ဗီယက်နမ် (တောင်ပိုင်း) (၄ ည / ၅ ရက်)

ခရီးစဉ်တွင် လည်ပတ်ရမည့်နေရာများ

- ဟိုချီမင်းမြို့၏ အဓိက အထင်ကရဖြစ်သောဗဟိုစာတိုက်ကြီးကို လေ့လာကြခြင်း

- ပြင်သစ်ဗိသုကာလက်ရာဖြစ်သော Notre Dam Cathedral ခရစ်ယာန်ဘုရားကျောင်းကို သွားရောက်လည်ပတ်ကြမည်

- Saigon မြစ်ထဲ ဇိမ်ခံသင်္ဘောစီးပြီး စိတ်ဝင်စားဖွယ် Entertainment Show တွေကိုကြည့်ရင်း Dinner သုံးဆောင်ခြင်း

- ပန်းရောင်စမ်းချောင်းလေးဖြစ်သော Fairy Stream တွင် ရင်သပ်ရှုမောဖွယ် တောင်နီများ ငေးမောကြည့်ရှုခြင်း

- အီဂျစ်နိုင်ငံက သဲကန္တာရထဲရောက်သွားသလို သဲနီ၊သဲဝါ၊သဲဖြူတွေနှင့် ကန္တာရတောင်ကုန်းတွေမှာ လမ်းလျှောက်ပြီး ကိုယ့်ခြေရာကိုယ် လှမ်းကြည့်ရင်း အမှတ်တရ ဓာတ်ပုံများ တဝကြီးရိုက်ကူးပုံဖော်ကြပါမည်

- သဲခုံတွေကြားအနီးရှိ ကြာပန်းများဖြင့် သာယာလှပသော White Lake (Lotus Lake) တွင် ပုံရိပ်များဆက်လက်ရိုက်ကူးကြပါမည် (ကြာပန်းပွင့်ချိန်သည် မေလ မှ ဩဂုတ်လ အထိ)

- မွေ့နဲကမ်းခြေတွင် စိတ်ညစ်စရာများအားလုံး စိတ်ရှိလက်ရှိအော်ထုတ်ပစ်လိုက်ပြီး စိတ်သစ်လူသစ်ဖန်တီးကြမည်

- ကမ္ဘာ့အမွေအနှစ်ယဉ်ကျေးမှုစာရင်းဝင်တစ်ခုဖြစ်သော Datanla နှစ်ထပ်ရေတံခွန် သွားရောက်လည်ပတ်ပြီး Alpine Coaster စီး၊ Selfie အမုန်းဆွဲခြင်း

- ဒါလက်မြို့ရှိတန်ခိုးအကြီးဆုံးနှင့် အခမ်းနားဆုံးကျောင်းတော်ဖြစ်သောTrac Lam ဘုန်းကြီးကျောင်းတော်ပေါ်သို့ Cableကားစီးပြီး Robin Hill တောင်ပေါ်မှ ရှုခင်းလှလှလေးတွေကြည့်ပြီး ကျော်ဖြတ်ကြမည်

- Phoenix တောင်ထိပ်ပေါ်တွင်တည်ရှိသော Tuyen Lam ရေကန်ကြီး၏ အလှကိုခံစားခြင်း

- ဒါလက်မြို့ပေါ်ရှိ ဆန်းပြားလှသည့် ဗိသုကာလက်ရာများကိုမြင်တွေ့ရမည့် Crazy House နှင့် Clay Tunnel သို့ သွားရောက်လည်ပတ်ခြင်း

- ပန်းမျိုးပေါင်း ၃၀၀ကျော်ရှိသော ပန်းဥယျာဉ် ဖြစ်သည့် Dalat Flower Garden ၊ ကျူးလစ်ပန်းတွေနှင့် Xuan Houng ရေကန်တွင်ဓါတ်ပုံရိုက်ကူးခြင်း

- ဈေးချိုချိုနဲ့ Ben Thanh Night Market မှာ လက်ဆောင်များဝယ်ခြင်း စသောနေရာများသို့ စုံစုံလင်လင်လည်ပတ်နိုင်မည့် ခရီးစဉ်လေးဖြစ်ပါသည်

ခရီးစဉ်အတွင်းပါဝင်သောဝန်ဆောင်မှုများ

  • Yangon – Ho Chi Minh - Yangon အသွားအပြန် လေယာဉ်လက်မှတ်
  • 3 Star Hotel
  • ဘူဖေး၊အရှေ့တိုင်း နှင့် အနောက်တိုင်း အစားအစာများပါဝင်သော နံနက်စာ၊နေ့လည်စာ၊ညနေစာများ
  • လည်ပတ်ရမယ့် Fully Air Con Car
  • မိသားစုဝင်ကဲ့သို့ နွေးထွေးပျူငှာစွာဆက်ဆံသော Tour Leader တစ်ဦး
  • Vietnam နိုင်ငံမှ English Tour Guide
  • ခရီးစဉ်တွင် ဖော်ပြထားသောနေရာများ၏ ဝင်ကြေးများ
  • နေ့စဉ် ရေသန့်တစ်ဗူးနှင့် Snow Tower ပေးခြင်း

ခရီးစဉ်အတွင်းမပါဝင်သောဝန်ဆောင်မှုများ

  • လေယာဉ်အတွက် ဝန်ပိုသယ်ဆောင်ခ
  • အထက်ပါ ခရီးစဉ်တွင် မဖော်ပြထားသော လည်ပတ်မှုနေရာများ
  • ဟိုတယ်တွင် ကိုယ်ပိုင်အသုံးစရိတ်ဖြစ်သော Laundry Charges, Room Services, Phone bill စသည့် ဝန်ဆောင်မှုများ
  • Guide နှင့် Driver အတွက် Tips money