ချင်းပြည် + စလေ (၄ ည / ၅ ရက်)

ခရီးစဉ်တွင် သွားရောက်လည်ပတ်ရမည့်နေရာများ

- ကန်ပုလဲမှ အခေါ်အဝေါ်များတဖြည်းဖြည်းပြောင်းလဲလာပြီး ကန်ပက်လက်ဟု အမည်တွင်လာသည့် အေးချမ်းတဲ့ရာသီဥတုရှိသော ကန်ပက်လက်မြို့

- အများနှင့်မတူ တမူထူးခြားသည့် နှာခေါင်းဖြင့်ပုလွေမှုတ်သည့် ချင်းအဖွား၏ဂီတသံကို နားဆင်ပြီး ချင်းရိုးရာ အ၀တ်အစားများဝတ်ဆင်ကာ ဓါတ်ပုံရိုက်ခြင်း

- အမြင့်ပေပေါင်း ၁၀၅၀၀ မြင့်သော အာဆီယံအမွေအနှစ်ဒေသတစ်ခုဖြစ်သည့် နတ်မတောင် (ခေါ်) ခေါနူးစုမ်သို့ ပျော်ပျော်ပါးပါးတက်ရောက်ပြီး တိမ်ပင်လယ်ကို ကြည့်ရှုခံစားခြင်း (တိမ်များမြင်တွေ့ရန် ရာသီဥတုအပေါ် မူတည်ပါသည်)

- ချင်းလူမျိုးများ၏ ဓလေ့စရိုက်များကိုလေ့လာနိုင်မယ့် ချင်းရွာများတွင်လည်း အလှူအတန်းများပြုလုပ်ခြင်း

- ချင်းရိုးရာအထည်များနှင့် ဒေသထွက်လက်ဆောင်ပစ္စည်းများ ၀ယ်ယူနိုင်ရန် ကန်ပက်လက်ဈေး

- ‌ဒေသထွက်ခေါင်ရည်ကို မြည်းစွမ်းနိုင်ပြီး မီးပုံပွဲကို ပျော်ပျော်ပါးပါးဆင်နွှဲခြင်း

- နာမည်ကြီး စာဆိုပညာရှင် ဦးပုည၏ မွေးရပ်မြေ စလေသို့ သွားရောက်ပါမည်

- ကုန်းဘောင်ခေတ်၏ နောက်ဆုံးဖြစ်သည့် ပန်းပုလက်ရာများကို အံ့မခမ်းဖွယ် မြင်တွေ့ရမည့် စလေရုပ်စုံကျောင်း

- ‌အေဒီ (၁၃) ရာစုတွင် တည်ထားခဲ့သော ရှင်ပင်စာကြိုဘုရား

 

ခရီးစဉ်အတွင်း ပါဝင်သောဝန်ဆောင်မှုများ

  • အဆင့်မြင့် Air Con Express ကားဖြင့် စီစဉ်ထားခြင်း
  • 3 star အဆင့်ရှိ ဟိုတယ်တွင် (၂) ည တည်းခိုခြင်း
  • ဖော်ပြထားသော နံနက်စာ၊နေ့လည်စာ၊ညစာများ
  • ပျော်ပျော်ရွှင်ရွှင် မီးပုံပွဲ အစီစဉ်ပါဝင်ခြင်း
  • မိသားစုဝင်ကဲ့သို့ နွေးထွေးပျူငှာစွာဆက်ဆံသော Tour Leader တစ်ဦး
  • ရေသန့် ၊ စနိုးတာဝါ ၊ သွားတိုက်ဆေး နှင့် သွားတိုက်တံ ပေးဝေခြင်း

ခရီးစဉ်အတွင်း မပါဝင်သောဝန်ဆောင်မှုများ

  • အစားအသောက် ၀န်ဆောင်မှုအစီစဉ်တွင် မပါဝင်သော အစားအစာများအား ထပ်မံမှာယူခြင်း
  • အထက်ပါ ခရီးစဉ်တွင် မဖော်ပြထားသော လည်ပတ်မှုနေရာများ
  • ဟိုတယ်တွင် ကိုယ်ပိုင်အသုံးစရိတ်ဖြစ်သော Laundry Charges , Room Services, Phone bill စသည့် ဝန်ဆောင်မှုများ
  • ဝိတိုရိယ တောင်ပေါ်သို့ တက်ရောက်မည့် ကယ်ရီခ