ထားဝယ် - ရှင်ကိုးရှင် - မောင်းမကန်ကမ်းခြေ (၄ ည / ၅ ရက်)

ခရီးစဉ်တွင် သွားရောက်လည်ပတ်ရမည့်နေရာများ

- မြတ်စွာဘုရားရှင်၏ ဆံတော်အစစ်ကို ဌာပနာပြီးတည်ထားကိုးကွယ်ထားသော ကလိန်အောင်ဆံတော်ရှင်

- ရှေးခေတ်က မုဆိုးအကျော်အမော် မောင်နွားဆိုသူ အကျွတ်တရားရပြီး မြှား ၊ လေး နှင့် မြှားတောင့်များကို စုပုံ၍ မီးရှို့ခဲ့သောနေရာတွင် တည်ထားကိုးကွယ်ထားသော ရှင်တောင့်ပုံစေတီ

- ဓါတ်တော်များ ပျံဝဲပြီး ကိန်းဝပ်စံပါယ်တော်မူသောနေရာတွင် တည်ထားခဲ့သော ရှင်ဓါတ်ဝဲစေတီ

- ထားဝယ်မြို့ဟောင်း သာဂရမြို့ဟောင်းတွင် တည်ထားကိုးကွယ်ထားသော ရှင်ဇလွန်စေတီ

- ထားဝယ်မြို့နှင့် (၅၂) မိုင်ခန့်အကွာ လောင်းလုံမြို့နယ်၊ ကြက်လွှတ်ရွာအနီး ပင်လယ်ဝရှိ ရှင်မျှော်တောင်ပေါ်တွင် တည်ထားကိုးကွယ်ထားသော မြတ်ရှင်မော်စေတီ

- မျှောလေးမျှော သမိုင်းဝင်သော ရှင်မုတ္တီးဘုရား

- ရှေးခေတ်က ခရေပင်နှစ်ပင်ကြား ဧရာမခရုကြီးပေါ်တွင် တည်ထားကိုးကွယ်ထားသော ရှင်ပင်ခရုဘုရား

- ရှေးထားဝယ်မင်းတစ်ပါးဖြစ်ခဲ့သော မင်းရှင်ဇော်မှ နန်းဦးစေတီအဖြစ် တည်ထားကိုးကွယ်ခဲ့သော ရှင်ဥသြဘုရား

- တောင်ယာလုပ်ကိုင်ရန် မြေတူးရာမှ ပေါ်လာသည့် ပေါ်တော်မူဘုရား ရှင်တောက်ထိန်

- ပင်လယ်ထဲရှိ ကျောက်ဆောင်ပေါ်တွင် တည်ထားကိုးကွယ်ထားသည့် မျှော်ရစ်ဘုရား

- သဲဖြူဖြူ နုနုလေးများနှင့် ထားဝယ်ကမ်းခြေများထဲမှ လှပသော ဖိုးဖိုးကျောက်ကမ်းခြေ

- ရှည်လျားသောကမ်းခြေဖြစ်သည့် မောင်းမကန်ကမ်းခြေ

 

ခရီးစဉ်အတွင်းပါဝင်သောဝန်ဆောင်မှုများ

  • အဆင့်မြင့် Air Con Express Car များဖြင့် စီစဉ်ထားခြင်း
  • ဖော်ပြထားသော နံနက်စာ၊ နေ့လည်စာ၊ ညစာ
  • 3 star အဆင့်ရှိ ဟိုတယ်တွင် (၂) ညတည်းခိုခြင်း (၂ ယောက် ၁ ခန်း / ၃ ယောက် ၁ ခန်း)
  • တစ်နေ့လျှင် ရေသန့် (၃) ဗူးပေးဝေခြင်း
  • စနိုးတာဝါနှင့် သွားတိုက်ဆေး ပေးဝေခြင်း
  • တစ်ဆင့်သွား တောင်တက်ကားခများ
  • အဆာပြေမုန့် နှင့် အအေး
  • အခြေခံ အိမ်သုံးဆေးဝါးများ
  • ရင်းနှီးဖော်ရွေသော Tour Leader ၀န်ဆောင်မှုပေးခြင်း

ခရီးစဉ်အတွင်း မပါဝင်သောဝန်ဆောင်မှုများ

  • အစားအသောက် ၀န်ဆောင်မှုအစီစဉ်တွင် မပါဝင်သော အစားအစာများအား ထပ်မံမှာယူခြင်း
  • အထက်ပါ ခရီးစဉ်တွင် မဖော်ပြထားသော လည်ပတ်မှုနေရာများ
  • ဟိုတယ်တွင် ကိုယ်ပိုင်အသုံးစရိတ်ဖြစ်သော Laundry Charges , Room Services, Phone bill စသည့် ဝန်ဆောင်မှုများ