ကိုရီးယား + ဂျယ်ဂျူကျွန်း + နာမိကျွန်း (၈ ရက် / ၇ ည)

ခရီးစဉ် အစအဆုံး - 8 Days

ဟိုတယ် - 7 Nights

Cities to go: Incheon - Seoul - Jejudo - Jeju Island - Everland - Namiseom

ခရီးစဉ်တွင် လည်ပတ်ရမည့်နေရာများ

- ကိုရီးယားနိုင်ငံ၏ နာမည်ကြီးကျွန်းတစ်ခုဖြစ်သော ဂျယ်ဂျူကျွန်းသို့ သွားရောက်လည်ပတ်ပါမည်

- ဂျယ်ဂျူကျွန်းရှိ ကမ္ဘာမြေကြီး၏ ဆွဲအားကြောင့်ဖြစ်ပေါ်လာသော Mysterious Road ခေါ် ပဟေဋိလမ်းမ

- Aweol ကမ်းရိုးတန်းတစ်လျှောက်မှ ရင်သပ်ရှုမောဖွယ် ပင်လယ်ပြင်ကြီး၏ မြင်ကွင်းအလှကို ကြည့်ရှုခံစားပါမည်

- လက်ဖက်အမျိုးအစားပေါင်းများစွာကို လေ့လာမြည်းစွမ်းနိုင်မည့် OSulloc Tea Museum သို့ သွားရောက်လည်ပတ်ပါတ်ပြီး လက်ဖက်စိုက်ခင်းများကြားတွင် ပျော်ပျော်ပါးပါး ဓါတ်ပုံရိုက်ကြပါမည်

- UNESCO စာရင်းဝင် အာရုံဦးတောင်ထိပ်ခေါ် Sunrise Peak သွားရောက်ပြီး တောင်တက်လမ်းတစ်လျှောက် သဘာဝအလှအပရှုခင်းများအား ကြည့်ရှုခံစားကြပါမည

- ကိုရီးယားဇာတ်လမ်းတွဲများ ရိုက်ကူးသည့် နေရာတစ်ခုဖြစ်သည့် Seopjikoji Hill သို့ သွားရောက်လည်ပတ်ပါမည်

- ရှေးယခင်က ဂျယ်ဂျူကျွန်းတွင် နေထိုင်ခဲ့ကြသော ကိုရီးယားလူမျိုးများ၏ လူနေမှုဘဝကို လေ့လာနိုင်မည့် Seongeup Folk Village

- မီးတောင်ဟောင်းပေါက်ကွဲမှုကြောင့် ချော်ရည်များ အေးခဲရာမှ ဖြစ်ပေါ်လာသော ကျောက်ဆောင်ဥယျာဉ် Jusangjeoli

- ချစ်စရာ ဝက်ဝံရုပ်များဖြင့် အလှဆင်ထားသော Teddy Bear Museum

- ကိုရီးယားနိုင်ငံ၏ ကမ္ဘာကျော် Drama ဇာတ်ကားများထဲမှ Romatic ဇာတ်ဝင်ခန်းများ ရိုက်ကူးရာနေရာ ဖြစ်သော ချယ်ရီပန်းပင်၊ သစ်ပင်များအုပ်ဆိုင်းကာ လှပရိုဆန်သော Nami Islands ကို သွားရောက်လည်ပတ်ကြမည်

- ကမ္ဘာ့အကြီးဆုံး ကစားကွင်းတစ်ခုဖြစ်သည့် Lotte World တွင် ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကစားနည်းများ ကစားကြပါမည်

- ကိုးရီးယားသမ္မတနေထိုင်သည့် သမ္မတအိမ်တော် Chengwadae Blue House သို့သွားရောက် လေ့လာကြပါမည်

- ရေညှိထုတ်လုပ်ပုံအဆင့်ဆင့်ကို လေ့လာနိုင်ရန် Seaweed Museum သို့ ပို့ဆောင်ပေးပြီး ကိုရီးယားရိုးရာဝတ်စုံ (Hanbok) ကို ဝတ်ဆင်ပြီး အမှတ်တရဓါတ်ပုံများရိုက်ကူးကြပါမည်

- ကိုရီးယားသွားတိုင်း မသွားမဖြစ်သွားရမည့်နေရာတွေထဲက တစ်ခုဖြစ်တဲ့ N Seoul Tower မှာ သော့ခလောက်လေးတွေချိတ်ပြီး အမိုက်စား View နှင့် ဓါတ်ပုံရိုက်ခြင်း

- 3D ရုပ် ကြွပြတိုက် နှင့် Ice Museum အပြင်မှာလည်း ပျော်ရွှင်ပေါ့ပါးစွာ ဓါတ်ပုံများရိုက်ကြရမည့်အပြင် နာမည်ကျော် ဟုန်းဒေးလမ်းကိုလည်း လည်ပတ်ကြပါမည်

- ကိုရီးယား၏ ကမ္လာကျော်နန်းတွင်း Gyeongbokgung Royal Palace တွင်လည်း ရိုးရာဝတ်စုံလေးတွေ ဝတ်ပြီး ဓါတ်ပုံရိုက်ကာ လည်ပတ်ကြပါမည်

- သမိုင်းဝင် National Museum နှင့် နှစ်တထောင်ဂျင်ဆင်းများ ရှိရာဂျင်ဆင်းပြတိုက်ကိုပါ သွားရောက်လေ့လာခြင်း

- ဒါ့အပြင် မြောင်ဒုံလမ်းမှာ လည်ပတ်ပြီး ကိုးရီးယား Cosmetic များကိုလည်း စိတ်ကြိုက်ဝယ်ယူရန်လည်း ပို့ဆောင်ပေးပါမည်

- ကိုရီးယားရိုးရာပစ္စည်းဆိုင်များ Shopping Mall များလည်း ပို့ဆောင်ပေးမှာ ဖြစ်သောကြောင့် စုံစုံလင်လင် လည်ပတ်နိုင်မည့် ခရီးစဉ်လေးဖြစ်ပါသည်

 

ခရီးစဉ်အတွင်းပါဝင်သောဝန်ဆောင်မှုများ

  • Yangon – Seoul - Yangon အသွားအပြန် လေယာဉ်လက်မှတ်
  • ဗီဇာဝန်ဆောင်မှုနှင့် ဗီဇာကြေး
  • ကြယ်သုံးပွင့် အဆင့်ရှိသောဟိုတယ်တွင် တည်းခိုခြင်း (တစ်ခန်းလျှင် ၂ ဦး)
  • ဘူဖေး၊ အရှေ့တိုင်း နှင့် အနောက်တိုင်း အစားအစာများပါဝင်သော နံနက်စာ၊ နေ့လည်စာ၊ ညစာများ
  • ခရီးစဉ်အတွင်းလည်ပတ်မည့် Fully Aircon Bus
  • ခရီးစဉ်တွင် ဖော်ပြထားသောနေရာများ၏ ဝင်ကြေးများ
  • မိသားစုဝင်ကဲ့သို့ နွေးထွေးပျူငှာစွာဆက်ဆံသော Tour Leader တစ်ဦး
  • ဒေသခံ Tour Guide
  • ခရီးစဉ်တွင် ဖော်ပြထားသောနေရာများ၏ ဝင်ကြေး
  • နေ့စဉ် ရေသန့်တစ်ဗူးနှင့် Snow Tower      

ခရီးစဉ်အတွင်းမပါဝင်သောဝန်ဆောင်မှုများ

  • လေယာဉ်အတွက် ဝန်ပိုသယ်ဆောင်ခ
  • အထက်ပါ ခရီးစဉ်တွင် မဖော်ပြထားသော လည်ပတ်မှုနေရာများ
  • ဟိုတယ်တွင် ကိုယ်ပိုင်အသုံးစရိတ်ဖြစ်သော Laundry Charges, Room Services, Phone bill စသည့် ဝန်ဆောင်မှုများ
  • Guide နှင့် Driver အတွက် Tips money