ပုဂံ + ပုပ်ပါး (၂ ည / ၃ ရကျ)

ခရီးစဉ်တွင် လည်ပတ်ရမည့်နေရာများ

- ထီးလှိုင်ရှင် ကျန်စစ်သားမင်းကြီးတည်ထားကိုးကွယ်ခဲ့သော မြစေတီ နှင့် အေဒီ ၁၁၁၃ ခုနှစ်က ရာဇကုမာရ်မင်းသား ကျောက်တုံးပေါ်တွင် ပါဠိ၊ မွန်၊ မြန်မာ၊ ပျူ ဘာသာတို့ဖြင့် ရေးထိုးခဲ့သော မြစေတီကျောက်စာ

- ပုဂံမြို့၊ မြင်းကပါအရပ်တွင် မနူဟာမင်းကြီး တည်ထားခဲ့သော မနူဟာဘုရားကြီး

- ပုပ္ဖါရုံကျောင်းနှင့် သဏ္ဍာန်တူစွာ အမြင့်သံတောင် ၁၆၀ ရှိသော ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် သဗ္ဗညုဘုရား

- ကျန်စစ်သားမင်းကြီးလက်ထက် ဟိမ၀န္တာမှ နန္ဒမူလိုဏ်ဂူနှင့် သဏ္ဍာန်တူစွာ တည်ထားကိုးကွယ်ခဲ့သော အနုလက်ရာများလှပလွန်းသည့် အာနန္ဒာဂူဘုရား

- ကျန်စစ်သားမင်းကြီး စစ်သူကြီးဘ၀က စစ်တိုက်ထွက်လာရသော်လည်း တဖက်မှ စစ်ပြိုင်များကို စစ်တိုက်လိုစိတ်မရှိသဖြင့် အဓိဌာန်ပြုဆုတောင်းခဲ့ပြီး အောင်မြင်ခဲ့သည့်အတွက် တည်ထားကိုးကွယ်ခဲ့သော အလိုတော်ပြည့်ဘုရား

- နရသူမင်းကြီး၏ကုသိုလ်တော်ဖြစ်သည့် ထုထည်အကြီးမားဆုံးဖြစ်သော ဓမ္မရံကြီးဘုရား

- နရပတိစည်သူမင်း တည်ထားခဲ့သော ရှေးဟောင်းဘုရားတစ်ဆူဖြစ်သည့် စူဠာမဏိဘုရား

- သီရိအသင်္ခယာ၏ သမီးတော်စိုးမင်း၏ ကောင်းမှုတော်ဖြစ်ပြီး စာသင်ရဟန်းများ သီတင်းသုံးနိုင်ရန် တည်ဆောက်ထားသောကျောင်းဆောင်ဖြစ်သည့် စိုးမင်းကြီးအုတ်ကျောင်း

- ကမ္ဘာကျော်သော နေဝင်ဆည်းဆာအလှကို ကြည့်ရှုရန် Sunset ကုန်

- ပုဂံခေတ်လွမ်းမောဖွယ်ရာ အမှတ်အသားတစ်ခုအဖြစ် ကျန်ရှိခဲ့ပြီး မြကန်အနီး တုရင်တောင်ပေါ်တွင် တည်ထားကိုးကွယ်ထားသော အနော်ရထာမင်းကြီး၏ ကုသိုလ်တော်ဖြစ်သည့် တုရင်တောင်စွယ်တော်

- အနော်ရထာမင်းကြီး၏ ကုသိုလ်တော်ဖြစ်သည့် စွယ်တော်လေးဆူတွင် တစ်ဆူအပါအ၀င်ဖြစ်သော တန့်ကြည်တောင်ပေါ်တွင် တည်ထားသော တန့်ကြည်တောင်စွယ်တော်

- ဧရာဝတီမြစ်ကမ်းပေါ်တွင် တည်ထားကိုးကွယ်ထားသော စွယ်တော်လေးဆူထဲမှ တစ်ဆူအပါအ၀င်ဖြစ်သော လောကနန္ဒာစွယ်တော်

- သီဟိုဠ်ကျွန်း (သီရိလင်္ကာ) မှ ရောက်လာသော စွယ်တော်ပွားကို ဋ္ဌာပနာပြီး သရေခေတ္တရာမှ ရရှိခဲ့သော ဂေါတမမြတ်စွာဘုရား၏ နဖူးသင်းကျစ်တော်နှင့် တရုတ်ပြည်မှ မြစေတီနှင့် ဓာတ်တော်တို့ကို ဋ္ဌာပနာပြီး တည်ထားကိုးကွယ်ထားသော ရွှေစည်းခုံစေတီ

- ဘူမိဗေဒပညာရှင်များ၏အဆိုအရ လွန်ခဲ့သော နှစ်ပေါင်း (၁၅) သန်းခန့်က ပေါ်ထွန်းခဲ့သည်ဟု ယူဆရပြီး မီးတောင်ဟောင်းတစ်ခုလည်းဖြစ်သည့် ပုပ္ပါးတောင်ကလပ်

 

ခရီးစဉ်အတွင်း ပါဝင်သောဝန်ဆောင်မှုများ

  • အဆင့်မြင့် Air Con Express (Yutong / Higer / Scania) ကားများဖြင့် စီစဉ်ထားခြင်း
  • ဖော်ပြထားသော နံနက်စာ၊ နေ့လည်စာ၊ ညစာ
  • 3 star အဆင့်ရှိ ဟိုတယ်တွင် (၁) ညတည်းခိုခြင်း (၂ ယောက် ၁ ခန်း / ၃ ယောက် ၁ ခန်း)
  • တစ်နေ့လျှင် ရေသန့် (၃) ဗူး ပေးဝေခြင်း
  • တစ်ဆင့်သွား တောင်တက်ကားခများ၊ စက်လှေခ
  • အဆာပြေမုန့် နှင့် အအေး
  • အခြေခံ အိမ်သုံးဆေးဝါးများ
  • ရင်းနှီးဖော်ရွေသော Tour Leader ၀န်ဆောင်မှုပေးခြင်း

ခရီးစဉ်အတွင်း မပါဝင်သောဝန်ဆောင်မှုများ

  • အစားအသောက် ၀န်ဆောင်မှုအစီစဉ်တွင် မပါဝင်သော အစားအစာများအား ထပ်မံမှာယူခြင်း
  • အထက်ပါ ခရီးစဉ်တွင် မဖော်ပြထားသော လည်ပတ်မှုနေရာများ
  • ဟိုတယ်တွင် ကိုယ်ပိုင်အသုံးစရိတ်ဖြစ်သော Laundry Charges , Room Services, Phone bill စသည့် ဝန်ဆောင်မှုများ