ဂျပန် (6 Days)

ခရီးစဉ်တွင် လည်ပတ်ရမည့်နေရာများ

- ဂျပန်နိုင်ငံတွင် နာမည်ကျော်ကြားပြီး လူသိများသော ကြေးသွန်းဗုဒ္ဓရုပ်ပွားတော် ကမာကူရဘုရားကြီးကို သွားရောက်ဖူးမြော်ခြင်း

- Ashinoko Lake တွင် အပျော်တန်းသင်္ဘောစီးကာ ဖူဂျီတောင်အလှကို အဝေးမှကြည့်ပြီး အလှဓာတ်ပုံများရိုက်ကူးကြပါမည်

- ပျော်ရွှင်စွာ နှင်းလျှောလေးများစီးပြီး အမှတ်တရ ဓာတ်ပုံများရိုက်ကူးရန် Fujiten Ski Resort

- နာမည်ကြီး ကျော်ကြားသော ဖူဂျီတောင်

- သဘာဝပတ်ဝန်းကျင်အလှကို ကြည့်ရှုခံစားပြီး ဖူဂျီတောင်နောက်ခံဖြင့် ဓာတ်ပုံရိုက်ရန်အတွက် သာယာလှပပြီး ချစ်စရာကောင်းသော Oshino Hakkai Village

- တိုကျိူမြို့၏ ပြယုဂ်တစ်ခုဖြစ်သည့် Tokyo Sky Tree (တိုကျိုတာဝါ)

- တိုကျိုမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သော Asakusa ဘုရားကျောင်း

- ဂျပန်ရိုးရာ အသုံးအဆောင်များရောင်းချသော စည်ကားလှသည့် Nakamise Street တွင် အမှတ်တရပစ္စည်းများဝယ်ကြပါမည်

- ဂျပန်နိုင်ငံ၏ တော်ဝင်မိသားစုများနေထိုင်ရာ Imperial Palace အတွင်းသို့ သွားရောက်လည်ပတ်ခြင်း

- လူအများ ကြိုက်နှစ်သစ်ကြသော Tokyo Disneyland

- Naritasan Shinsyoji ဘုရားကျောင်း

- Shopping အတွက် Aeon Mall Narita ၊ Gotemba Premium Outlet ၊ Ginza နှင့် Akihabara တို့တွင် ဈေးဝယ်နိုင်ရန် ပို့ဆောင်ပေးပါမည်

 

ခရီးစဉ်အတွင်းပါဝင်သောဝန်ဆောင်မှုများ

  • Yangon – Tokyo - Yangon အသွားအပြန် လေယာဉ်လက်မှတ်
  • 3 star Hotel
  • ဘူဖေး၊ အရှေ့တိုင်း နှင့် အနောက်တိုင်း အစားအစာများ ပါဝင်သော နံနက်စာ၊နေ့လည်စာ၊ညနေစာများ
  • လည်ပတ်ရန် Fully Air con car
  • မိသားစုဝင်ကဲ့သို့ နွေးထွေးပျူငှာစွာဆက်ဆံသော Tour Leader တစ်ဦး
  • ဒေသခံ English Tour Guide
  • ခရီးစဉ်တွင် ပါဝင်သော လည်ပတ်မည့်နေရာများ၏ ဝင်ကြေး
  • နေ့စဉ် ရေသန့်တစ်ဗူးနှင့် Snow Tower

 

ခရီးစဉ်အတွင်းမပါဝင်သောဝန်ဆောင်မှုများ

  • လေယာဉ်အတွက် ဝန်ပိုသယ်ဆောင်ခ
  • အထက်ပါ ခရီးစဉ်တွင် မဖော်ပြထားသော လည်ပတ်မှုနေရာများ
  • ဟိုတယ်တွင် ကိုယ်ပိုင်အသုံးစရိတ်ဖြစ်သော Laundry Charges , Room Services, Phone bill စသည့် ဝန်ဆောင်မှုများ

 

ဂျပန်ပြည်ဝင်ခွင့်ဗီဇာလျှောက်ထားရန် လိုအပ်ချက်များ

  • အနည်းဆုံးသက်တမ်း ၆ လ ကျန်ရှိသော နိုင်ငံကူးလက်မှတ် (မူရင်း၊မိတ္တူ၊နိုတြီ)
  • နိုင်ငံသားမှတ်ပုံတင် (မူရင်း၊ မိတ္တူ၊ နိုတြီ)
  • အိမ်ထောင်စု စာရင်း (မူရင်း၊ မိတ္တူ၊ နိုတြီ)
  • နောက်ခံအဖြူရောင် ကာလာဓာတ်ပုံ ၂ ပုံ (2” x 2”)
  • ဘဏ်စာအုပ် (သိန်း ၁၂၀ အနည်းဆုံးထည့်သွင်းထားသော တစ်နှစ်သက်တမ်းရှိ စာရင်းအဝင်အထွက် ရှိရမည်။)
  • ကား Owner Book မူရင်း နှင့် အမည်ပေါက်မဟုတ်ပါက အရောင်းအဝယ်စာချုပ် (မူရင်း၊ မိတ္တူ၊ နိုတြီ)
  • အမည်ပေါက် တိုက်ခန်း အရောင်း /အဝယ် စာချုပ် မူရင်း (မူရင်း၊ မိတ္တူ၊ နိုတြီ)
  • ကုမ္ပဏီဝန်ထမ်းဖြစ်ပါက စာရွက်စာတမ်း အထောက်အထားပြပေးရန် (မူရင်း၊ မိတ္တူ၊ နိုတြီ)
  • ပင်စင်စားဖြစ်ပါက ပင်စင်ယူထားကြောင်း စာရွက်စာတမ်း အထောက်အထားပြပေးရန် (မူရင်း၊ မိတ္တူ၊ နိုတြီ)
  • ကျောင်းသူ၊ကျောင်းသား များအတွက် ကျောင်းသားမှတ်ပုံတင်ကဒ်၊ ကျောင်းထောက်ခံစာ (မူရင်း၊ မိတ္တူ၊ နိုတြီ)

မှတ်ချက်

  • လျှောက်ထားသည့်အခါ ပြသရသည့် စာရွက်စာတမ်းများကို သံရုံးဗီဇာဌာနမှ ကျေနပ်မှုမရှိပါက လိုအပ်သည့် စာရွက်စာတမ်းများကို ထပ်မံတောင်းခံပါမည်။
  • နိုင်ငံကူးလက်မှတ်၊ မှတ်ပုံတင်၊ အိမ်ထောင်စုဇယား မှ မွေးရက်၊ မွေးလ၊ မွေးနှစ် ထပ်တူကျရပါမည်။ မြန်မာခုနှစ်ဖြင့် ဖော်ပြထားသော မှတ်ပုံတင်၊ အိမ်ထောင်စုဇယား မှ မွေးနေ့သည် နိုင်ငံကူးလက်မှတ်မှ အင်္ဂလိပ်မွေးနေ့ နှင့် တူရမည်။
  • နိုင်ငံကူးလက်မှတ်၊ မှတ်ပုံတင်၊ အိမ်ထောင်စုဇယားတို့မှ နာမည်တူရမည်။