ဗုဒ္ဓဂါယာ (၆ ည / ၇ ရက်)

ခရီးစဉ်တွင် လည်ပတ်ရမည့်နေရာများ

 

- သံဝေဇနိယ လေးဌာန ဖြစ်သည့် (ဖွား ၊ ပွင့် ၊ ဟော၊ စံ)

- ဖွား [ဖွားမြင်တော်မူရာ လုမ္ဗီနီဥယျာဉ် (ယခု နီပေါနိုင်ငံ)]

- ပွင့် (ဘုရားပွင့်တော်မူသည့် မဟာဗောဓိ ညောင်ပင်)

- ဟော (ဓမ္မစင်္ကြာ တရားဦး ဟောတော်မူသည့် မိဂဒါဝုန်တော)

- စံ (ပရိနိဗ္ဗိန်စံတော်မူရာ ကုသိနာရုံ)

- အဝိဇဟိတ သုံးဌာန ဖြစ်သည့် (သိ ၊ ဟော ၊ မြဲနေ)

- သိ (ဗုဒ္ဓဂါယာ)

- ဟော (ဗာရာဏသီ)

- မြဲနေ (သာဝတ္တိ)

- သတ္တ သတ္တာဟာန ခုနှစ်ဌာန

- နန္ဒိယသူဌေး၏ ရတနာရွှေအုတ်ကျောင်းတော်ရာ

- မြတ်စွာဘုရား သီတင်းသုံးရာ ဂန္ဓကုဋီ

- တေဇောဓါတ်လောင်ကွျှမ်းရာ အင်္ဂါရစေတီ

- ဗိမ္ဗိသာရမင်းကြီး လှူဒါန်းခဲ့သော ဝေဠုဝန်ကျောင်းတော်ရာနေရာ

- ပရိနိဗ္ဗာန် စံတော်မူရာ မဟာပရိနိဗ္ဗာနစေတီတော်

- မြတ်ဗုဒ္ဓနောက်ဆုံး ရေကြည်တော် သုံးဆောင်တော်မူရာ နေရာ

- ဘုရားလောင်း မွေးဖွားသန့်စင်ရာနေရာ နှင့် မယ်တော်မာယာအုတ်ကျောင်း

- စိဉ္ဖမာန နှင့် ဒေဝဒတ် မြေမျိုရာ နေရာ

- မြတ်စွာဘုရားရှင် တာဝတိ ံသာသို့ ကြွလှမ်းတော်မူရာ သရက်ဖြူကုန်း

- အင်္ဂုလိမာလ စေတီတော်

- ကောသလမင်းကြီး၏ နန်းတော်ရာကုန်းဟောင်း

- အနာထပိဏ်သူဌေးကြီး လှူဒါန်းခဲ့သော ဇေတဝန်ကျောင်းတော်ရာ

- မိဂဒါဝုန်တောရှိ ဓမ္မစင်္ကြာ တရားဦးဟောတော်မူရာနေရာ နှင့် ဓမ္မစေတီတော်ကြီး

- ဂိဇ္ဈိကုဋ်တောင်

- ဝေဠုဝန်ကျောင်းတော်ရာ နှင့် ဥယျာဉ်များ

- ရှင်သာရိပုတ္တရာ ဖွားမြင်ရာနေရာ နှင့် ပရိနိဗ္ဗာန်ပြုရာနေရာ

- နာလန္ဒာ တက္ကသိုလ်အဟောင်း

- ပထမသင်္ဂါယနာ တင်ခဲ့သော ရာဇဂြိုလ်

- ဒုက္ကရစရိယာ ကျင့်တော်မူရာ ဥရုဝေလတော

- ရွှေခွက်မျှောရာ နေရဉ္ဖရာမြစ်

- သုဇာတာ ဃနနို့ဆွမ်းကပ်ရာညောင်ပင်

- သူဌေးသမီး သုဇာတာ အိမ်ရာအထိမ်းအမှတ်စေတီ

- အဇာတသတ်မင်းကြီး၏ ဓါတ်တော်တိုက် စသော နေရာများကိုသွားရောက်ဖူးမြော်ရမည့် ခရီးစဉ်ဖြစ်ပါသည်

 

ခရီးစဉ်အတွင်းပါဝင်သောဝန်ဆောင်မှုများ

  • Yangon – Gaya - Yangon အသွားအပြန် လေယာဉ်လက်မှတ်
  • မြန်မာဘုန်းတော်ကြီးကျောင်းတွင် တည်းခိုခြင်း
  • နံနက်စာ၊ နေ့လည်စာ၊ ညနေစာများ
  • လည်ပတ်ရမယ့် Fully Air Con Car
  • မိသားစုဝင်ကဲ့သို့ နွေးထွေးပျူငှာစွာဆက်ဆံသော Tour Leader တစ်ဦး
  • မြတ်ဗုဒ္ဓ၏ သမိုင်းကြောင်းများရှင်းပြပေးမည့် မြန်မာဘုန်းတော်ကြီး
  • ခရီးစဉ်တွင် ဖော်ပြထားသောနေရာများ၏ ဝင်ကြေးများ
  • နေ့စဉ် ရေသန့်တစ်ဗူးနှင့် Snow Tower ပေးခြင်း
  • အိန္ဒိယ နှင့် နီပေါ ဗီဇာများ ဝန်ဆောင်မှုပေးခြင်း

 

ခရီးစဉ်အတွင်းမပါဝင်သောဝန်ဆောင်မှုများ

  • လေယာဉ်အတွက် ဝန်ပိုသယ်ဆောင်ခ
  • အထက်ပါ ခရီးစဉ်တွင် မဖော်ပြထားသော လည်ပတ်မှုနေရာများ
  • ကိုယ်ပိုင်အသုံးစရိတ်ဖြစ်သော Laundry Charges, Room, Phone bill စသည့် ဝန်ဆောင်မှုများ
  • Guide နှင့် Driver အတွက် Tips money

 

နီပေါ ဗီဇာလျှောက်ရန်လိုအပ်ချက်များ

  • ၂ လက်မပတ်လည် နောက်ခံအဖြူဖြင့် ကာလာဓါတ်ပုံ (၃) ပုံ
  • နိုင်ငံသားစိစစ်ရေးကဒ်ပြား မိတ္တူ
  • သန်းခေါင်စာရင်း မိတ္တူ
  • နိုင်ငံကူးလက်မှတ် မူရင်း
  • ဘုန်းတော်ကြီး၊ သီလရှင်များအတွက် သာသနာကဒ်ပြား
  • ဗီဇာကြေး