်မျှော်ဘုရား

- ပေ-၁၅၀ကို ထုတ်ချင်းပေါက်သော သဘာဝကျောက်လိုဏ်ဂူတွင် တရားထူးရသော ရသေ့ တစ်ပါးသည် တောင်ကိုဖေါက်၍ ကောင်းကင်သို့ ဈာန်ဖြင့် ပျံတက်သွားခြင်း အကြောင်း များကြောင့်ဖြစ်ပေါ်လာသော ရသေ့ပျံဂူ

- ရှေးခေတ် အုတ်ခွက်ဘုရားများကိုဖူးမြော်နိုင်မည့် ကော့ဂွန်းဂူ

- ရာဇဝင်သမိုင်းများစွာရှိတဲ့ ဘုရင့်ညီဂူနှင့် ရေပူစမ်း

- ဒါတွေအပြင် ရန်ကုန်ကနေ ဘားအံကိုသွားတဲ့ လမ်းတစ်လျှောက် စိမ်းစိမ်းစိုစိုလယ်ကွင်းတွေမြင်တွေ့နိုင်ပြီး အပြန်မှာလဲ သစ်သီးမျိုးစုံလင်စွာရှိတဲ့ ကျိုက်ကော်သစ်သီးတန်းမှာ စိတ်ကြိုက်ဝယ်ယူနိုင်ပါတယ်

 

ခရီးစဉ်အတွင်းပါဝင်သောဝန်ဆောင်မှုများ

  • အဆင့်မြင့် (Hiace 14 Seater) ကားများဖြင့် စီစဉ်ထားခြင်း
  • ဖော်ပြထားသော နံနက်စာ၊ နေ့လည်စာ၊ ညစာ
  • 3 star အဆင့်ရှိ ဟိုတယ်တွင် (၁) ညတည်းခိုခြင်း (၂ ယောက် ၁ ခန်း / ၃ ယောက် ၁ ခန်း)
  • တစ်နေ့လျှင် ရေသန့် (၃) ဗူး ပေးဝေခြင်း
  • အဆာပြေမုန့် နှင့် အအေး
  • အခြေခံ အိမ်သုံးဆေးဝါးများ
  • ရင်းနှီးဖော်ရွေသော Tour Leader ၀န်ဆောင်မှုပေးခြင်း

ခရီးစဉ်အတွင်း မပါဝင်သောဝန်ဆောင်မှုများ

  • အစားအသောက် ၀န်ဆောင်မှုအစီစဉ်တွင် မပါဝင်သော အစားအစာများအား ထပ်မံမှာယူခြင်း
  • အထက်ပါ ခရီးစဉ်တွင် မဖော်ပြထားသော လည်ပတ်မှုနေရာများ
  • ဟိုတယ်တွင် ကိုယ်ပိုင်အသုံးစရိတ်ဖြစ်သော Laundry Charges , Room Services, Phone bill စသည့် ဝန်ဆောင်မှုများ