ဥရောပ (၆) နိုင်ငံ (၁၁ ည / ၁၂ ရက်)

ခရီးစဉ်တွင် သွားရောက်လည်ပတ်ရမည့်နေရာများ

- ရောမမြို့အလယ်၌ တံတိုင်းကာ၍တည်ရှိသော ကမ္ဘာ့အသေးဆုံးနိုင်ငံဖြစ်သည့် Vatican City ရှိ ပုပ်ရဟန်းမင်းကြီး အဆက်ဆက်အသုံးအဆာင်ပစ္စည်းရှိရာ Vatican Museum သို့သွားရောက်ပါမည်

- ရောမမြို့၏ အထင်ကရနေရာများဖြစ်သော Colosseum, Roman Forum နှင့် Palatine Hills အစရှိသောနေရာများသို့သွားရောက်လေ့လာပါမည်

- အီတလီနိုင်ငံ ပီဇာမြို့ရှိ ကမ္ဘာကျော်ပြီး စောင်းနေသော Pisa မျှော်စင် Leaning Tower သို့ သွားရောက်လေ့လာပါမည်

- ပီဆာမြို့၏ ဥရောပအနုပညာဗိသုကာ လက်ရာမြောက်သော အဆောက်အဦးများဖြစ်ကြသော Pisa Cathedral နှင့် Pisa Baptistry သို့သွားရောက်လည်ပတ်ပါမည်

- အီတလီရဲ့အလှဆုံးမြို့ဖြစ်သလို ကမ္ဘာ့အလှဆုံးရေပေါ် မြို့ကလေးဖြစ်သော အချစ်မြို့တော်ဟုတင်စားခေါ်ဝေါ်ကြသော Venice မြို့သို့ သွားရောက်လည်ပတ်ပါမည်

- ဗင်းနစ်မြို့ ဆိပ်ကမ်း Trronchetto မှသီးသန့် Private Water Taxi စီး၍ လှပသောရှုခင်းများအားကြည့်ရင်း San Marco ဆိပ်ကမ်းသို့ သွားရောက်ပါမည်

- ဗင်းနစ်မြို့၏ နာမည်ကြီးပြီး လှပသောအနုပညာလက်ရာများရှိသည့် St. Marco ဘုရားကျောင်း နှင့် Bridge of Sighs တို့ကို Boat စီးရင်း ဗင်းနစ်မြို့အလှကိုခံစားကြပါမည်

- Shopping မြို့တော်ဟု နာမည်ကြီးသော မီလန်မြို့သို့ သွားရောက်လည်ပတ်ပါမည်

- မီလန်မြို့ရှိ ဥရောပရဲ့အများဆုံးရင်သပ်ရှုမောဖွယ်ရာ လှပသောဗိသုကာ လက်ရာဘုရားကျောင်းဖြစ်သာ Duomo Di Milano သို့ သွားရောက်ပါမည်

- ထင်ရှားကျော်ကြားသောနှစ်ပေါင်း ၂၄၀ ကျော်သက်တမ်းရှိ La Scala Opera ပြဇာတ်ရုံသို့သွားရောက်လည်ပတ်ပါမည်

- ဥရောပ Branded များစုံလင်စွာရရှိနိုင်သော Galleria Vittorio Emanuele II တွင် စိတ်ကြိုက် Shopping ထွက်ကြပါမည်

- အေးချမ်းသာယာလှသော တောင်တန်းများကြား၌တည်ရှိသော Engelberg မြို့ရှိ ပေပေါင်း ၁သောင်းကျော်အမြင့်ရှိသော Mt. Titlis ရေခဲတောင်သို့ သွားရောက်ပါမည်

- ရေခဲတောင်ပေါ်တွင် ရေခဲပြင်ကြီးများ၊ ရေခဲမြစ်များ၏ သဘာဝရှုခင်းများနှင့် အလှအပများကို Cable ကားဖြင့် ကြည့်ရှုခံစားကြပါမည်

- ဥရောပ၏အကြီးမားဆုံး ရေတံခွန် Rhine Falls တွင် Boat စီးပြီးလည်ပတ်ကြပါမည်

- ဥရောပရဲ့ဗဟိုဘဏ်ရှိရာအချက်အချာနေရာဖြစ်သလို ဒုတိယကမ္ဘာစစ် အတွင်းပျက်စီးပြီးနောက် ပြန်လည်တည်ဆောက်ထားသော Frankfurt မြို့သို့ သွားရောက်ပါမည်

- Frankfurt မြို့၏အထင်ကရနေရာများဖြစ်သော Romerberg Square, Old town hall နှင့် Medieval houses သို့ သွားရောက်လည်ပတ်ပါမည်

- Frankfurt မြို့မှ ဥရောပရဲ့ရှေးအကျဆုံးနှစ်ပေါင်း ၂၀၀၀ ကျော် သက်တမ်းရှိသော Cologne မြို့သို့ သွားရောက်ပါမည်

- ကမ္ဘာကျော်ဘုရားကျောင်းဖြစ်သော Gothic Cathedral နှင့် Romish Germanisches Museum တို့ကို သွားရောက်လည်ပတ်ပါမည်

- ဂျာမနီ၏ Shopping ထွက်ရန်အကောင်းဆုံးမြို့ဖြစ်တဲ့ Cologne မြို့အတွင်း Shopping ထွက်ကြပါမည်

- နယ်သာလန်နိုင်ငံ၏ မြို့တော် Amsterdam သို့ သွားရောက်ပါမည်

- Deng Haag မြို့ရှိ မြို့ငယ်လေးပုံစံ တည်ဆောက်ထားသော Madurodam သို့သွားရောက်လည်ပတ်ပါမည်

- ၁၉ရာစုခုနှစ်တွင် နယ်သာလန်၏ အဓိကစက်မှုဇုန်ဖြစ်ပြီး လေရဟတ်ကြိတ်စက်များ အသုံးပြုခဲ့သော အေးချမ်းသာယာလှသောရှုခင်းများနှင့် နယ်သာလန်၏ အမှတ်အသားလေရဟတ်များတည်ရှိသော Zaanse Schans ရွာလေးသို့ သွားရောက်လည်ပတ်ကြပါမည်

- Belgium နိုင်ငံ၏ မြို့တော် Brussels သို့ သွားရောက်ပါမည်

- Brussels တွင် ကမ္ဘာ့ကုန်စည်ပြပွဲများကျင်းပခဲ့ရာ နေရာဖြစ်ပြီး ယခုပြတိုက်အဖြစ်ပြသထားသော Atomium သို့သွားရောက်၍ အမှတ်တရဓာတ်ပုံများရိုက်ကူးကြပါမည်

- Brussels မြို့၏ နာမည်ကျော် Royal Palace သို့ သွားရောက်လည်ပတ်ပါမည်

- ကမ္ဘာကျော်သော အီဖယ်တာဝါရှိသော ပြင်သစ်နိုင်ငံ Paris မြို့သို့ သွားရောက်လည်ပတ်ပါမည်

- ပဲရစ်မြို့၏ လှပသောရှုခင်းများကို အပေါ်စီးမှ ကြည့်ရှုခံစားရမည့် ကမ္ဘာကျော် Eiffel Tower သို့ သွားရောက်လည်ပတ်ပါမည်

-ပြင်သစ်၏ နာမည်ကျော် Seine မြစ်အတွင်း ၁ နာရီတိတိ အပျော်စီးသင်္ဘောစီးကာ မြစ်ကမ်းတလျှောက် မြို့၏ အလှအပများကို ကြည့်ရှုခံစားကြပါမည်

-ပြင်သစ်နိုင်ငံ၏ အကြီးဆုံးနှင့် ကမ္ဘာကျော်ဘုရားရှိခိုးကျောင်းဖြစ်သော Notre Dame Cathedral သို့ သွားရောက်လည်ပတ်ကြပါမည်

- ပဲရစ်မြို့၏ အထင်ကရနေရာများဖြစ်သော Louvre Museum နှင့် Arcde Triomphe တို့ိကို လည်ပတ်ပြီး Champs Elysees တွင် Shopping ထွက်ကြပါမည်

 

ခရီးစဉ်အတွင်း ပါဝင်သော ဝန်ဆောင်မှုများ

  • 5 Stars အဆင့်ရှိသော အသွားအပြန် လေယာဉ်လက်မှတ်
  • ခရီးစဉ်အတွင်းဖော်ပြထားသည့်နေရာများသို့ Fully Aircon Car ဖြင့် အကြိုအပို့ နှင့် လေဆိပ်အကြိုအပို့များ
  • Breakfast ကို နေ့တိုင်း Hotel တွင်ဧည့်ခံကျွေးမွေးခြင်း
  • နေ့လည်စာနှင့် ညနေစာ ကို Hotel နှင့် Local Restaurent တွင်ဧည့်ခံကျွေးမွေးခြင်း
  • 2 ယောက်တစ်ခန်းနှုန်းဖြင့် ကြယ်လေးပွင့်အဆင့်မြင့် ဟိုတယ်တွင် ၁၁ ညတာတည်းခိုခြင်း
  • Buffet၊အရှေ့တိုင်းနှင့်အနောက်တိုင်းအစားအစာပါဝင်သော မနက်စာ၊နေ့လည်စာ၊ညစာများ
  • ခရီးစဉ်တွင် ဖော်ပြထားသော ၀င်ကြေးများနှင့် လည်ပတ်မှုအတွက် ကုန်ကျစရိတ်များ (All Entrance Fees)

  • ခရီးစဉ်ကို ဇိမ်ရှိရှိဖြင့် အေးဆေးစွာ အနားယူ အပန်းဖြေနိုင်ရန် ဦးတည်၍ စီစဉ်ထားပေးသောကြောင့် ခရီးသည်များ အနေဖြင့် စိတ်ချမ်းသာပြီး၊ အဆင့်အတန်း မြင့်မြင့် ၊ သက်တောင့်သက်သာ လည်ပတ်နိုင်ခြင်း

  • Shopping နှစ်သက်သူများအတွက်လည်း Luxury Brand များ ၀ယ်ယူနိုင်ရန် Free Time ဈေးဝယ်ချိန်များ ထည့်သွင်း ထားပေးခြင်း

  •  မိသားစုဝင်ကဲ့သို့ နွေးထွေးပျူငှာစွာဆက်ဆံသော Tour Leader တစ်ဦး

 

ခရီးစဉ်အတွင်း မပါဝင်သော ဝန်ဆောင်မှုများ

  • ဥရောပ ဗီဇာကြေး (သံရုံးတွင် မိမိကိုယ်တိုင်ပေးဆောင်ရန်)
  • နိုတြီ ဘာသာပြန်များ
  • ကျန်းမာရေးနှင့် အသက်အာမခံ ဝယ်ယူစရိတ်များ
  • ဟိုတယ်နှင့် စားသောက်ဆိုင်အတွင်း အပိုသုံးစွဲသော အအေး၊ရေသန့် နှင့် အဖျော်ယမကာများ
  • ခရီးစဉ်အတွင်း မဖော်ပြထားသောအရာများ