ဗီယက်နမ် (မြောက်ပိုင်း) (၃ ည / ၄ ရက်)

ခရီးစဉ်တွင် လည်ပတ်ရမည့်နေရာများ
- သာယာလှပသည့် ထုံးကျောက်တောင်ကြီးများနှင့် ဝန်းရံထားပြီး ယူနစ်စကိုအသိအမှတ်ပြုခံထားရသော ကမ္ဘာ့အမွေအနှစ်စားရင်းဝင် Ha Long Bay မှော်ပင်လယ်အော်ထဲမှာ Cruise စီးရင်း Sunset View များကို တဝကြီးခံစားကြမည်
- ထုံးကျောက်တောင်အတွင်း သဘာဝအတိုင်း ထုံးကျောက်ပုံများကို ထူးဆန်းလှပစွာမြင်တွေ့ရမည့် Thien Cung ဂူကို လည်ပတ်ခြင်း
- နာမည်ကျော် King Kong ကား ရိုက်ကူးရာ နေရာဖြစ်ပြီး သဘာဝကပေးတဲ့အလှတရားတွေနှင့် ပြည့်နှက်နေသည့် Trang An မှာ လှေစီးရင်း သဘာဝအလှများ စီးမျောခံစားကြမည်
- တန်ခိုးကြီး BAI DINH PAGODA ကို လျှပ်စစ် Cable Car စီးပြီး သွားရောက်ဖူးမြော်ခြင်း
- ဒဏ္ဍာရီထဲကဓားသိမ်းကန် Hoan Kiem Lake နှင့် အနီရောင် တံတားလေးတွင် ဓါတ်ပုံလှလှလေးများရိုက်ကူးကြမည်
- ဆန်းသစ်သည့် ရေပေါ်ရုပ်သေးတေးဂီတ Water Puppet Show ကြည့်ရှုခြင်း
- Hanoi Old Quarter မှာ စိတ်ကြိုက်ဈေးဝယ်ထွက်ခြင်း
- Ho Chi Minh လွတ်လပ်ရေးအထိမ်းမှတ်ကျောက်တိုင်၊ ဟိုချီမင်းနေအိမ် နှင့် အသုံးအဆောင်များကိုလည်း သွားရောက်လေ့လာရင်း အမှတ်တရ ပုံရိပ်တွေရိုက်ကူးကြမည်
- ကိုယ်တိုင်လှေလှော်ခြင်းအတွေ့အကြုံအသစ်ကို ရရှိနိုင်မည့် Ninh Binh သို့သွားရောက်လည်ပတ်ခြင်း
- ဟင်းမျိုးပေါင်း ၂၀၀ ကျော်ရှိသည့် နာမည်ကျော် Sen Restaurant မှာ International Buffet တဝကြီးသုံးဆောင်ခြင်း
- ဆုတောင်းပြည့် သားဆုပန် တိုင်တလုံး One Pillar Pagoda နဲ့ Hanoi မြို့၏ ပထမဦးဆုံး တည်ထားကိုးကွယ်ထားသောဘုရားကျောင်း Tran Quoc Pagoda သို့သွားရောက်ဖူးမြော်ပြီး Hanoi မှာရှိသည့် အထင်ကရနေရာများကို စုံစုံလင်လင်လည်ပတ်နိုင်မည့် ခရီးစဉ်လေးတစ်ခုဖြစ်ပါသည်
ခရီးစဉ်အတွင်းပါဝင်သောဝန်ဆောင်မှုများ
- Yangon - Hanoi - Yangon အသွားအပြန် လေယာဉ်လက်မှတ်
- 3 Star Hotel
- ဘူဖေး၊အရှေ့တိုင်း နှင့် အနောက်တိုင်း အစားအစာများပါဝင်သော နံနက်စာ၊နေ့လည်စာ၊ညနေစာများ
- လည်ပတ်ရမယ့် Fully Air Con Car
- မိသားစုဝင်ကဲ့သို့ နွေးထွေးပျူငှာစွာဆက်ဆံသော Tour Leader တစ်ဦး
- Vietnam နိုင်ငံမှ English Tour Guide
- ခရီးစဉ်တွင် ဖော်ပြထားသောနေရာများ၏ ဝင်ကြေးများ
- နေ့စဉ် ရေသန့်တစ်ဗူးနှင့် Snow Tower ပေးခြင်း
ခရီးစဉ်အတွင်းမပါဝင်သောဝန်ဆောင်မှုများ
- လေယာဉ်အတွက် ဝန်ပိုသယ်ဆောင်ခ
- အထက်ပါ ခရီးစဉ်တွင် မဖော်ပြထားသော လည်ပတ်မှုနေရာများ
- ဟိုတယ်တွင် ကိုယ်ပိုင်အသုံးစရိတ်ဖြစ်သော Laundry Charges, Room Services, Phone bill စသည့် ဝန်ဆောင်မှုများ
- Guide နှင့် Driver အတွက် Tips money
Share This Page